ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Unicode Version ###
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ကမာရွတ်မြို့နယ်ရှိTime City အဆောက်အအုံ ဆောက်လုပ်ပြီးစီးခြင်း အခြေအနေကို ဖေဖော်ဝါရီ ၁၄ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရမှသိရသည်။
ဝန်ကြီးချုပ်အား တာဝန်ရှိသူများက အဆောက်အအုံပြီးစီးမှုအခြေအနေနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လွှဲအပ်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။
သွားရောက်ကြည့်ရှုရာတွင် ဝန်ကြီးချုပ်နှင့်အတူ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် ၊ ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်များ ပါဝင်ကြောင်းသိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
Time City အဆောက်အအုံ ဆောက်လုပ်ပြီးစီးခြင်း အခြေအနေ ရန်ကုန်တိုင်ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး