ကယ်လီဖိုးနီးယားပြည်နယ်၊ ဖရီးမောင့်ထ်မြို့ရှိ မီးသတ်စခန်းအဆောက်အအုံကြီးကို ၁ ဒေါ်လာ( မြန်မာငွေ ၁၄၄၉ ကျပ်) မျှဖြင့် ဝယ်ယူနိုင်ပြီ

ကယ်လီဖိုးနီးယားပြည်နယ်၊ ဖရီးမောင့်ထ်မြို့ရှိ မီးသတ်စခန်းအဆောက်အအုံကြီးကို ၁ ဒေါ်လာ( မြန်မာငွေ ၁၄၄၉ ကျပ်) မျှဖြင့် ဝယ်ယူနိုင်ပြီ - Property News in Myanmar from iMyanmarHouse.com
13 Feb 2020 11:23 am တွင် တင်ခဲ့သည်
801 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

သင့်တွင် ၁ ဒေါ်လာ (မြန်မာငွေ ၁၄၄၉ ကျပ်-၂၀၂၀ ဖေဖော်ဝါရီ ၁၃ ရက် ငွေလဲနှုန်း) ရှိပါသလား။

၁ ဒေါ်လာရှိပါက အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဖရီးမောင့်ထ်မြို့ကလေးရှိ သမိုင်းဝင် မီးသတ်စခန်း အဆောက်အအုံကြီး၏ ပိုင်ရှင်ဖြစ်နိုင်ပြီ ဖြစ်သည်။ သို့ရာတွင် မဝယ်ယူမီ သိထားရမည့် အချက်တစ်ခုကား ရှိနေသည်။

အိမ်ခြံမြေ developer ကုမ္ပဏီတစ်ခုဖြစ်သော SiliconSage Builders ၏ ဒါရိုက်တာ ရှီဗာလီ ဒေဆိုင်းက ပြောကြားရာတွင် “ကျွန်တော်တို့အနေနဲ့ အဆောက်အအုံကို ရောင်းချဖို့ ဈေးကွက်တင်တာဖြစ်ပါတယ်။ မြေ မပါပါဘူး။ အဆောက်အအုံကို ဝယ်ယူမယ့်သူဟာ သူပိုင်ဆိုင်တဲ့ မြေနေရာဆီကို ရွှေ့ပြောင်းသယ်ယူနိုင်တဲ့သူ ဖြစ်ရပါမယ်” ဟု ပြောကြားသည်။

SiliconSage သည် မီးသတ်စခန်း အဆောက်အအုံနေရာတွင် လူနေအိမ်ရာများ ဆောက်လုပ်ရန် စီစဉ်နေခြင်း ဖြစ်သည်။

ဖရီးမောင့်ထ်မြို့ အုပ်ချုပ်ရေးအဖွဲ့က မီးသတ်စခန်းအဆောက်အအုံကို SiliconSage ထံ ရောင်းချပေးရန် သဘောတူခဲ့ခြင်းဖြစ်ပြီး SiliconSage က မီးသတ်အဆောက်အအုံကို ပြန်လည်ရောင်းချကာ ထိုနေရာတွင် ဘက်စုံသုံး စီမံကိန်းတစ်ခုကို အကောင်အထည် ဖော်ရမည် ဖြစ်သည်။

ယင်းစီမံကိန်းတွင် မြေညီထပ် လက်လီအရောင်းဆိုင်များ၊ လူနေခန်းများနှင့် အိမ်ရာများ ပါဝင်မည် ဖြစ်သည်။

မီးသတ်စခန်း အဆောက်အအုံ ရောင်းဈေးကို ၁ ဒေါ်လာ သတ်မှတ်ရန် မြို့တော်အုပ်ချုပ်ရေးအဖွဲ့က သဘောတူခဲ့ပြီး ရွှေ့ပြောင်းစရိတ်များ အားလုံးကို ဝယ်လက်မှ ကျခံရမည် ဖြစ်သည်။

အဆောက်အအုံကို ၁၉၅၄ ခုနှစ်က ဆောက်လုပ်ခဲ့ပြီး အင်တာနေရှင်နယ် ဗိသုကာဟန်ဖြစ်ကာ အကျယ်အဝန်း ၄၈၀၀ စတုရန်းပေ ရှိသည်။

မြို့၏ အထင်ကရ အဆောက်အအုံတစ်ခုဖြစ်သော်လည်း ၁၉၅၀ ပြည့်လွန်ကာလများကတည်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်သဖြင့် ငလျင်ဒဏ် ခံနိုင်လောက်အောင် ကြံ့ခိုင်မှု မရှိတော့သောကြောင့် ၂၀၀၈ ခုနှစ်တွင် အသုံးပြုမှု ရပ်ဆိုင်းခဲ့သည်။

အဆောက်အအုံကို ရယူမည့်သူအနေဖြင့် ရွှေ့ပြောင်းစရိတ် ကန်ဒေါ်လာ ၅၀၀,၀၀၀ နှင့်အထက် ကုန်ကျဖွယ်ရာရှိသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

### Zawgyi Version ###

ကယ္လီဖိုးနီးယားျပည္နယ္၊ ဖရီးေမာင့္ထ္ျမိဳ ႔ရွိ မီးသတ္စခန္းအေဆာက္အအံုၾကီးကို ၁ ေဒၚလာ( ျမန္မာေငြ ၁၄၄၉ က်ပ္) မွ်ျဖင့္ ဝယ္ယူႏိုင္ျပီ

သင့္တြင္ ၁ ေဒၚလာ (ျမန္မာေငြ ၁၄၄၉ က်ပ္-၂၀၂၀ ေဖေဖာ္ဝါရီ ၁၃ ရက္ ေငြလဲႏႈန္း) ရွိပါသလား။

၁ ေဒၚလာရွိပါက အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ဖရီးေမာင့္ထ္ျမိဳ ႔ကေလးရွိ သမိုင္းဝင္ မီးသတ္စခန္း အေဆာက္အအံုၾကီး၏ ပိုင္ရွင္ျဖစ္ႏုိင္ျပီ ျဖစ္သည္။ သို႔ရာတြင္ မဝယ္ယူမီ သိထားရမည့္ အခ်က္တစ္ခုကား ရွိေနသည္။

အိမ္ျခံေျမ developer ကုမၸဏီတစ္ခုျဖစ္ေသာ SiliconSage Builders ၏ ဒါရိုက္တာ ရွီဗာလီ ေဒဆိုင္းက ေျပာၾကားရာတြင္ “ကၽြန္ေတာ္တို႔အေနနဲ႔ အေဆာက္အအံုကို ေရာင္းခ်ဖို႔ ေစ်းကြက္တင္တာျဖစ္ပါတယ္။ ေျမ မပါပါဘူး။ အေဆာက္အအံုကို ဝယ္ယူမယ့္သူဟာ သူပိုင္ဆိုင္တဲ့ ေျမေနရာဆီကို ေရႊ ႔ေျပာင္းသယ္ယူႏိုင္တဲ့သူ ျဖစ္ရပါမယ္” ဟု ေျပာၾကားသည္။

SiliconSage သည္ မီးသတ္စခန္း အေဆာက္အအံုေနရာတြင္ လူေနအိမ္ရာမ်ား ေဆာက္လုပ္ရန္ စီစဥ္ေနျခင္း ျဖစ္သည္။

ဖရီးေမာင့္ထ္ျမိဳ ႔ အုပ္ခ်ဳပ္ေရးအဖြဲ႔က မီးသတ္စခန္းအေဆာက္အအံုကို SiliconSage ထံ ေရာင္းခ်ေပးရန္ သေဘာတူခဲ့ျခင္းျဖစ္ျပီး SiliconSage က မီးသတ္အေဆာက္အအံုကို ျပန္လည္ေရာင္းခ်ကာ ထိုေနရာတြင္ ဘက္စံုသံုး စီမံကိန္းတစ္ခုကို အေကာင္အထည္ ေဖာ္ရမည္ ျဖစ္သည္။

ယင္းစီမံကိန္းတြင္ ေျမညီထပ္ လက္လီအေရာင္းဆိုင္မ်ား၊ လူေနခန္းမ်ားႏွင့္ အိမ္ရာမ်ား ပါဝင္မည္ ျဖစ္သည္။

မီးသတ္စခန္း အေဆာက္အအံု ေရာင္းေစ်းကို ၁ ေဒၚလာ သတ္မွတ္ရန္ ျမိဳ ႔ေတာ္အုပ္ခ်ဳပ္ေရးအဖြဲ႔က သေဘာတူခဲ့ျပီး ေရႊ ႔ေျပာင္းစရိတ္မ်ား အားလံုးကို ဝယ္လက္မွ က်ခံရမည္ ျဖစ္သည္။ အေဆာက္အအံုကို ၁၉၅၄ ခုႏွစ္က ေဆာက္လုပ္ခဲ့ျပီး အင္တာေနရွင္နယ္ ဗိသုကာဟန္ျဖစ္ကာ အက်ယ္အဝန္း ၄၈၀၀ စတုရန္းေပ ရွိသည္။

ျမိဳ ႔၏ အထင္ကရ အေဆာက္အအံုတစ္ခုျဖစ္ေသာ္လည္း ၁၉၅၀ ျပည့္လြန္ကာလမ်ားကတည္းက ေဆာက္လုပ္ခဲ့ျခင္းျဖစ္သျဖင့္ ငလ်င္ဒဏ္ ခံႏိုင္ေလာက္ေအာင္ ၾကံ ႔ခိုင္မႈ မရွိေတာ့ေသာေၾကာင့္ ၂၀၀၈ ခုႏွစ္တြင္ အသံုးျပဳမႈ ရပ္ဆိုင္းခဲ့သည္။

အေဆာက္အအံုကို ရယူမည့္သူအေနျဖင့္ ေရႊ ႔ေျပာင္းစရိတ္ ကန္ေဒၚလာ ၅၀၀,၀၀၀ ႏွင့္အထက္ ကုန္က်ဖြယ္ရာရွိသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
The Crest

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service