ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Unicode Version ###
ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အများပြည်သူအပန်းဖြေအနားယူသည့် ပန်းခြံများတွင် အဆင့်မြင့် စားသောက်ဆိုင်များဖွင့်လှစ်ရန် စိတ်ပါဝင်စားမှုလျှောက်လွှာ (EOI) ခေါ်ယူသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC)၏လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲတွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းခြင်းဖြစ်သည်။
ယင်းပန်းခြံအတွင်း စားသောက်ဆိုင်များကို မြို့တော်ဝန် တာဝန်ထမ်းဆောင်စဉ် သက်တမ်းအတွင်း ဖွင့်လှစ်ပေးသွားရန်စီစဉ်လုပ်ဆောင်သွားမယ်မည်ဖြစ်ကြောင်းရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးထံမှ သိရသည်။
ယခုလက်ရှိ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နမိတ် ၃၃ မြို့နယ်အတွင်းရှိ အများပြည်သူအပန်းဖြေအနားယူသည့် ပန်းခြံအရေအတွက်မှာအရှေ့ပိုင်းခရိုင်တွင် ၁၅ ခြံ၊အနောက်ပိုင်းခရိုင်တွင် ၁၉ ခြံ၊တောင်ပိုင်းခရိုင်တွင် ၁၄ ခြံနှင့်မြောက်ပိုင်းခရိုင်တွင် ၁၃ ခြံ၊စုစုပေါင်းပန်းခြံပေါင်း ၆၁ ခြံရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနထံမှ သိရသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ပန်းခြံများတွင် စားသောက်ဆိုင်ဖွင့်ရန် EOI အဆိုပြုလွှာခေါ်ယူမည်