ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Unicode Version ###
ရန်ကုန် မိုးပျံအမြန်လမ်း အပိုင်း (၁)၏ စီမံကိန်းဆိုင်ရာအချက်အလက်များကို မြို့နယ် ၆ ခုတွင် အများပြည်သူသို့ရှင်းပြမည်ဟု ရန်ကုန်တိုင်းအစိုးရနှငိ့ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က ထုတ်ပြန်သည်။
အများပြည်သူသို့ လာရောက်ရှင်းပြမည့်မြို့နယ်များမှာ စီမံကိန်းအတွင်းကျရောက်သည့် မြို့နယ်များဖြစ်သည့် မင်္ဂလာတောင်ညွန့် ၊သင်္ဃန်းကျွန်း၊တောင်ဥက္ကလာပ၊မြောက်ဥက္ကလာပနှင့် မရမ်းကုန်းမြို့နယ် တို့ဖြစ်သည်။
ဖေဖော်ဝါရီ ၁၅ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွန့်ရပ်ကွက် သုဒ္ဓမ္မဗျူဟာဓမ္မာရုံ၊ဖေဖော်ဝါရီ ၁၆ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် ထွေအုပ်ရုံးနှင့် တောင်ဥက္ကလာပမြို့နယ် မြင်သာမြို့ဦးကျောင်း၊ ဖေဖော်ဝါရီ ၂၉ ရက်တွင် မြောက်ဥက္ကလာပ ထွေအုပ်ရုံးနှင့် မရမ်းကုန်းမြို့နယ် ထွေအုပ်ရုံးနှင့် မင်္ဂလာဒုံမြို့နယ် ပြည်သာယာရပ်ကွက် မြို့နယ်သာသနာ့ ဗိမာန်တော်ကြီးတို့၌ အသီးသီးရှင်းပြမည်ဟု ဆိုသည်။
သက်ဆိုင်ရာ မြို့နယ်အလိုက် အခမ်းအနားသို့ မည်သူမဆို တက်ရောက်နိုင်သည်ဟု ကြေညာထားသည်။
ရန်ကုန် မိုးပျံအမြန်လမ်းပိုင်း ကို ဇူလိုင်တွင် မြေပြင်တည်ဆောက်ရေး စတင်နိုင်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်များသို့ ဇန်နဝါရီအတွင်း အသိပေးထားသည်။
စီမံကိန်းဆောင်ရွက်ရာတွင် စီမံကိန်းဧရိယာအတွင်း မြေအသုံးပြုမှု ကန့်သတ်ခြင်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် တိုင်းအစိုးရက ပြန်လည်နေရာချထားရေး ပံ့ပိုးဆောင်ရွက်ရမည်ဟု ဆိုသည်။
ထို့အပြင် စီမံကိန်းသက် ရောက်မည့် ဧရိယာတစ်ခုလုံးကို ဖေဖော်ဝါရီ ၁၀ ရက်မှ မတ်လ ၁၀ ရက်အထိ စစ်တမ်းကောက်ယူရန် လျာထားသည်ဟု မြို့တော်ဝန်က ပြောသည်။
ယခု ဆောင်ရွက်မည့် စီမံကိန်းသည် အပိုင်း (၁)ဖြစ်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ် ဒေါပုံတံတားအဆင်းကစတင်ကာ အထက်ပုဇွန်တောင်လမ်း၊ သံသုမာလမ်း၊ ဝေဇယန္တာလမ်း၊ သုဓမ္မာလမ်းတို့မှ ဖြတ်သန်းပြီး ခရေပင်လမ်းဆုံအထိ ၁၉ ကီလိုမီတာ (၁၁ မိုင်ကျော်)၊ ထို့နောက် တညင်းကုန်းလမ်းဆုံအထိ ၅ ဒသမ ၅ ကီလိုမီတာ (သုံးမိုင်ခွဲခန့်)နှင့် ရန်ကုန်လေဆိပ် အဝင်လမ်းအ ဖြစ် ၂ ဒသမ ၅ ကီလိုမီတာ (တစ် မိုင်ခွဲ)တို့ဖြစ်သည်။ ထိုလမ်းသည် စုစုပေါင်း အရှည် ၂၇ ကီလိုမီတာ (၁၆ မိုင်ကျော်)နှင့် အကျယ်မီတာ ၃၀ (ပေ ၁၀၀ ခန့်)ရှိသည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ရန္ကုန္မိုးပ်ံလမ္းစီမံကိန္းအခ်က္အလက္မ်ား အမ်ားျပည္သူသို႔ခ်ျပမည္
ရန္ကုန္ မိုးပ်ံအျမန္လမ္း အပိုင္း (၁)၏ စီမံကိန္းဆိုင္ရာအခ်က္အလက္မ်ားကို ၿမိဳ႕နယ္ ၆ ခုတြင္ အမ်ားျပည္သူသို႔ရွင္းျပမည္ဟု ရန္ကုန္တိုင္းအစိုးရႏွငိ့ေဆာက္လုပ္ေရးဝန္ႀကီးဌာနတို႔က ထုတ္ျပန္သည္။
အမ်ားျပည္သူသို႔ လာေရာက္ရွင္းျပမည့္ၿမိဳ႕နယ္မ်ားမွာ စီမံကိန္းအတြင္းက်ေရာက္သည့္ ၿမိဳ႕နယ္မ်ားျဖစ္သည့္ မဂၤလာေတာင္ၫြန္႔၊သဃၤန္းကြၽန္း၊ေတာင္ဥကၠလာပ၊ေျမာက္ဥကၠလာပႏွင့္ မရမ္းကုန္းၿမိဳ႕နယ္ တို႔ျဖစ္သည္။
ေဖေဖာ္ဝါရီ ၁၅ ရက္တြင္ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ ပုသိမ္ၫြန႔္ရပ္ကြက္ သုဒၶမၼဗ်ဴဟာဓမၼာ႐ုံ၊ေဖေဖာ္ဝါရီ ၁၆ ရက္တြင္ သဃၤန္းကြၽန္းၿမိဳ႕နယ္ ေထြအုပ္႐ုံးႏွင့္ ေတာင္ဥကၠလာပၿမိဳ႕နယ္ ျမင္သာၿမိဳ႕ဦးေက်ာင္း၊ ေဖေဖာ္ဝါရီ ၂၉ ရက္တြင္ ေျမာက္ဥကၠလာပ ေထြအုပ္႐ုံးႏွင့္ မရမ္းကုန္းၿမိဳ႕နယ္ ေထြအုပ္႐ုံးႏွင့္ မဂၤလာဒုံၿမိဳ႕နယ္ ျပည္သာယာရပ္ကြက္ ၿမိဳ႕နယ္သာသနာ့ ဗိမာန္ေတာ္ႀကီးတို႔၌ အသီးသီးရွင္းျပမည္ဟု ဆိုသည္။
သက္ဆိုင္ရာ ၿမိဳ႕နယ္အလိုက္ အခမ္းအနားသို႔ မည္သူမဆို တက္ေရာက္ႏိုင္သည္ဟု ေၾကညာထားသည္။
ရန္ကုန္ မိုးပ်ံအျမန္လမ္းပိုင္း ကို ဇူလိုင္တြင္ ေျမျပင္တည္ေဆာက္ေရး စတင္ႏိုင္မည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ရန္ကုန္တိုင္း လႊတ္ေတာ္ကိုယ္စားလွယ္မ်ားသို႔ ဇန္နဝါရီအတြင္း အသိေပးထားသည္။
စီမံကိန္းေဆာင္႐ြက္ရာတြင္ စီမံကိန္းဧရိယာအတြင္း ေျမအသုံးျပဳမႈ ကန႔္သတ္ျခင္းလုပ္ငန္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္ တိုင္းအစိုးရက ျပန္လည္ေနရာခ်ထားေရး ပံ့ပိုးေဆာင္႐ြက္ရမည္ဟု ဆိုသည္။
ထို႔အျပင္ စီမံကိန္းသက္ ေရာက္မည့္ ဧရိယာတစ္ခုလုံးကို ေဖေဖာ္ဝါရီ ၁၀ ရက္မွ မတ္လ ၁၀ ရက္အထိ စစ္တမ္းေကာက္ယူရန္ လ်ာထားသည္ဟု ၿမိဳ႕ေတာ္ဝန္က ေျပာသည္။
ယခု ေဆာင္႐ြက္မည့္ စီမံကိန္းသည္ အပိုင္း (၁)ျဖစ္ၿပီး မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ ေဒါပုံတံတားအဆင္းကစတင္ကာ အထက္ပုဇြန္ေတာင္လမ္း၊ သံသုမာလမ္း၊ ေဝဇယႏၲာလမ္း၊ သုဓမၼာလမ္းတို႔မွ ျဖတ္သန္းၿပီး ခေရပင္လမ္းဆုံအထိ ၁၉ ကီလိုမီတာ (၁၁ မိုင္ေက်ာ္)၊ ထို႔ေနာက္ တညင္းကုန္းလမ္းဆုံအထိ ၅ ဒသမ ၅ ကီလိုမီတာ (သုံးမိုင္ခြဲခန႔္)ႏွင့္ ရန္ကုန္ေလဆိပ္ အဝင္လမ္းအ ျဖစ္ ၂ ဒသမ ၅ ကီလိုမီတာ (တစ္ မိုင္ခြဲ)တို႔ျဖစ္သည္။ ထိုလမ္းသည္ စုစုေပါင္း အရွည္ ၂၇ ကီလိုမီတာ (၁၆ မိုင္ေက်ာ္)ႏွင့္ အက်ယ္မီတာ ၃၀ (ေပ ၁၀၀ ခန႔္)ရွိသည္။
စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com