ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Unicode Version ###
မြန်မာ့ကမ်းလွန်လုပ်ကွက် A-3 ၌ ရေနံဓာတ်ငွေသိုက်အသစ် “မဟာ”ကို တွေ့ရှိကြောင်း Posco International က ဖေဖေါ်ဝါရီ ၁၇ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါလုပ်ကွက်မှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၃၈ သန်း ထွက်ရှိမည်ဖြစ်ကြောင်း၊သဲကြော အသားတင်အထူမှာ ၁၂ မီတာရှိပြီး လုပ်ကွက် A-3 လုပ်ငန်းများတွင် Posco၊ MOGE၊ ONGC၊ GAIL၊ KOGAS တို့ ပူးပေါင်းပါဝင်ထားကြောင်း၊ လာမည့် ၂၀၂၁ ခုနှစ်တွင် နောက်ထပ်အကဲဖြတ်တွင်း နှစ်တွင်း တူးဖော်ရန်လျာထားကြောင်းသိရသည်။
အဆိုပါ Posco ကုမ္ပဏီအနေဖြင့် ရွှေ (A-1) နှင့်မြ (A-3) လုပ်ငန်းလည်ပတ်လျက်ရှိကြောင်းသိရသည်။ မြဓာတ်ငွေ့သိုက်၏ အနောက် တောင်ဘက် ရေနက်ပိုင်းတွင် မဟာဓာတ်ငွေ့သိုက်အသစ် ထပ်မံတွေ့ရှိခြင်းဖြစ်ပြီး ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ကီလိုမီတာ ၃၀ အကွာတွင် တည်ရှိကြောင်းသိရသည်။ (A-1) နှင့် (A-3)မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ကို တင်ပို့ရောင်း ချလျက်ရှိပြီး ၂၀၁၉ ခုနှစ်အတွင်း လုပ်ငန်းစုအမြတ်ငွေ ဒေါ်လာ ၅၄၉ ဒသမ ၈၄ သန်း ရရှိခဲ့ကြောင်း သိရသည်။
သဘာဝဓာတ်ငွေ့ စမ်းသပ်ထုတ်လုပ်ရာတွင် ရင်းနှီးမြှုုပ်နှံမှု ကုန်ကျစရိတ် လျှော့ချနိုင်မည်ဖြစ်ပြီး တည်ဆောက်ရေးကာလ တိုတောင်းနိုင်သည့် အားသာချက်များ ရှိနေကြောင်းသိရသည်။
ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ျမန္မာ့ကမ္းလြန္လုပ္ကြက္၌ ေရနံဓာတ္ေငြသိုက္အသစ္ေတြ႔ရွိ
ျမန္မာ့ကမ္းလြန္လုပ္ကြက္ A-3 ၌ ေရနံဓာတ္ေငြသိုက္အသစ္ “မဟာ”ကို ေတြ႔ရွိေၾကာင္း Posco International က ေဖေဖၚဝါရီ ၁၇ ရက္က ထုတ္ျပန္ေၾကညာခဲ့သည္။
အဆိုပါလုပ္ကြက္မွ တစ္ရက္လွ်င္ သဘာဝဓာတ္ေငြ႕ ကုဗေပ ၃၈ သန္း ထြက္ရွိမည္ျဖစ္ေၾကာင္း၊သဲေၾကာ အသားတင္အထူမွာ ၁၂ မီတာရွိၿပီး လုပ္ကြက္ A-3 လုပ္ငန္းမ်ားတြင္ Posco၊ MOGE၊ ONGC၊ GAIL၊ KOGAS တို႔ ပူးေပါင္းပါဝင္ထားေၾကာင္း၊ လာမည့္ ၂၀၂၁ ခုႏွစ္တြင္ ေနာက္ထပ္အကဲျဖတ္တြင္း ႏွစ္တြင္း တူးေဖာ္ရန္လ်ာထားေၾကာင္းသိရသည္။
အဆိုပါ Posco ကုမၸဏီအေနျဖင့္ ေရႊ (A-1) ႏွင့္ၿမ (A-3) လုပ္ငန္းလည္ပတ္လ်က္ရွိေၾကာင္းသိရသည္။ ျမဓာတ္ေငြ႕သိုက္၏ အေနာက္ ေတာင္ဘက္ ေရနက္ပိုင္းတြင္ မဟာဓာတ္ေငြ႕သိုက္အသစ္ ထပ္မံေတြ႕ရွိျခင္းျဖစ္ၿပီး ေရႊသဘာဝဓာတ္ေငြ႕စီမံကိန္းမွ ကီလိုမီတာ ၃၀ အကြာတြင္ တည္ရွိေၾကာင္းသိရသည္။ (A-1) ႏွင့္ (A-3)မွ ထြက္ရွိေသာ သဘာဝဓာတ္ေငြ႔မ်ားကို တ႐ုတ္နိုင္ငံႏွင့္ ျမန္မာနိုင္ငံတို႔ကို တင္ပို႔ေရာင္း ခ်လ်က္ရွိၿပီး ၂၀၁၉ ခုႏွစ္အတြင္း လုပ္ငန္းစုအျမတ္ေငြ ေဒၚလာ ၅၄၉ ဒသမ ၈၄ သန္း ရရွိခဲ့ေၾကာင္း သိရသည္။
သဘာဝဓာတ္ေငြ႕ စမ္းသပ္ထုတ္လုပ္ရာတြင္ ရင္းႏွီးျမႇုဳပ္ႏွံမႈ ကုန္က်စရိတ္ ေလၽွာ့ခ်နိုင္မည္ျဖစ္ၿပီး တည္ေဆာက္ေရးကာလ တိုေတာင္းနိုင္သည့္ အားသာခ်က္မ်ားရွိေနေၾကာင္းသိရသည္။
ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com