ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Unicode Version ###
သြစတြေးလျနိုင်ငံ နော့သ်ကွင်းစလန်းပြည်နယ်ရှိ အင်ဂမ်မြို့မှာ ပြီးခဲ့တဲ့လက လင်းနို့ထောင်ပေါင်းများစွာ ဝင်ရောက်လာခဲ့လို့ အကျပ်ရိုက်နေပါတော့တယ်။ ကလေးတွေက ကျောင်းသွားဖို့ကြောက်ရွံ့ကုန်ကြသလို ဆေးရုံတွေမှာလည်း ကယ်ဆယ်ရေးရဟတ်ယာဉ်တွေ ဆင်းသက်မရတာတွေနဲ့ အခြေအနေတွေ ဆိုးရွားလို့နေပါတယ်။
မြေခွေးပျံလို့လည်းသိကြတဲ့ fruit bat လင်းနို့ကောင်ရေဟာဆိုရင် မြို့ရှိလူဦးရေထက်ကို များပြားနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လအတွင်း ထိုမြို့ကို ရောက်ရှိလာခဲ့တဲ့လင်းနို့တွေဟာ fruit bat မျိုးစိတ်တစ်ခုတည်း မဟုတ်ပါဘူး။
မိတ်လိုက်ချိန်မတူတဲ့ မျိုးစိတ်လေးခု ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ မိတ်လိုက်ချိန်မတူကြတာကြောင့် ဒီလင်းနို့ကျူးကျော်ဝင်ရောက်မှုကို ဒေသဆိုင်ရာအာဏာပိုင်တွေအနေနဲ့ ကိုင်တွယ်ဖို့အခက်တွေ့နေတာပဲ ဖြစ်ပါတယ်။ ပိုဆိုးတာက ဒီလင်းနို့တွေဟာ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းကာကွယ်ရေးဥပဒေနဲ့ ကာကွယ်ပေးခံထားရတာမို့ ဒေသခံတွေအနေနဲ့လည်း သူတို့သဘောနဲ့ဖြေရှင်းလိုက်လို့မရဖြစ်နေတာပါ။
"ကြည့်ရတာ သြစတြေးလျတစ်နိုင်ငံလုံးက လင်းနို့တွေ အင်ဂမ်မြို့ကို ရောက်လာကြပုံရတယ်" လို့ ဟင်ချင်ဘရွတ်ကောင်စီရဲ့မြို့တော်ဝန် ရေမန်ဂျာယိုက ပြောပါတယ်။
မြို့နေလူဦးရေကိုအတော်လေးကျော်လွန်ပြီး ဝင်ရောက်ခိုအောင်းလာတဲ့လင်းနို့ကောင်ရေဟာ ခန့်မှန်းခြေ ၃၀၀,၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ ဒီနယ်ချဲ့လင်းနို့တွေဟာ စာသင်ကျောင်းတွေမှာဆိုလည်း သူတို့အိမ်သူတို့ယာလို နေထိုင်ကျင်လည်ကျက်စားနေကြတာကြောင့် ကလေးတော်တော်များများက ကျောင်းသွားဖို့ကြောက်ရွံ့နေကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ၎င်းလင်းနို့တွေဟာ ကုတ်ရာခြစ်ရာကိုက်ရာတွေကနေ လူတွေဆီကူးစက်နိုင်တဲ့ ပြင်းထန်ရောဂါပိုးတွေကိုလည်း သယ်ဆောင်ထားကြတာမို့ ဒီအန္တရာယ်နဲ့ကြုံဆုံရမှာကိုလည်း တချို့ကလေးတွေက စိုးရိမ်ထိတ်လန့်ကြပါတယ်။
ကံမကောင်းစွာပဲ အာဏာပိုင်တွေမှာ ဒီကိစ္စကိုဖြေရှင်းဖို့ထိရောက်တဲ့နည်းလမ်း မရှိပါဘူး။ အားလုံးလုပ်နိုင်တာကတော့ သည်အတိုင်းဆက်သွားပြီး လင်းနို့တွေများများစားစား ပြန်ထွက်ခွာသွားကြမှာကို စောင့်ဆိုင်းကြရုံပါပဲ။ ကျွမ်းကျင်သူတွေကတော့ ၎င်းလင်းနို့တွေဟာ ဧပြီလလောက်မှာ ပြန်လည်ထွက်ခွာသွားနိုင်တယ်လို့ ခန့်မှန့်ထားကြပါတယ်။
ဒီအခြေအနေအတွက် ဒေသခံတွေက မကျေမနပ်ပြောဆိုနေကြစဉ် ၎င်းလင်းနို့တွေဟာ သဘာဝပတ်ဝန်းကျင်ဟန်ချက်ညီစေဖို့အတွက် အရမ်းကိုအရေးပါတာမို့ သူတို့တွေရှိခြင်းဒုက္ခထက် မရှိဒုက္ခကလူတွေ ကျွမ်းကျင်သူတွေက သတိပေးထားကြောင်း သိရပါတယ်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
လင္းႏို႔ေကာင္ေရ ၃ သိန္းခန႔္ ဝင္ေရာက္လာမႈႏွင့္ ရင္ဆိုင္ေနရသည့္ ၾသစေၾတးလ်ၿမိဳ႕ငယ္
ၾသစေၾတးလ်ႏိုင္ငံ ေနာ့သ္ကြင္းစလန္းျပည္နယ္ရွိ အင္ဂမ္ၿမိဳ႕မွာ ၿပီးခဲ့တဲ့လက လင္းႏို႔ေထာင္ေပါင္းမ်ားစြာ ဝင္ေရာက္လာခဲ့လို႔ အက်ပ္႐ိုက္ေနပါေတာ့တယ္။ ကေလးေတြက ေက်ာင္းသြားဖို႔ေၾကာက္႐ြံ႕ကုန္ၾကသလို ေဆး႐ုံေတြမွာလည္း ကယ္ဆယ္ေရးရဟတ္ယာဥ္ေတြ ဆင္းသက္မရတာေတြနဲ႔ အေျခအေနေတြ ဆိုး႐ြားလို႔ေနပါတယ္။
ေျမေခြးပ်ံလို႔လည္းသိၾကတဲ့ fruit bat လင္းႏို႔ေကာင္ေရဟာဆိုရင္ ၿမိဳ႕ရွိလူဦးေရထက္ကို မ်ားျပားေနတယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့လအတြင္း ထိုၿမိဳ႕ကို ေရာက္ရွိလာခဲ့တဲ့လင္းႏို႔ေတြဟာ fruit bat မ်ိဳးစိတ္တစ္ခုတည္း မဟုတ္ပါဘူး။
မိတ္လိုက္ခ်ိန္မတူတဲ့ မ်ိဳးစိတ္ေလးခု ဝင္ေရာက္လာခဲ့တာျဖစ္တယ္လို႔ ေဒသခံေတြကေျပာပါတယ္။ မိတ္လိုက္ခ်ိန္မတူၾကတာေၾကာင့္ ဒီလင္းႏို႔က်ဴးေက်ာ္ဝင္ေရာက္မႈကို ေဒသဆိုင္ရာအာဏာပိုင္ေတြအေနနဲ႔ ကိုင္တြယ္ဖို႔အခက္ေတြ႕ေနတာပဲ ျဖစ္ပါတယ္။ ပိုဆိုးတာက ဒီလင္းႏို႔ေတြဟာ ေတာ႐ိုင္းတိရစာၦန္ထိန္းသိမ္းကာကြယ္ေရးဥပေဒနဲ႔ ကာကြယ္ေပးခံထားရတာမို႔ ေဒသခံေတြအေနနဲ႔လည္း သူတို႔သေဘာနဲ႔ေျဖရွင္းလိုက္လို႔မရျဖစ္ေနတာပါ။
"ၾကည့္ရတာ ၾသစေၾတးလ်တစ္ႏိုင္ငံလုံးက လင္းႏို႔ေတြ အင္ဂမ္ၿမိဳ႕ကို ေရာက္လာၾကပုံရတယ္" လို႔ ဟင္ခ်င္ဘ႐ြတ္ေကာင္စီရဲ႕ၿမိဳ႕ေတာ္ဝန္ ေရမန္ဂ်ာယိုက ေျပာပါတယ္။
ၿမိဳ႕ေနလူဦးေရကိုအေတာ္ေလးေက်ာ္လြန္ၿပီး ဝင္ေရာက္ခိုေအာင္းလာတဲ့လင္းႏို႔ေကာင္ေရဟာ ခန႔္မွန္းေျခ ၃၀၀,၀၀၀ ေလာက္ရွိတယ္လို႔ သိရပါတယ္။ ဒီနယ္ခ်ဲ႕လင္းႏို႔ေတြဟာ စာသင္ေက်ာင္းေတြမွာဆိုလည္း သူတို႔အိမ္သူတို႔ယာလို ေနထိုင္က်င္လည္က်က္စားေနၾကတာေၾကာင့္ ကေလးေတာ္ေတာ္မ်ားမ်ားက ေက်ာင္းသြားဖို႔ေၾကာက္႐ြံ႕ေနၾကတယ္လို႔ သိရပါတယ္။
ဒါ့အျပင္ ၎လင္းႏို႔ေတြဟာ ကုတ္ရာျခစ္ရာကိုက္ရာေတြကေန လူေတြဆီကူးစက္ႏိုင္တဲ့ ျပင္းထန္ေရာဂါပိုးေတြကိုလည္း သယ္ေဆာင္ထားၾကတာမို႔ ဒီအႏၲရာယ္နဲ႔ႀကဳံဆုံရမွာကိုလည္း တခ်ိဳ႕ကေလးေတြက စိုးရိမ္ထိတ္လန႔္ၾကပါတယ္။
ကံမေကာင္းစြာပဲ အာဏာပိုင္ေတြမွာ ဒီကိစၥကိုေျဖရွင္းဖို႔ထိေရာက္တဲ့နည္းလမ္း မရွိပါဘူး။ အားလုံးလုပ္ႏိုင္တာကေတာ့ သည္အတိုင္းဆက္သြားၿပီး လင္းႏို႔ေတြမ်ားမ်ားစားစား ျပန္ထြက္ခြာသြားၾကမွာကို ေစာင့္ဆိုင္းၾက႐ုံပါပဲ။ ကြၽမ္းက်င္သူေတြကေတာ့ ၎လင္းႏို႔ေတြဟာ ဧၿပီလေလာက္မွာ ျပန္လည္ထြက္ခြာသြားႏိုင္တယ္လို႔ ခန႔္မွန႔္ထားၾကပါတယ္။
ဒီအေျခအေနအတြက္ ေဒသခံေတြက မေက်မနပ္ေျပာဆိုေနၾကစဥ္ ၎လင္းႏို႔ေတြဟာ သဘာဝပတ္ဝန္းက်င္ဟန္ခ်က္ညီေစဖို႔အတြက္ အရမ္းကိုအေရးပါတာမို႔ သူတို႔ေတြရွိျခင္းဒုကၡထက္ မရွိဒုကၡကလူေတြ ကြၽမ္းက်င္သူေတြက သတိေပးထားေၾကာင္း သိရပါတယ္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com