ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Unicode Version ###
နိုင်ငံအဝန်း လယ်သမားများအတွက် လယ်ယာလုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ ကို မြေဧက ၂၅ သန်းခွဲခန့် ထုတ် ပေးပြီးဖြစ်ကြောင်း ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က သတင်းထုတ်ပြန်သည်။
ထိုလက်မှတ်များသည် လယ်သမားများအတွက် လယ်ယာမြေပိုင်ဆိုင်ကြောင်းပြသည့် အထောက်အထားလက်မှတ်ဖြစ်သည်။
လယ်ယာမြေဥပဒေအရ တောင်သူလယ်သမားများကို လယ်ယာလုပ်ကိုင်ခွင့်ထုတ်ပေးရန် ၂၀၁၃ ခုနှစ်တွင် မြေဧက ၂၈ သန်းသတ်မှတ်ခဲ့ပြီး ၇ နှစ်အကြာ၂၀၂၀ဇန်နဝါရီ ၃၁ ရက်တွင် အထက်ပါပမာဏကို ထုတ်ပေးနိုင်ခြင်းဖြစ်သည် ဟုဆိုသည်။
ကျန်ရှိသည့် မြေကွက်များအနက် ပုံစံ ၇ ထုတ်ပေး၍ မရသော သစ်တောမြေ၊ စားကျက်မြေ၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများနှင့်လုံခြုံရေးကန့်သတ်ချက်ရှိ၍ တိုင်းတာဆောင်ရွက်ပေး၍ မရသောမြေများ ပါဝင်နေသည်ဟုဆိုသည်။
ထိုမြေများဖယ်ထုတ်ပြီးစီးပါက လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ ထုတ်ပေးရန် ဧက၂၅ ဒသမ ၈ သန်းကျန်ရှိ သည်ဟုဆိုသည်။ လက်ရှိတွင် ပုံစံ၇ ထုတ်ပေးနိုင်မှုသည် ၉၈ ဒသမ ၃ ရာခိုင်နှုန်းပြီးစီးပြီဟုဆိုသည်။
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက မြို့ရွာများတိုးတက်ဖွံဖြိုးလာခြင်း၊ စက်ရုံအလုပ်ရုံများတိုးချဲ့ဆောက်လုပ်ခြင်းသည် နိုင်ငံကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားလာသော်လည်း လယ်ယာမြေများလျော့နည်းဆုံးရှုံးမှုရှိသည်ဟုဆိုသည်။
ထိုအတွက် မြေလွတ်မြေလပ်နှင့်မြေရိုင်းများမှ စိုက်ပျိုးမှုတည်ငြိမ်သော မြေများကို လယ်ယာမြေအဖြစ် ပြောင်းလဲဆောင်ရွက်ရမည်ဟု ဝန်ကြီးကဆိုသည်။
၂၀၁၂ ခုနှစ် လယ်ယာမြေနည်းဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်လျှောက်ထားခြင်းမရှိပါက လယ်ယာမြေလုပ်ပိုင်ခွင့်ရှိသူဟု သတ်မှတ်ခြင်းမခံရဟု ဆိုထားသည်။
၎င်းသည် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ၏ အခွင့်အရေးကို ရပိုင်ခွင့်မရှိစေရဟု သတ်မှတ်ပြဋ္ဌာန်းထားသည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
လယ္သမားမ်ားအတြက္ လယ္ယာလုပ္ကိုင္ခြင့္ ပုံစံ ၇ ကို ေျမဧက ၂၅ သန္းထုတ္ေပးၿပီးဟုဆို
ႏိုင္ငံအဝန္း လယ္သမားမ်ားအတြက္ လယ္ယာလုပ္ကိုင္ခြင့္ျပဳလက္မွတ္ ပုံစံ ၇ ကို ေျမဧက ၂၅ သန္းခြဲခန႔္ ထုတ္ ေပးၿပီးျဖစ္ေၾကာင္း ဗဟိုလယ္ယာေျမစီမံခန႔္ခြဲမႈအဖြဲ႕က သတင္းထုတ္ျပန္သည္။
ထိုလက္မွတ္မ်ားသည္ လယ္သမားမ်ားအတြက္ လယ္ယာေျမပိုင္ဆိုင္ေၾကာင္းျပသည့္ အေထာက္အထားလက္မွတ္ျဖစ္သည္။
လယ္ယာေျမဥပေဒအရ ေတာင္သူလယ္သမားမ်ားကို လယ္ယာလုပ္ကိုင္ခြင့္ထုတ္ေပးရန္ ၂၀၁၃ ခုႏွစ္တြင္ ေျမဧက ၂၈ သန္းသတ္မွတ္ခဲ့ၿပီး ၇ ႏွစ္အၾကာ၂၀၂၀ဇန္နဝါရီ ၃၁ ရက္တြင္ အထက္ပါပမာဏကို ထုတ္ေပးႏိုင္ျခင္းျဖစ္သည္ ဟုဆိုသည္။
က်န္ရွိသည့္ ေျမကြက္မ်ားအနက္ ပုံစံ ၇ ထုတ္ေပး၍ မရေသာ သစ္ေတာေျမ၊ စားက်က္ေျမ၊ ေျမလြတ္၊ ေျမလပ္ႏွင့္ေျမ႐ိုင္းမ်ားႏွင့္လုံၿခဳံေရးကန႔္သတ္ခ်က္ရွိ၍ တိုင္းတာေဆာင္႐ြက္ေပး၍ မရေသာေျမမ်ား ပါဝင္ေနသည္ဟုဆိုသည္။
ထိုေျမမ်ားဖယ္ထုတ္ၿပီးစီးပါက လယ္ယာေျမလုပ္ကိုင္ခြင့္ျပဳလက္မွတ္ ပုံစံ ၇ ထုတ္ေပးရန္ ဧက၂၅ ဒသမ ၈ သန္းက်န္ရွိ သည္ဟုဆိုသည္။ လက္ရွိတြင္ ပုံစံ၇ ထုတ္ေပးႏိုင္မႈသည္ ၉၈ ဒသမ ၃ ရာခိုင္ႏႈန္းၿပီးစီးၿပီဟုဆိုသည္။
ဗဟိုလယ္ယာေျမစီမံခန႔္ခြဲမႈအဖြဲ႕၊ ဥကၠဌ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ေအာင္သူက ၿမိဳ႕႐ြာမ်ားတိုးတက္ဖြံၿဖိဳးလာျခင္း၊ စက္႐ုံအလုပ္႐ုံမ်ားတိုးခ်ဲ႕ေဆာက္လုပ္ျခင္းသည္ ႏိုင္ငံကုန္ထုတ္စြမ္းအား တိုးတက္ျမင့္မားလာေသာ္လည္း လယ္ယာေျမမ်ားေလ်ာ့နည္းဆုံးရႈံးမႈရွိသည္ဟုဆိုသည္။
ထိုအတြက္ ေျမလြတ္ေျမလပ္ႏွင့္ေျမ႐ိုင္းမ်ားမွ စိုက္ပ်ိဳးမႈတည္ၿငိမ္ေသာ ေျမမ်ားကို လယ္ယာေျမအျဖစ္ ေျပာင္းလဲေဆာင္႐ြက္ရမည္ဟု ဝန္ႀကီးကဆိုသည္။
၂၀၁၂ ခုႏွစ္ လယ္ယာေျမနည္းဥပေဒအရ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ေလွ်ာက္ထားျခင္းမရွိပါက လယ္ယာေျမလုပ္ပိုင္ခြင့္ရွိသူဟု သတ္မွတ္ျခင္းမခံရဟု ဆိုထားသည္။
၎သည္ လယ္ယာေျမလုပ္ပိုင္ခြင့္ရရွိသူ၏ အခြင့္အေရးကို ရပိုင္ခြင့္မရွိေစရဟု သတ္မွတ္ျပ႒ာန္းထားသည္။
စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com