ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Unicode Version ###
သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ကုမ္ပဏီ ၁၁၂ ခု ဝင်ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျှက်ရှိနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူးကပြောသည်။
အထက်ပါစာရင်းသည် ၂၀၁၉ ဒီဇင်ဘာလကုန်အထိခွင့်ပြုမိန့်ထုတ်ပေးသည့် စာရင်းဖြစ်ပြီး ကုမ္ပဏီပေါင်း ၁၁၂ ခုက အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံကျော်ဖြင့်ရင်းနှီးမြှပ်နှံလျက်ရှိကြောင်း ဒုဝန်ကြီးက ရှင်းပြသည်။
လှိုင်းဘွဲ့မဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို မေးမြန်းသည့် သီလဝါအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်တို့၏ အခြေအနေများနှင့်ပတ်သက်ပြီးရှင်းလင်းစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
သီလဝါတွင်မူလက ကုမ္ပဏီ ၁၁၅ ခု ရှိခဲ့သော်လည်း ကုမ္ပဏီ ၃ ခုထွက်သွားသဖြင့် ၁၁၂ ခုဆက်လက်လုပ်ကိုင်လျက်ရှိပြီး ယခင် ကုမ္ပဏီ ၁၁၅ ခု ရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၂ သန်း ရင်းနှီးမြှုပ်နှံရာမှ လက်ရှိတွင် ၁ ဒသမ ၉ သန်းဖြင့် လုပ်ငန်းများ ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
လက်ရှိ သီလဝါအထူးစီးပွားရေးဇုန်တွင် ကုန်ထုတ်လုပ်မှုလုပ်ငန်း များတွင် ၈၀ ရာခိုင်နှုန်းကျော်၊ အရောင်းအဝယ်လုပ်ငန်းတွင် ၉ ရာခိုင်နှုန်း ၊ ထောက်ပံပို့ဆောင်ရေးလုပ်ငန်းတွင် ၅ ရာခိုင်နှုန်း လုပ်ကိုင်လျက်ရှိကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
သီလဝါအထူးစီးပြားေရးဇုန္တြင္ နိုင္ငံေပါင္း ၁၉ နိုင္ငံမွ ကုမၸဏီ၁၁၂ခု ဝင္ေရာက္ရင္းႏွီးျမႇုပ္ႏွံလုပ္ကိုင္လ်က္ရွိ
သီလဝါအထူးစီးပြားေရးဇုန္တြင္ နိုင္ငံေပါင္း ၁၉ နိုင္ငံမွ ကုမၸဏီ ၁၁၂ ခု ဝင္ေရာက္ရင္းႏွီးျမႇုပ္ႏွံလုပ္ကိုင္လၽွက္ရွိေနေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးေအာင္ထူးကေျပာသည္။
အထက္ပါစာရင္းသည္ ၂၀၁၉ ဒီဇင္ဘာလကုန္အထိခြင့္ျပဳမိန႔္ထုတ္ေပးသည့္ စာရင္းျဖစ္ၿပီး ကုမၸဏီေပါင္း ၁၁၂ ခုက အေမရိကန္ေဒၚလာ ၁ ဒသမ ၉ ဘီလီယံေက်ာ္ျဖင့္ရင္းႏွီးျမႇပ္ႏွံလ်က္ရွိေၾကာင္း ဒုဝန္ႀကီးက ရွင္းျပသည္။
လွိုင္းဘြဲ႕မဲဆႏၵနယ္မွျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ခ်ိဳ ေမးျမန္းသည့္ သီလဝါအထူးစီးပြားေရးဇုန္၊ ထားဝယ္အထူးစီးပြားေရးဇုန္ႏွင့္ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္တို့၏ အေျခအေနမ်ားႏွင့္ပတ္သက္ၿပီးရွင္းလင္းစဥ္ အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
သီလဝါတြင္မူလက ကုမၸဏီ ၁၁၅ ခု ရွိခဲ့ေသာ္လည္း ကုမၸဏီ ၃ ခုထြက္သြားသျဖင့္ ၁၁၂ ခုဆက္လက္လုပ္ကိုင္လ်က္႐ွိၿပီး ယခင္ ကုမၸဏီ ၁၁၅ ခု ရင္းႏွီးျမႇဳပ္ႏွံမႈတြင္ အေမရိကန္ေဒၚလာ ၁ ဒသမ ၉၂ သန္း ရင္းႏွီးျမႇဳပ္ႏွံရာမွ လက္႐ွိတြင္ ၁ ဒသမ ၉ သန္းျဖင့္ လုပ္ငန္းမ်ား ဆက္လက္လုပ္ကိုင္လ်က္႐ွိေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနမွ သိရသည္။
လက္႐ွိ သီလဝါအထူးစီးပြားေရးဇုန္တြင္ ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ားတြင္ ၈၀ ရာခိုင္ႏႈန္းေက်ာ္၊ အေရာင္းအဝယ္လုပ္ငန္းတြင္ ၉ ရာခိုင္ႏႈန္း ၊ ေထာက္ပံပို႔ေဆာင္ေရးလုပ္ငန္းတြင္ ၅ ရာခိုင္ႏႈန္း လုပ္ကိုင္လ်က္႐ွိေၾကာင္း ယင္းဝန္ႀကီးဌာနထံမွ သိရသည္။
မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com