ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Unicode Version ###
ရန်ကုန်တိုင်းဒေသကြီး အစိုးရက ပထမအကြိမ်ရောင်းချသည့် မြေကွက်များတွင် လျှောက်ထားသူ ၁၂၀၀၀ ကျော်ရှိသော်လည်း အချက်အလက်ပြည့်စုံသူ ၆၄၀ ကျော်သာရှိခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှုးဦးသန်းကပြောသည်။
" သတ်မှတ်အထောက်အထားတွေကို စီစစ်ပြီးရွေးချယ်တဲ့ အခါမှာ အချက်အလက်ပြည့်စုံသူ ၆၄၀ ပဲရှိတယ်။ အဲ့ဒီထဲက ဈေးအဆိုပြုမှုအနည်းဆုံးပေးတဲ့သူကို ဈေးပြန်လည်ညှိနှိုင်းတာတွေလုပ်ပြီး ဈေးအမြင့်ဆုံးပေးတဲ့သူနဲ့ အဆိုပြုမြေကွက်တွေကို ဝယ်ယူခွင့်ပေးခဲ့တာ" ဟု ၎င်းကဆက်လက်ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပထမအကြိမ်ရောင်းချသည့် မြေကွက်များ စီစစ်ရာတွင် ဝယ်ယူသူ အမည်နှင့် ပြန်တင်ပြသူအမည် တူခြင်းရှိမရှိ၊ လျှောက်လွှာတွင်ဖော်ပြချက် ပြည်စုံမှုရှိမရှိ၊ ဝယ်ယူသည့် တည်နေရာမပြည်စုံခြင်း၊ ကိုယ်ရေးအချက်အလက်မပြည့်စုံခြင်း ၊ အဆိုပြုဈေးနှုန်း ထည့်သွင်းရသည့် တည်နေရာတွင် မပါဝင်ခြင်း၊ ငွေကြေးအထောက်အထား တင်ပြမှုမရှိခြင်း၊ ချက်လက်မှတ် ကော်ပီကူးပေးပို့ခြင်း၊ စီပွားရေးလုပ်ငန်းတည်ဆောက်ရာတွင် အဆိုပြုချက်တွင် အချိန်ကာလနှင့် လုပ်ငန်းလုပ်မည့်အချိန်ကာလများမပါဝင်သည့် လျှောက်လွှာများကို ဖယ်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဆိုပါမြေကွက်များကို အောက်တိုဘာလ ၇ ရက်ကစတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၈ ရက်အထိ ပြန်လည်တင်သွင်းခွင့်ပြုခဲ့ပြီး လျှောက်လွှာတစ်စောင်လျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့်ရောင်းချခဲ့ခြင်းဖြစ်သည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
တိုင္းအစိုးရေရာင္းခ်သည့္ေျမကြက္ အခ်က္အလက္မွန္သည့္ ၀ယ္ယူခြင့္ရသူ ၆၄၀ ေက်ာ္သာရွိ
ရန္ကုန္တိုင္းေဒသႀကီး အစိုးရက ပထမအႀကိမ္ေရာင္းခ်သည့္ ေျမကြက္မ်ားတြင္ ေလွ်ာက္ထားသူ ၁၂၀၀၀ ေက်ာ္ရွိေသာ္လည္း အခ်က္အလက္ျပည့္စံုသူ ၆၄၀ ေက်ာ္သာရွိခဲ့ေၾကာင္း ရန္ကုန္ျမိဳ့ေတာ္စည္ပင္သာယာေရးေကာ္မတီမွ တြဲဖက္အတြင္းေရးမွဳးဦးသန္းကေျပာသည္။
" သတ္မွတ္အေထာက္အထားေတြကုိ စီစစ္ျပီးေရြးခ်ယ္တဲ့အခါမွာ အခ်က္အလက္ျပည့္စံုသူ ၆၄၀ ပဲရွိတယ္။ အဲ့ဒီထဲက ေစ်းအဆိုျပဳမွဳအနည္းဆံုးေပးတဲ့သူကုိ ေစ်းျပန္လည္ညွိနွိဳင္းတာေတြလုပ္ျပီး ေစ်းအျမင့္ဆံုးေပးတဲ့သူနဲ႕အဆိုျပဳေျမကြက္ေတြကုိ ၀ယ္ယူခြင့္ေပးခဲ့တာ" ဟု ၄င္းကဆက္လက္ေျပာၾကားသည္။
ရန္ကုန္တိုင္းေဒသႀကီးအစိုးရက ပထမအႀကိမ္ေရာင္းခ်သည့္ ေျမကြက္မ်ား စီစစ္ရာတြင္ ၀ယ္ယူသူအမည္နွင့္ ျပန္တင္ျပသူအမည္တူျခင္းရွိမရွိ၊ ေလွ်ာက္လႊာတြင္ေဖာ္ျပခ်က္ ျပည္စံုမွဳရွိမရွိ၊ ၀ယ္ယူသည့္ တည္ေနရာမျပည္စံုျခင္း၊ ကုိယ္ေရးအခ်က္အလက္မျပည့္စံုျခင္း ၊ အဆိုျပဳေစ်းနွဳန္း ထည့္သြင္းရသည့္ တည္ေနရာတြင္ မပါ၀င္ျခင္း၊ ေငြေၾကးအေထာက္အထား တင္ျပမွဳမရွိျခင္း၊ ခ်က္လက္မွတ္ ေကာ္ပီကူးေပးပုိ႕ျခင္း၊ စီပြားေရးလုပ္ငန္းတည္ေဆာက္ရာတြင္ အဆိုျပဳခ်က္တြင္ အခ်ိန္ကာလနွင့္လုပ္ငန္းလုပ္မည့္အခ်ိန္ကာလမ်ားမပါ၀င္သည့္ ေလွ်ာက္လႊာမ်ားကုိ ဖယ္ခဲ့ျခင္းျဖစ္သည္။
ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ့မွ အဆိုပါေျမကြက္မ်ားကုိ ေအာက္တိုဘာလ ၇ ရက္ကစတင္ေရာင္းခ်ခဲ့ျခင္းျဖစ္ျပီး နို၀င္ဘာလ ၈ ရက္အထိ ျပန္လည္တင္သြင္းခြင့္ျပဳခဲ့ျပီး ေလွ်ာက္လႊာတစ္ေစာင္လွ်င္ က်ပ္ ၁၀၀၀၀ ႏႈန္းျဖင့္ေရာင္းခ်ခဲ့ျခင္းျဖစ္သည္။
မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com