ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Unicode Version ###
ဟောင်ကောင် အချမ်းသာဆုံးပုဂ္ဂိုလ်၏ သားမက်ဖြစ်သူ ကွပ်ကဲသည့် ကုမ္ပဏီအုပ်စုတစ်ခုဖြစ်သော Magnificent Hotel Investments (MHI) သည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ ရဲတပ်ဖွဲ့ အဆောက်အအုံကြီးကို ပေါင် ၄၁ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်း အခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
MHI သည် ဟန်ဒါဆန်န်းဥက္ကဌ ၊ ဟောင်ကောင်၏ အချမ်းသာဆုံးပုဂ္ဂိုလ် လီရှောက်ကီ၏ သားမက်ဖြစ်သူ ဝီလျံ ချန်းကိုင်မန်း ဦးဆောင်ခြင်းဖြစ်ပြီး ယခုအခါ လန်ဒန်ရှိ ရဲတပ်ဖွဲ့ ရုံးချုပ်အဆောက်အအုံဟောင်းကြီးကို ပေါင် သန်း ၄၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ချန်းကိုင်မန်း၏ ကုမ္ပဏီ Shun Ho Holdings သည် လန်ဒန်မြို့၊ ဝုဒ်လမ်း၊ အမှတ် ၃၇ ရှိ သမိုင်းဝင် ရဲတပ်ဖွဲ့ ဌာနချုပ်အဖြစ် အသုံးပြုခဲ့သည့် အဆောက်အအုံကြီးကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၉ ရက်တွင် အရောင်းအဝယ် အပြီးသတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ရဲတပ်ဖွဲ့ အဆောက်အအုံကြီးကို အခန်းပေါင်း ၂၀၀ ပါ ဟိုတယ်ကြီးအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း Shun Ho Holdings က ထုတ်ပြန်ထားသည်။
ယခု ဝယ်ယူမှုသည် Shun Ho Holdings အတွက် လန်ဒန်တွင် ဒုတိယအကြိမ်မြောက် ဝယ်ယူခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွင်းကလည်း Royal Scot Hotel ကို ဝယ်ယူထားသေးသည်။
ချန်းကိုင်မန်း၏ ယောက္ခမ လီရှောက်ကီကို ပြီးခဲသော ရက်သတ္တပတ်အတွင်း ဖော့ဘ်မဂ္ဂဇင်းကြီးက ဟောင်ကောင်၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ဖော်ပြခဲ့ပြီး ကန်ဒေါ်လာ ၃၀ ဒသမ ၄ ဘီလီယံ ကြွယ်ဝသည်ဟု ခန့်မှန်းထားသည်။
ရဲတပ်ဖွဲ့ရုံးချုပ် အဆောက်အအုံကြီး၏ အတွင်းပိုင်း အကျယ်အဝန်းမှာ စတုရန်းမီတာ ၁၀၉၁၃ (၁၁၇၄၇၂ စတုရန်းပေ) ရှိရာ ယခုအရောင်းအဝယ်တွင် ၁ စတုရန်းပေလျှင် ၃၄၁ ပေါင်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ခြင်းလည်း ဖြစ်သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
ေဟာင္ေကာင္ အခ်မ္းသာဆံုးပုဂၢိဳလ္၏ သားမက္က လန္ဒန္ရွိ ရဲတပ္ဖြဲ႔ ရံုးခ်ဳပ္အေဆာက္အအံုၾကီးကို ေပါင္ သန္း ၄၀ ျဖင့္ ဝယ္ယူ
ေဟာင္ေကာင္ အခ်မ္းသာဆံုးပုဂၢိဳလ္၏ သားမက္ျဖစ္သူ ကြပ္ကဲသည့္ ကုမၸဏီအုပ္စုတစ္ခုျဖစ္ေသာ Magnificent Hotel Investments (MHI) သည္ အဂၤလန္ႏိုင္ငံ၊ လန္ဒန္ျမိဳ ႔ရွိ ရဲတပ္ဖြဲ႔ အေဆာက္အအံုၾကီးကို ေပါင္ ၄၁ သန္းျဖင့္ ဝယ္ယူလိုက္ေၾကာင္း ရွန္ဟိုင္း အေျခစိုက္ အိမ္ျခံေျမ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။
MHI သည္ ဟန္ဒါဆန္န္းဥကၠဌ ၊ ေဟာင္ေကာင္၏ အခ်မ္းသာဆံုးပုဂၢိဳလ္ လီေရွာက္ကီ၏ သားမက္ျဖစ္သူ ဝီလ်ံ ခ်န္းကိုင္မန္း ဦးေဆာင္ျခင္းျဖစ္ျပီး ယခုအခါ လန္ဒန္ရွိ ရဲတပ္ဖြဲ႔ ရံုးခ်ဳပ္အေဆာက္အအံုေဟာင္းၾကီးကို ေပါင္ သန္း ၄၀ ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။
ခ်န္းကိုင္မန္း၏ ကုမၸဏီ Shun Ho Holdings သည္ လန္ဒန္ျမိဳ ႔၊ ဝုဒ္လမ္း၊ အမွတ္ ၃၇ ရွိ သမိုင္းဝင္ ရဲတပ္ဖြဲ႔ ဌာနခ်ဳပ္အျဖစ္ အသံုးျပဳခဲ့သည့္ အေဆာက္အအံုၾကီးကို ၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီလ ၂၉ ရက္တြင္ အေရာင္းအဝယ္ အျပီးသတ္ခဲ့ျခင္း ျဖစ္သည္။
အဆိုပါ ရဲတပ္ဖြဲ႔ အေဆာက္အအံုၾကီးကို အခန္းေပါင္း ၂၀၀ ပါ ဟိုတယ္ၾကီးအျဖစ္ ေျပာင္းလဲသြားမည္ျဖစ္ေၾကာင္း Shun Ho Holdings က ထုတ္ျပန္ထားသည္။
ယခု ဝယ္ယူမႈသည္ Shun Ho Holdings အတြက္ လန္ဒန္တြင္ ဒုတိယအၾကိမ္ေျမာက္ ဝယ္ယူျခင္းျဖစ္ျပီး ၂၀၁၆ ခုႏွစ္အတြင္းကလည္း Royal Scot Hotel ကို ဝယ္ယူထားေသးသည္။
ခ်န္းကိုင္မန္း၏ ေယာကၡမ လီေရွာက္ကီကို ျပီးခဲေသာ ရက္သတၱပတ္အတြင္း ေဖာ့ဘ္မဂၢဇင္းၾကီးက ေဟာင္ေကာင္၏ အခ်မ္းသာဆံုးပုဂၢိဳလ္အျဖစ္ ေဖာ္ျပခ့ဲျပီး ကန္ေဒၚလာ ၃၀ ဒသမ ၄ ဘီလီယံ ၾကြယ္ဝသည္ဟု ခန္႔မွန္းထားသည္။ လီေရွာက္ကီသည္ ကန္ေဒၚလာ ၂၉ ဒသမ ၄ ဘီလီယံၾကြယ္ဝေသာ လီကာရွင္းထက္ အနည္းငယ္ျဖတ္ေက်ာ္သြားျခင္းလည္း ျဖစ္သည္။
ရဲတပ္ဖြဲ႔ရံုးခ်ဳပ္ အေဆာက္အအံုၾကီး၏ အတြင္းပိုင္း အက်ယ္အဝန္းမွာ စတုရန္းမီတာ ၁၀၉၁၃ (၁၁၇၄၇၂ စတုရန္းေပ) ရွိရာ ယခုအေရာင္းအဝယ္တြင္ ၁ စတုရန္းေပလွ်င္ ၃၄၁ ေပါင္ျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့ျခင္းလည္း ျဖစ္သည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com