ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Unicode Version ###
လမ်းဖြတ်ကူးမြေအောက်လျှောက်လမ်း (Underpass) တည်ဆောက်ရေးစီမံကိန်း လမ်းလွှဲလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ် ကြောင်းရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်း/တံတား)မှ သိရသည်။
လမ်းဖြတ်ကူးမြေအောက်လျှောက်လမ်းမှာ အရှည် မီတာ ၃၀၊ အကျယ် သုံးမီတာနှင့် အမြင့် သုံးမီတာ ရှိမည် ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် စိုက်ပျိုးရေးမှတ်တိုင်အနီးရှိ ပညာရေးတက္ကသိုလ်ဘက်ခြမ်းမှ ပြည်လမ်းမကြီးအား မြေအောက်မှ တူးဖော်ကာ ဖြတ်သန်းဖောက်လုပ်မည်ဖြစ်ရာ မြေတူးဖော်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်းသိရသည်။
ပညာရေးတက္ကသိုလ်ဘက်မှ လမ်းလွှဲလုပ်ငန်းများကို ဇန်နဝါရီ ၂၅ ရက်ကဆောင်ရွက်နေပြီး စီမံကိန်းကာလတစ်နှစ်ဖြစ်ကြောင်း သိရသည်။
အဆိုပါမြေအောက်လျှောက်လမ်းပြီးလျှင် ဖြတ်သန်းသွားလာကြမည့် ခရီးသွားပြည်သူများအတွက် လုံခြုံရေးစနစ်များ၊ စည်ကားစေရန် ဈေးဆိုင်များ၊ အဲကွန်းနှင့် လျှပ်စစ်မီးတိုင်များကို စနစ်တကျထားရှိမည်ဖြစ်ကြောင်း သိရသည်။
မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
လမ္းျဖတ္ကူးေျမေအာက္ေလၽွာက္လမ္း (Underpass) တည္ေဆာက္ေရးစီမံကိန္းလမ္းလႊဲလုပ္ငန္းမ်ား စတင္ေဆာင္ရြက္ေန
လမ္းျဖတ္ကူးေျမေအာက္ေလၽွာက္လမ္း (Underpass) တည္ေဆာက္ေရးစီမံကိန္း လမ္းလႊဲလုပ္ငန္းမ်ား စတင္ေဆာင္ရြက္ေနၿပီျဖစ္ေၾကာင္းရန္ကုန္ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ အင္ဂ်င္နီယာဌာန (လမ္း/တံတား)မွ သိရသည္။
လမ္းျဖတ္ကူးေျမေအာက္ေလၽွာက္လမ္းမွာ အရွည္ မီတာ ၃၀၊ အက်ယ္ သုံးမီတာႏွင့္ အျမင့္ သုံးမီတာ ရွိမည္ျဖစ္ၿပီး ရန္ကုန္တိုင္းေဒသႀကီး ကမာရြတ္ၿမိဳ႕နယ္ စိုက္ပ်ိဳးေရးမွတ္တိုင္အနီးရွိ ပညာေရးတကၠသိုလ္ဘက္ျခမ္းမွ ျပည္လမ္းမႀကီးအား ေျမေအာက္မွ တူးေဖာ္ကာ ျဖတ္သန္းေဖာက္လုပ္မည္ျဖစ္ရာ ေျမတူးေဖာ္ေရးလုပ္ငန္းမ်ား စတင္ေနၿပီျဖစ္ေၾကာင္းသိရသည္။
ပညာေရးတကၠသိုလ္ဘက္မွ လမ္းလႊဲလုပ္ငန္းမ်ားကို ဇန္နဝါရီ ၂၅ ရက္ကေဆာင္ရြက္ေနၿပီး စီမံကိန္းကာလတစ္ႏွစ္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါေျမေအာက္ေလၽွာက္လမ္းၿပီးလၽွင္ ျဖတ္သန္းသြားလာၾကမည့္ ခရီးသြားျပည္သူမ်ားအတြက္ လုံျခဳံေရးစနစ္မ်ား၊ စည္ကားေစရန္ ေစ်းဆိုင္မ်ား၊ အဲကြန္းႏွင့္ လၽွပ္စစ္မီးတိုင္မ်ားကို စနစ္တက်ထားရွိမည္ျဖစ္ေၾကာင္း သိရသည္။
မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com