ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Unicode Version ###
အမေရိကန်ပြည်ထောင်စု၊ ကင်တပ်ကီပြည်နယ်ရှိ ဧကပေါင်း ၇၅၀ ကျယ်ဝန်းသော ယာတောခြံကြီးမှာ ယခုအခါ ပိုင်ရှင်ပြောင်းလဲရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
မြက်ခင်းပြာပြည်နယ်ဟုလည်း လူသိများသော ကင်တပ်ကီတွင် အမြင့်မားဆုံးဈေးနှုန်းဖြင့် အရောင်းဈေးကွက်ဝင်လာခြင်းဖြစ်ပြီး ပြီးခဲ့သော ရက်သတ္တပတ်အတွင်းက အရောင်းဈေးကွက်ဝင်ခဲ့ခြင်းဖြစ်ကာ ကန်ဒေါ်လာ ၁၉ ဒသမ ၅ သန်း ဈေးခေါ်ထားကြောင်း ဈေးကွက်တင် မှတ်တမ်းများတွင် ဖော်ပြသည်။
Lakewood Valley ဟု အမည်ရသော အဆိုပါ ယာတောခြံကြီးသည် အင်ဒီယာနာပြည်နယ် နယ်စပ်မှ မိုင် ၂၀ ခန့် ဝေးကွာသော ဝှိုက်စ်ဗီးလ် မြို့ကလေး၏ မြို့ပြင်တွင် တည်ရှိသည်။
ဧကပေါင်း ၇၅၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးအတွင်း နေအိမ် ၃ လုံး၊ ဧက ၆၀ ခန့် ကျယ်ဝန်းသော ရေကန်တစ်ခု၊ လေယာဉ်သိုလှောင်ရုံ တစ်ခုနှင့် ပြေးလမ်း၊ တင်းနစ်ကွင်း ၂ ခု၊ ခရီးဝေးလျှောက်လမ်းကလေးများနှင့် ဘော်လီဘောကွင်းတစ်ခုတို့ ပါဝင်ကြောင်း Kentucky Select Properties မှ ဈေးကွက်တင်ထားသည့် မှတ်တမ်းတွင် ဖော်ပြသည်။
အဆိုပါခြံဝန်းကြီးသည် နှစ်ပေါင်းများစွာ လူကြိုက်များခဲ့သောခြံဝန်းကြီးဖြစ်ပြီး ဂရုတစိုက် မွမ်းမံထားကာ ပိုင်ရှင်က ၎င်းတို့၏ လိုလားချက်အတိုင်း အတိအကျ အနုစိတ်မွမ်းမံထားသော ခြံကြီးဖြစ်ကြောင်း၊ အမြန်ရေယာဉ်များ စမ်းသပ်ရန်အတွက် သီးသန့် ရေကန်တစ်ခုလည်း ပါဝင်ကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။
ပိုင်ရှင်မည်သူဖြစ်သည်၊ မည်သည့်အချိန်က ဝယ်ယူခဲ့သည်၊ ဈေးနှုန်းမည်မျှပေးခဲ့ရသည်ဟူသောအချက်များကိုမူ မသိရသေးချေ။
နေအိမ် ၃ လုံးတွင် စုစုပေါင်း အိပ်ခန်း ၁၄ ခန်း၊ ရေချိုးခန်း ၁၄ ခန်းနှင့် ကား ၈ စင်းထားရန် ဂိုဒေါင်နေရာတို့လည်း ပါဝင်သည်။
နေအိမ်တစ်လုံးတွင်ကား အိမ်တွင်းရုပ်ရှင်ရုံ၊ အားကစားလေ့ကျင့်ရေးခန်းမ၊ ရေပူစိမ်ကန်ပါဝင်ပြီး အခြားတစ်လုံးတွင် ရေကန်ကို စီးမိုးကြည့်ရှုနိုင်သည့် လသာဆောင်တစ်ခု ပါဝင်သည်။
ရေကန်ဘေးရှိ ပင်မစံအိမ်မှာ ဗိသုကာပိုင်း ရင်သပ်ရှုမောဖွယ်ဖြစ်ပြီး ရေကန်၏ အကောင်းဆုံးရှုမျှော်ခင်းများ ပိုင်ဆိုင်ထားကြောင်း ဈေးကွက်တင်သည့် ကုမ္ပဏီ၏ ကြော်ငြာတွင် ဖော်ပြသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
အေမရိကန္ျပည္၊ ကင္တပ္ကီျပည္နယ္တြင္ ဧကေပါင္း ၇၅၀ က်ယ္ဝန္းေသာ ယာေတာျခံၾကီး ျပည္နယ္တစ္ခုလံုးတြင္ အျမင့္မားဆံုးေစ်းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ
အေမရိကန္ျပည္ေထာင္စု၊ ကင္တပ္ကီျပည္နယ္ရွိ ဧကေပါင္း ၇၅၀ က်ယ္ဝန္းေသာ ယာေတာျခံၾကီးမွာ ယခုအခါ ပိုင္ရွင္ေျပာင္းလဲရန္ အသင့္ျဖစ္ေနျပီ ျဖစ္သည္။
ျမက္ခင္းျပာျပည္နယ္ဟုလည္း လူသိမ်ားေသာ ကင္တပ္ကီတြင္ အျမင့္မားဆံုးေစ်းႏႈန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာျခင္းျဖစ္ျပီး ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္းက အေရာင္းေစ်းကြက္ဝင္ခဲ့ျခင္းျဖစ္ကာ ကန္ေဒၚလာ ၁၉ ဒသမ ၅ သန္း ေစ်းေခၚထားေၾကာင္း ေစ်းကြက္တင္ မွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။
Lakewood Valley ဟု အမည္ရေသာ အဆိုပါ ယာေတာျခံၾကီးသည္ အင္ဒီယာနာျပည္နယ္ နယ္စပ္မွ မိုင္ ၂၀ ခန္႔ ေဝးကြာေသာ ဝိႈက္စ္ဗီးလ္ ျမိဳ႕ကေလး၏ ျမိဳ႕ျပင္တြင္ တည္ရွိသည္။
ဧကေပါင္း ၇၅၀ က်ယ္ဝန္းသည့္ ျခံဝန္းၾကီးအတြင္း ေနအိမ္ ၃ လံုး၊ ဧက ၆၀ ခန္႔ က်ယ္ဝန္းေသာ ေရကန္တစ္ခု၊ ေလယာဥ္သိုေလွာင္ရံု တစ္ခုႏွင့္ ေျပးလမ္း၊ တင္းနစ္ကြင္း ၂ ခု၊ ခရီးေဝးေလွ်ာက္လမ္းကေလးမ်ားႏွင့္ ေဘာ္လီေဘာကြင္းတစ္ခုတို႔ ပါဝင္ေၾကာင္း Kentucky Select Properties မွ ေစ်းကြက္တင္ထားသည့္ မွတ္တမ္းတြင္ ေဖာ္ျပသည္။
အဆိုပါျခံဝန္းၾကီးသည္ ႏွစ္ေပါင္းမ်ားစြာ လူၾကိဳက္မ်ားခဲ့ေသာျခံဝန္းၾကီးျဖစ္ျပီး ဂရုတစိုက္ မြမ္းမံထားကာ ပိုင္ရွင္က ၎တို႔၏ လိုလားခ်က္အတိုင္း အတိအက် အႏုစိတ္မြမ္းမံထားေသာ ျခံၾကီးျဖစ္ေၾကာင္း၊ အျမန္ေရယာဥ္မ်ား စမ္းသပ္ရန္အတြက္ သီးသန္႔ ေရကန္တစ္ခုလည္း ပါဝင္ေၾကာင္း ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။
ပိုင္ရွင္မည္သူျဖစ္သည္၊ မည္သည့္အခ်ိန္က ဝယ္ယူခဲ့သည္၊ ေစ်းႏႈန္းမည္မွ်ေပးခဲ့ရသည္ဟူေသာအခ်က္မ်ားကိုမူ မသိရေသးေခ်။
ေနအိမ္ ၃ လံုးတြင္ စုစုေပါင္း အိပ္ခန္း ၁၄ ခန္း၊ ေရခ်ဳိးခန္း ၁၄ ခန္းႏွင့္ ကား ၈ စင္းထားရန္ ဂိုေဒါင္ေနရာတို႔လည္း ပါဝင္သည္။
ေနအိမ္တစ္လံုးတြင္ကား အိမ္တြင္းရုပ္ရွင္ရံု၊ အားကစားေလ့က်င့္ေရးခန္းမ၊ ေရပူစိမ္ကန္ပါဝင္ျပီး အျခားတစ္လံုးတြင္ ေရကန္ကို စီးမိုးၾကည့္ရႈႏိုင္သည့္ လသာေဆာင္တစ္ခု ပါဝင္သည္။
ေရကန္ေဘးရွိ ပင္မစံအိမ္မွာ ဗိသုကာပိုင္း ရင္သပ္ရႈေမာဖြယ္ျဖစ္ျပီး ေရကန္၏ အေကာင္းဆံုးရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားေၾကာင္း ေစ်းကြက္တင္သည့္ ကုမၸဏီ၏ ေၾကာ္ျငာတြင္ ေဖာ္ျပသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com