ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Unicode Version ###
ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှ ၁၉၉၀ ပြည့်နှစ်အထိ အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စုအကြား သိပ္ပံပညာနှင့် စစ်လက်နက်ပြိုင်ဆိုင်မှု အလွန်ပြင်းထန်ခဲ့ပြီး ထိုကာလကို စစ်အေးခေတ်ကြီးဟု ခေါ်ဆိုခဲ့ကြသည်။
ထိုခေတ်တွင် ကြီးပြင်းရှင်သန်ခဲ့ကြသူတို့မှာ မည်သည့်အချိန် အနုမြူစစ်ပွဲကြီး ပေါ်ပေါက်မည်နည်းဟု နေ့ရက်တိုင်း ကျီးလန့််စာစား ခြောက်ခြားခဲ့ကြရသည်။
၁၉၉၀ ပြည့်နှစ်တွင် ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားချိန်မှသာ စစ်အေးခေတ်ကြီး အဆုံးသတ်သွားခဲ့၏။
ထိုခေတ်တွင် တရုတ်ပြည်၊ အမေရိကန်နှင့် ဥရောပနိုင်ငံများစွာတွင် မြေအောက်စခန်းကြီးများ ဆောက်လုပ်ခဲ့ကြသည်။ အနုမြူစစ်ပွဲကြီး ပေါ်ပေါက်လာပါက ပုန်းအောင်းနိုင်ရန်ဖြစ်သည်။
အမေရိကန်နှင့် ဆိုဗီယက်အကြား အနုမြူစစ်ပွဲဖြစ်လုနီးပါး အခြေအနေအထိ ဆိုက်ရောက်ခဲ့ရသော ကျူးဘားဒုံးပျံစခန်းအကြောင်းကို အများသိပြီးဖြစ်ကြသည်။
ထိုအချိန်က ကုလသမဂ္ဂအထွေထွေညွန်ကြားရေးမှူးမှာ ဦးသန့်ဖြစ်သည်။ ဦးသန့်၏ ကြိုးပမ်းမှုများကြောင့် ကမ္ဘာ့ လူသားမျိုးနွှယ်များ ပျောက်ကွယ်မည့်ဘေးမှ လွတ်ကင်းခဲ့ရ၏။
အမေရိကန်နှင့် တရုတ်ပြည်တို့နည်းတူ အင်္ဂလန်အစိုးရသည်လည်း အလွန်ကြီးမားလှသော မြေအောက်မြို့တော်ကြီးကို လန်ဒန်မြို့ အနောက်ဘက်စူးစူး မိုင် ၁၀၀ အကွာတွင် တည်ရှိသော အင်္ဂလန် အနောက်တောင်ပိုင်း ဝစ်ရှိုင်းယားခရိုင်၊ ကောစ်ဟန်မြို့ကလေးအနီး မြေအောက် ပေ ၁၂၀ အနက်တွင် အလွန်ကြီးမားလှသော လျှို့ဝှက်မြေအောက်မြို့တော်ကြီး ဆောက်လုပ်ခဲ့၏။
အဆိုပါ မြေအောက်မြို့တော်ကြီး ဆောက်လုပ်ထားမှုကို ဗြိတိသျှစစ်ဘက်ထိပ်တန်းခေါင်းဆောင်များသာ သိခဲ့ကြသည်။
အနုမြူစစ်ဘေးကြီး ပေါ်ပေါက်လာလျှင် လူပေါင်း ၄၀၀၀ ခန့်အထိ ပုန်းခိုနိုင်သော အရေးပေါ်အခြေအနေ စစ်ရုံးချုပ်အဖြစ် ရည်ရွယ်ကာ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
၁၉၅၀ ပြည့်လွန်ကာလများအတွင်း စူပါ ပါဝါနိုင်ငံကြီး ၂ ခုဖြစ်သော အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စုအကြား စစ်အေးတိုက်ပွဲမှာ အရှိန်မြင့်နေပြီဖြစ်ပြီး လူတိုင်းမှာ အနုမြူစစ်ပွဲကြီး ပေါ်ပေါက်လာမည်ကို စိုးရိမ်ကြောက်ရွံ့နေခဲ့ကြရာ ဗြိတိန်လည်း အပါအဝင်ဖြစ်၏။
ဒုတိယကမ္ဘာစစ်ကြီးတွင် ဗြိတိန်ကို ဂျာမာန်တို့က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူပေါင်းများစွာ သေကြေခဲ့ရမှုကို ဗြိတိန်ပြည်သူပြည်သားများ မျက်ဝါးထင်ထင် တွေ့ကြုံရင်ဆိုင်ခဲ့ကြရပြီး ဖြစ်သည်။
လန်ဒန်မြို့ကြီးကို ဗုံးကြဲတိုက်ခိုက်မှုတစ်ကြိမ်တည်းတွင်ပင်လျှင် လူပေါင်း ၄၃၀ သေဆုံးကာ ၁၆၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြ၏။
သို့ဖြစ်ရာ အနုမြူစစ်ပွဲဟူသော တိမ်တိုက်မဲကြီး ဗြိတိန်အပေါ် အုပ်မိုးလာနေချိန်မျိုးတွင် ဗြိတိန်အစိုးရက အနုမြူစစ်ပွဲကြီး ပေါ်ပေါက်လာပါက အသုံးပြုနိုင်မည့် ရုံးချုပ်နေရာတစ်ခု တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။
ဗြိတိန်အစိုးရက ခန့်မှန်းခဲ့သည်မှာ လန်ဒန်မြို့ကြီးကို ဦးတည်ပြီး အနုမြူဗုံးပေါင်း ၃၅ လုံးခန့် ကြဲချခံရနိုင်ကာ လူသန်းပေါင်းများစွာ သေကြေနိုင်ပြီး တိုင်းပြည်၏ စက်ရုံအလုပ်ရုံများ ပျက်စီးဖွယ်ရာရှိကြောင်း ခန့်မှန်းခဲ့သည်။
ထို့ကြောင့် ၁၉၅၅ ခုနှစ်အတွင်း ကောစ်ဟန်မြို့ကလေးတွင် အရေးပေါ်အခြေအနေ ရုံးချုပ်အဖြစ် မြေအောက်မြို့တော်ကြီး စတင် ဆောက်လုပ်ခဲ့သည်။
မြေအောက်မြို့တော်ကြီး ဆောက်လုပ်ခဲ့သည့် နေရာမှာ spring quarry အမည်ရှိ လူသူကင်းမဲ့သော ဒေသတွင်ဖြစ်ပြီး အကျယ်အဝန်းအားဖြင့် ဧကပေါင်း ၂၄၀ ကျယ်ဝန်းသောနေရာတွင် ဖြစ်သည်။
ထိုနေရာသည် တစ်ချိန်က ထုံးကျောက်များ ထုတ်လုပ်ခဲ့ရာနေရာဖြစ်ကာ အနီးမှ ဘာ့သ်မြို့ရှိ အဆောက်အအုံများစွာကို အဆိုပါ ထုံးကျောက်များဖြင့် ဆောက်လုပ်ခဲ့၏။
ကောစ်ဟန်မြို့ကလေးအနီး ဆောက်လုပ်ခဲ့သည့် မြေအောက်မြို့တော်ကြီးကို ဘာလင်တန် ခံတပ်စခန်းဟု အမည်ပေးခဲ့ပြီး အနုမြူစစ်ပွဲကာလအတွင်း အစိုးရအဖွဲ့ အပါအဝင် လူပေါင်း ၄၀၀၀ အတွက် ရက်ပေါင်း ၉၀ ကြာ နေထိုင်နိုင်ရန် စီစဉ်ခဲ့သည်။
မြေအောက် ပေ ၁၀၀ ကျော်အနက်တွင် ကွန်ကရစ်နံရံများဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဘီဘီစီသတင်းဌာနအတွက် အသံလွှင့်ခန်းမတစ်ခုပင် ထည့်သွင်းပေးထားသည်။
အကျယ်အဝန်း ၃၅ ဧကရှိသော လျှို့ဝှက်မြေအောက်မြို့တော်ကြီးသို့ လျှို့ဝှက်ဝင်ပေါက်များမှတဆင့် ဝင်ရောက်ရပြီး မြေအောက်မြို့တော်ကို ၂၂ ပိုင်းခွဲကာ ဆောက်လုပ်ထားသည်။
မြေအောက်မြို့တော်တွင် ပါဝင်သော လမ်းများ၏စုစုပေါင်း အလျားသည်ပင် မိုင် ၆၀ခန့်ရှိပြီး မြေအောက်မြို့တော်တွင် နေထိုင်သူတို့သည် တနေရာမှ တနေရာသို့ လျှပ်စစ်ယာဉ်ငယ်များဖြင့် သွားလာနိုင်ရန် စီစဉ်ထားသည်။
စားသောက်ရန်အတွက် စားသောက်ဆိုင် (canteen ) ၂ ခု ပါဝင်ပြီး နေ့စဉ်ရရှိနိုင်သည့် စားဖွယ်ရာများကို ရေးသားထားမည့် ကျောက်သင်ပုန်းတစ်ခုလည်း ချိတ်ဆွဲထားသည်။
နေထိုင်သူအားလုံးကို ညွှန်ကြားချက်၊ အသိပေးချက်များ ပြုလုပ်ရန်အတွက် အသံချဲ့စက်များ တပ်ဆင်ထားသည့် PA စနစ်ထည့်သွင်းပေးထားသည်။
ထို့အပြင် ဗြိတိန် တော်ဝင်မိသားစုနှင့် အစိုးရအဖွဲ့အတွက် အထူးသီးသန့်ခန်းများလည်း ထည့်သွင်းထားသည်။
မြေအောက်ရေကန်တစ်ခုလည်း ပါဝင်ရာ လိုအပ်သည့် သောက်ရေကို ရရှိနိုင်မည်ဖြစ်ပြီး စွမ်းအင်အတွက် ကြီးမားသည့် ဓာတ်အားပေးစက်ကြီးများလည်း ထားရှိထားသည်။
မြေအောက်မြို့တော်၏ အထပ်များအကြား သွားလာနိုင်ရန် ဓာတ်လှေကားတစ်ခုပါဝင်သည်။
ဓာတ်ငွေ့ဖြင့် တိုက်ခိုက်ခံရပါက လေဝင်လေထွက်စနစ်ကို ပိတ်ကာ ပြင်ပလေနှင့် အဆက်ဖြတ်နိုင်ရန်လည်း စီစဉ်ထားသည်။
စားသောက်ဆိုင်များတွင် စုစုပေါင်း စားပွဲ ၂၂၅ လုံး၊ ညစာစား ပန်းကန်ပြား ၂၃၂၀ ချပ်၊ လဘက်ရည်ပန်းကန် ၂၃၂၀ လုံး၊ ဖန်ခွက် ၁၁၅၂ လုံးနှင့် လဘက်ရည်သယ်ယူပို့ဆောင်မည့် တွန်းလှည်း ၁၁ စီးထားရှိထားကြောင်း သမိုင်းပညာရှင် နစ်ခ် ကက်ထ်ဖို့ဒ်က ပြောကြားသည်။
နစ်ဒ် ကက်ဒ်ဖို့ဒ်သည် အဆိုပါ မြေအောက်မြို့တော်ကြီးအကြောင်း စာအုပ်တစ်အုပ်ရေးသားခဲ့ဖူးပြီး Burlington: The Central Government Emergency War Headquarters at Corsham ဟု အမည်ပေးထားကာ ၂၀၁၂ ခုနှစ်တွင် ထုတ်ဝေထားသည်။
အဆိုပါ မြေအောက်မြို့တော်ကြီးကို တစ်ကြိမ်မျှ အသုံးမပြုဖြစ်ခဲ့ပေ။
၁၉၉၁ ခုနှစ်အထိ မွမ်းမံထိန်းသိမ်းမှုများ ပြုလုပ်နေခဲ့သော်လည်း ထိန်းသိမ်းရသည့် စရိတ်စက အလွန်ကြီးမားသောကြောင့် ၂၀၀၄ ခုနှစ်တွင် ဆက်လက်ထိန်းသိမ်းခြင်းမပြုတော့ဘဲ တရားဝင်စွန့်ပစ်လိုက်သည်။
လက်ဖြင့်လှည့်ကာ ဖုန်းဆက်ရသည့် ဖုန်းများကို ယနေ့တိုင် ပလတ်စတစ်များဖြင့် ထုတ်ပိုးထားသည်ကို တွေ့နိုင်သေးသည်။
စားသောက်ဆိုင်မှ အဖြူရောင်ကောင်တာပေါ်တွင် ကော်ဖီဖျော်စက်တစ်လုံးကိုလည်း တွေ့ရမည် ဖြစ်သည်။
မုန့်ဖိုများတွင် တံဆိပ်များကပ်ထားဆဲဖြစ်ပြီး တစ်ကြိမ်တစ်ခါမျှ အသုံးမပြုခဲ့ရပေ။
ကြေးနန်းစက်များနှင့် ဆက်သွယ်ပေးရန် ရည်ရွယ်တပ်ဆင်ထားသည့် ဝါယာကြိုးများမှာ မျက်နှာကြက်များမှ တွဲလောင်းကျနေသည်ကို ယနေ့တိုင် တွေ့မြင်နိုင်သေးသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
အႏုျမဴစစ္ပြဲၾကီးျဖစ္လာပါက ေတာ္ဝင္မိသားစု၊ ဝန္ၾကီးခ်ဳပ္ႏွင့္ အစိုးရအဖြဲ႔အပါအဝင္ လူေပါင္း ၄၀၀၀ ခန္႔ ပုန္းခိုႏိုင္ရန္အတြက္ လန္ဒန္ျမိဳ႕အေနာက္ဘက္ မိုင္ ၁၀၀ အကြာ ေျမေအာက္ ေပ ၁၂၀ တြင္ ေဆာက္လုပ္ထားေသာ ၃၅ ဧက က်ယ္ဝန္းသည့္ လွ်ိဳ ႔ဝွက္ ေျမေအာက္ျမိဳ႕ေတာ္ၾကီး
ဒုတိယကမၻာစစ္ေနာက္ပိုင္းမွ ၁၉၉၀ ျပည့္ႏွစ္အထိ အေမရိကန္ျပည္ေထာင္စုႏွင့္ ဆိုဗီယက္ျပည္ေထာင္စုအၾကား သိပၸံပညာႏွင့္ စစ္လက္နက္ျပိဳင္ဆိုင္မႈ အလြန္ျပင္းထန္ခဲ့ျပီး ထိုကာလကို စစ္ေအးေခတ္ၾကီးဟု ေခၚဆိုခဲ့ၾကသည္။
ထိုေခတ္တြင္ ၾကီးျပင္းရွင္သန္ခဲ့ၾကသူတို႔မွာ မည္သည့္အခ်ိန္ အႏုျမဴစစ္ပြဲၾကီး ေပၚေပါက္မည္နည္းဟု ေန႔ရက္တိုင္း က်ီးလန္္႔စာစား ေျခာက္ျခားခဲ့ၾကရသည္။
၁၉၉၀ ျပည့္ႏွစ္တြင္ ဆိုဗီယက္ျပည္ေထာင္စုၾကီး ျပိဳကြဲသြားခ်ိန္မွသာ စစ္ေအးေခတ္ၾကီး အဆံုးသတ္သြားခဲ့၏။
ထိုေခတ္တြင္ တရုတ္ျပည္၊ အေမရိကန္ႏွင့္ ဥေရာပႏိုင္ငံမ်ားစြာတြင္ ေျမေအာက္စခန္းၾကီးမ်ား ေဆာက္လုပ္ခဲ့ၾကသည္။ အႏုျမဴစစ္ပြဲၾကီး ေပၚေပါက္လာပါက ပုန္းေအာင္းႏိုင္ရန္ျဖစ္သည္။
အေမရိကန္ႏွင့္ ဆိုဗီယက္အၾကား အႏုျမဴစစ္ပဲြျဖစ္လုနီးပါး အေျခအေနအထိ ဆိုက္ေရာက္ခဲ့ရေသာ က်ဴးဘားဒံုးပ်ံစခန္းအေၾကာင္းကို အမ်ားသိျပီးျဖစ္ၾကသည္။
ထိုအခ်ိန္က ကုလသမဂၢအေထြေထြညြန္ၾကားေရးမွဴးမွာ ဦးသန္႔ျဖစ္သည္။ ဦးသန္႔၏ ၾကိဳးပမ္းမႈမ်ားေၾကာင့္ ကမၻာ့ လူသားမ်ဳိးႏႊယ္မ်ား ေပ်ာက္ကြယ္မည့္ေဘးမွ လြတ္ကင္းခဲ့ရ၏။
အေမရိကန္ႏွင့္ တရုတ္ျပည္တို႔နည္းတူ အဂၤလန္အစိုးရသည္လည္း အလြန္ၾကီးမားလွေသာ ေျမေအာက္ျမိဳ ႔ေတာ္ၾကီးကို လန္ဒန္ျမိဳ ႔ အေနာက္ဘက္စူးစူး မိုင္ ၁၀၀ အကြာတြင္ တည္ရွိေသာ အဂၤလန္ အေနာက္ေတာင္ပိုင္း ဝစ္ရႈိင္းယားခရိုင္၊ ေကာစ္ဟန္ျမိဳ ႔ကေလးအနီး ေျမေအာက္ ေပ ၁၂၀ အနက္တြင္ အလြန္ၾကီးမားလွေသာ လွ်ိဳ ႔ဝွက္ေျမေအာက္ျမိဳ ႔ေတာ္ၾကီး ေဆာက္လုပ္ခဲ့၏။
အဆိုပါ ေျမေအာက္ျမိဳ ႔ေတာ္ၾကီး ေဆာက္လုပ္ထားမႈကို ျဗိတိသွ်စစ္ဘက္ထိပ္တန္းေခါင္းေဆာင္မ်ားသာ သိခဲ့ၾကသည္။
အႏုျမဴစစ္ေဘးၾကီး ေပၚေပါက္လာလွ်င္ လူေပါင္း ၄၀၀၀ ခန္႔အထိ ပုန္းခိုႏိုင္ေသာ အေရးေပၚအေျခအေန စစ္ရံုးခ်ဳပ္အျဖစ္ ရည္ရြယ္ကာ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။
၁၉၅၀ ျပည့္လြန္ကာလမ်ားအတြင္း စူပါ ပါဝါႏိုင္ငံၾကီး ၂ ခုျဖစ္ေသာ အေမရိကန္ျပည္ေထာင္စုႏွင့္ ဆိုဗီယက္ျပည္ေထာင္စုအၾကား စစ္ေအးတိုက္ပြဲမွာ အရွိန္ျမင့္ေနျပီျဖစ္ျပီး လူတိုင္းမွာ အႏုျမဴစစ္ပြဲၾကီး ေပၚေပါက္လာမည္ကို စိုးရိမ္ေၾကာက္ရြံ ႔ေနခဲ့ၾကရာ ျဗိတိန္လည္း အပါအဝင္ျဖစ္၏။
ဒုတိယကမၻာစစ္ၾကီးတြင္ ျဗိတိန္ကို ဂ်ာမာန္တို႔က ဗံုးၾကဲတိုက္ခိုက္ခဲ့ရာ လူေပါင္းမ်ားစြာ ေသေၾကခဲ့ရမႈကို ျဗိတိန္ျပည္သူျပည္သားမ်ား မ်က္ဝါးထင္ထင္ ေတြ႔ၾကံဳရင္ဆိုင္ခဲ့ၾကရျပီး ျဖစ္သည္။ လန္ဒန္ျမိဳ ႔ၾကီးကို ဗံုးၾကဲတိုက္ခိုက္မႈတစ္ၾကိမ္တည္းတြင္ပင္လွ်င္ လူေပါင္း ၄၃၀ ေသဆံုးကာ ၁၆၀၀ ေက်ာ္ ဒဏ္ရာရရွိခဲ့ၾက၏။
သို႔ျဖစ္ရာ အႏုျမဴစစ္ပြဲဟူေသာ တိမ္တိုက္မဲၾကီး ျဗိတိန္အေပၚ အုပ္မိုးလာေနခ်ိန္မ်ဳိးတြင္ ျဗိတိန္အစိုးရက အႏုျမဴစစ္ပြဲၾကီး ေပၚေပါက္လာပါက အသံုးျပဳႏိုင္မည့္ ရံုးခ်ဳပ္ေနရာတစ္ခု တည္ေဆာက္ရန္ ဆံုးျဖတ္ခဲ့သည္။
ျဗိတိန္အစိုးရက ခန္႔မွန္းခဲ့သည္မွာ လန္ဒန္ျမိဳ ႔ၾကီးကို ဦးတည္ျပီး အႏုျမဴဗံုးေပါင္း ၃၅ လံုးခန္႔ ၾကဲခ်ခံရႏိုင္ကာ လူသန္းေပါင္းမ်ားစြာ ေသေၾကႏိုင္ျပီး တိုင္းျပည္၏ စက္ရံုအလုပ္ရံုမ်ား ပ်က္စီးဖြယ္ရာရွိေၾကာင္း ခန္႔မွန္းခဲ့သည္။
ထို႔ေၾကာင့္ ၁၉၅၅ ခုႏွစ္အတြင္း ေကာစ္ဟန္ျမိဳ ႔ကေလးတြင္ အေရးေပၚအေျခအေန ရံုးခ်ဳပ္အျဖစ္ ေျမေအာက္ျမိဳ ႔ေတာ္ၾကီး စတင္ ေဆာက္လုပ္ခဲ့သည္။
ေျမေအာက္ျမိဳ ႔ေတာ္ၾကီး ေဆာက္လုပ္ခဲ့သည့္ ေနရာမွာ spring quarry အမည္ရွိ လူသူကင္းမဲ့ေသာ ေဒသတြင္ျဖစ္ျပီး အက်ယ္အဝန္းအားျဖင့္ ဧကေပါင္း ၂၄၀ က်ယ္ဝန္းေသာေနရာတြင္ ျဖစ္သည္။ ထိုေနရာသည္ တစ္ခ်ိန္က ထံုးေက်ာက္မ်ား ထုတ္လုပ္ခဲ့ရာေနရာျဖစ္ကာ အနီးမွ ဘာ့သ္ျမိဳ ႔ရွိ အေဆာက္အအံုမ်ားစြာကို အဆိုပါ ထံုးေက်ာက္မ်ားျဖင့္ ေဆာက္လုပ္ခဲ့၏။
ေကာစ္ဟန္ျမိဳ ႔ကေလးအနီး ေဆာက္လုပ္ခဲ့သည့္ ေျမေအာက္ျမိဳ ႔ေတာ္ၾကီးကို ဘာလင္တန္ ခံတပ္စခန္းဟု အမည္ေပးခဲ့ျပီး အႏုျမဴစစ္ပြဲကာလအတြင္း အစိုးရအဖြဲ႔ အပါအဝင္ လူေပါင္း ၄၀၀၀ အတြက္ ရက္ေပါင္း ၉၀ ၾကာ ေနထုိင္ႏိုင္ရန္ စီစဥ္ခဲ့သည္။
ေျမေအာက္ ေပ ၁၀၀ ေက်ာ္အနက္တြင္ ကြန္ကရစ္နံရံမ်ားျဖင့္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ဘီဘီစီသတင္းဌာနအတြက္ အသံလႊင့္ခန္းမတစ္ခုပင္ ထည့္သြင္းေပးထားသည္။
အက်ယ္အဝန္း ၃၅ ဧကရွိေသာ လွ်ိဳ ႔ဝွက္ေျမေအာက္ျမိဳ ႔ေတာ္ၾကီးသို႔ လွ်ိဳ ႔ဝွက္ဝင္ေပါက္မ်ားမွတဆင့္ ဝင္ေရာက္ရျပီး ေျမေအာက္ျမိဳ ႔ေတာ္ကို ၂၂ ပိုင္းခြဲကာ ေဆာက္လုပ္ထားသည္။
ေျမေအာက္ျမိဳ ႔ေတာ္တြင္ ပါဝင္ေသာ လမ္းမ်ား၏စုစုေပါင္း အလ်ားသည္ပင္ မိုင္ ၆၀ခန္႔ရွိျပီး ေျမေအာက္ျမိဳ ႔ေတာ္တြင္ ေနထိုင္သူတို႔သည္ တေနရာမွ တေနရာသို႔ လွ်ပ္စစ္ယာဥ္ငယ္မ်ားျဖင့္ သြားလာႏိုင္ရန္ စီစဥ္ထားသည္။
စားေသာက္ရန္အတြက္ စားေသာက္ဆိုင္ (canteen ) ၂ ခု ပါဝင္ျပီး ေန႔စဥ္ရရွိႏိုင္သည့္ စားဖြယ္ရာမ်ားကို ေရးသားထားမည့္ ေက်ာက္သင္ပုန္းတစ္ခုလည္း ခ်ိတ္ဆြဲထားသည္။
ေနထိုင္သူအားလံုးကို ညႊန္ၾကားခ်က္၊ အသိေပးခ်က္မ်ား ျပဳလုပ္ရန္အတြက္ အသံခ်ဲ ႔စက္မ်ား တပ္ဆင္ထားသည့္ PA စနစ္ထည့္သြင္းေပးထားသည္။
ထို႔အျပင္ ျဗိတိန္ ေတာ္ဝင္မိသားစုႏွင့္ အစိုးရအဖြဲ႔အတြက္ အထူးသီးသန္႔ခန္းမ်ားလည္း ထည့္သြင္းထားသည္။
ေျမေအာက္ေရကန္တစ္ခုလည္း ပါဝင္ရာ လိုအပ္သည့္ ေသာက္ေရကို ရရွိႏိုင္မည္ျဖစ္ျပီး စြမ္းအင္အတြက္ ၾကီးမားသည့္ ဓာတ္အားေပးစက္ၾကီးမ်ားလည္း ထားရွိထားသည္။
ေျမေအာက္ျမိဳ ႔ေတာ္၏ အထပ္မ်ားအၾကား သြားလာႏိုင္ရန္ ဓာတ္ေလွကားတစ္ခုပါဝင္သည္။
ဓာတ္ေငြ႔ျဖင့္ တိုက္ခိုက္ခံရပါက ေလဝင္ေလထြက္စနစ္ကို ပိတ္ကာ ျပင္ပေလႏွင့္ အဆက္ျဖတ္ႏိုင္ရန္လည္း စီစဥ္ထားသည္။
စားေသာက္ဆိုင္မ်ားတြင္ စုစုေပါင္း စားပြဲ ၂၂၅ လံုး၊ ညစာစား ပန္းကန္ျပား ၂၃၂၀ ခ်ပ္၊ လဘက္ရည္ပန္းကန္ ၂၃၂၀ လံုး၊ ဖန္ခြက္ ၁၁၅၂ လံုးႏွင့္ လဘက္ရည္သယ္ယူပို႔ေဆာင္မည့္ တြန္းလွည္း ၁၁ စီးထားရွိထားေၾကာင္း သမိုင္းပညာရွင္ နစ္ခ္ ကက္ထ္ဖို႔ဒ္က ေျပာၾကားသည္။
နစ္ဒ္ ကက္ဒ္ဖို႔ဒ္သည္ အဆိုပါ ေျမေအာက္ျမိဳ ႔ေတာ္ၾကီးအေၾကာင္း စာအုပ္တစ္အုပ္ေရးသားခဲ့ဖူးျပီး Burlington: The Central Government Emergency War Headquarters at Corsham ဟု အမည္ေပးထားကာ ၂၀၁၂ ခုႏွစ္တြင္ ထုတ္ေဝထားသည္။
အဆိုပါ ေျမေအာက္ျမိဳ ႔ေတာ္ၾကီးကို တစ္ၾကိမ္မွ် အသံုးမျပဳျဖစ္ခဲ့ေပ။
၁၉၉၁ ခုႏွစ္အထိ မြမ္းမံထိန္းသိမ္းမႈမ်ား ျပဳလုပ္ေနခဲ့ေသာ္လည္း ထိန္းသိမ္းရသည့္ စရိတ္စက အလြန္ၾကီးမားေသာေၾကာင့္ ၂၀၀၄ ခုႏွစ္တြင္ ဆက္လက္ထိန္းသိမ္းျခင္းမျပဳေတာ့ဘဲ တရားဝင္စြန္႔ပစ္လိုက္သည္။ လက္ျဖင့္လွည့္ကာ ဖုန္းဆက္ရသည့္ ဖုန္းမ်ားကို ယေန႔တုိင္ ပလတ္စတစ္မ်ားျဖင့္ ထုတ္ပိုးထားသည္ကို ေတြ႔ႏိုင္ေသးသည္။
စားေသာက္ဆိုင္မွ အျဖဴေရာင္ေကာင္တာေပၚတြင္ ေကာ္ဖီေဖ်ာ္စက္တစ္လံုးကိုလည္း ေတြ႔ရမည္ ျဖစ္သည္။
မုန္႔ဖိုမ်ားတြင္ တံဆိပ္မ်ားကပ္ထားဆဲျဖစ္ျပီး တစ္ၾကိမ္တစ္ခါမွ် အသံုးမျပဳခဲ့ရေပ။
ေၾကးနန္းစက္မ်ားႏွင့္ ဆက္သြယ္ေပးရန္ ရည္ရြယ္တပ္ဆင္ထားသည့္ ဝါယာၾကိဳးမ်ားမွာ မ်က္ႏွာၾကက္မ်ားမွ တြဲေလာင္းက်ေနသည္ကို ယေန႔တိုင္ ေတြ႔ျမင္ႏိုင္ေသးသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com