ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Unicode Version ###
ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးအတွက် ရည်မှန်းချက်လေးရပ်ချမှတ်ပြီး အကောင်အထည်ဖော်ကြိုးစားနေတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။
ဒီရည်မှန်းချက်တွေကတော့ မြို့ပြအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့၊ စိမ်းလန်းဖို့၊ နေချင်စဖွယ်မြို့တော်တစ်ခုဖြစ်လာဖို့နဲ့ စီးပွားရေးမြို့တော်ကြီးဖြစ်လာဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့ ရဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ အခြေအနေတွေ၊ စိမ်းလန်းစိုပြေမှုတွေကို ဆက်လက်ထိန်းသိမ်းနိုင်မယ့် စီးပွားရေးပုံစံမျိုးကို ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ဆောင်ရွက်နေတာတွေလည်းရှိတယ်လို့ သိရပါတယ်။
ရန်ကုန်မှာလာရောက်ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်နေသူတွေကလည်း ပတ်ဝန်းကျင်မပျက်စီးစေနိုင်ဘဲ တာဝန်ယူတာဝန်ခံနိုင်တဲ့လုပ်ငန်းတွေကို ဖိတ်ခေါ်ဆောင်ရွက်သွားနိုင်ဖို့ ကြိုးစားပြင်ဆင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်ထုတ်မှုကဏ္ဍမြှင့်တင်နိုင်ဖို့ ရန်ကုန်ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ၂၀၂၀ ကိုလည်း ကျင်းပနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကို အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ဖို့အတွက် စိမ်းလန်းတဲ့ စိုက်ပျိုးရေးကို တည်ဆောက်ခြင်း၊ အစိမ်းရောင်ကုန်ပစ္စည်းတွေ၊ စားသောက်ကုန်တွေနဲ့ စက်မှုထုတ်ကုန်တွေ ထုတ်လုပ်ခြင်းကို တုံ့ဆိုင်းမနေဘဲ လုပ်ဆောင်ဖို့လိုတယ်လို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဌ ဦးဇော်မင်းဝင်းကအကြံပြုပါတယ်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ရန်ကုန်မြို့ပြ ဖွံ့ဖြိုးဖို့ ရည်မှန်းချက်လေးရပ်ချထားတယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆို