ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Unicode Version ###
၂၀၁၈ ခုနှစ် အောက်တိုဘာမှစတင်ခဲ့သည့် ပုသိမ်တံတား အမှတ်(၂)ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ် ကြောင်းနိုင်ငံပိုင် သတင်းစာအရသိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အဆိုပါစီမံကိန်းသည် ယခုအခါ တံတားတစ်စင်းလုံး ၆၉ ရာ ခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ဖြစ်ကြောင်းသိရသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၆)မှ တာဝန်ယူပြီး ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပုသိမ်မြို့ မဟာဗန္ဓုလလမ်းနှင့် ငဝန်မြစ် အနောက်ဘက်ကမ်းရှိ လူနေရပ်ကွက်များသို့ တိုက်ရိုက်ဆက်သွယ်ကာ ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈ ဒသမ ၅ ဘီလီယံ အကုန်အကျခံကာတည်ဆောက်နေကြောင်း သိရသည်။
အဆိုပါပုသိမ်တံတားအမှတ် (၂) ၏ အမျိုးအစားမှာ သံမဏိသံပေါင်ခုံးတံတားဖြစ်ပြီး တံတား၏ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကာ တံတားသစ်၏အရှည်မှာ စုစုပေါင်း ပေ ၂၃၈၀ ရှိကြောင်း၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ ရှိပြီး လူသွားလမ်းတစ်ဖက်လျှင် အကျယ် ငါးပေစီပါဝင်ကာ ရေလမ်းကင်းလွတ် အကျယ် ၄၁၆ ပေနှင့် အမြင့် ပေ ၆၀ ရှိကြောင်း သိရသည်။
ပုသိမ်မြို့၏ ဖွံ့ဖြိုး တိုးတက်မှုမြန်ဆန်လာသည်နှင့်အမျှ ငဝန်မြစ်၏အနောက် ဘက်အခြမ်းတွင် မြို့ပြအိမ်ရာများ တိုးချဲ့ရန်လိုအပ်လာ၍ လည်းကောင်း၊ ချောင်းသာနှင့် ငွေဆောင်ကမ်းခြေအပါအဝင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ရှိ ကမ်းခြေပတ်လမ်းများကို ချိတ်ဆက်သွားလာနိုင်ရန်ရည်ရွယ်၍ တံတားသစ်အား တည်ဆောက်ရခြင်းဖြစ်ကြောင်းသိရသည်။
ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
၂၀၁၈ ခုႏွစ္ ေအာက္တိုဘာမွစတင္ခဲ့သည့္ ပုသိမ္တံတား အမွတ္ (၂) ယခုဘ႑ာႏွစ္အတြင္း အၿပီးတည္ေဆာက္မည္
၂၀၁၈ ခုႏွစ္ ေအာက္တိုဘာမွစတင္ခဲ့သည့္ ပုသိမ္တံတား အမွတ္(၂)ကို ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္အတြင္း အၿပီးတည္ေဆာက္မည္ျဖစ္ ေၾကာင္းႏိုင္ငံပိုင္ သတင္းစာအရသိရသည္။
ေဆာက္လုပ္ေရးဝန္ႀကီးဌာနက အေကာင္အထည္ေဖာ္ေဆာင္ရြက္ေနသည့္ အဆိုပါစီမံကိန္းသည္ ယခုအခါ တံတားတစ္စင္းလုံး ၆၉ ရာ ခိုင္ႏႈန္း ေဆာင္ရြက္ၿပီးစီးေနၿပီျဖစ္ျဖစ္ေၾကာင္းသိရသည္။
ေဆာက္လုပ္ေရး ဝန္ႀကီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖြဲ႕(၁၆)မွ တာဝန္ယူၿပီး ဧရာဝတီတိုင္းေဒသၾကီး ပုသိမ္ခရိုင္ ပုသိမ္ၿမိဳ႕ မဟာဗႏၶဳလလမ္းႏွင့္ ငဝန္ျမစ္ အေနာက္ဘက္ကမ္းရွိ လူေနရပ္ကြက္မ်ားသို႔ တိုက္ရိုက္ဆက္သြယ္ကာ ခန႔္မွန္းတန္ဖိုး ေငြက်ပ္ ၂၈ ဒသမ ၅ ဘီလီယံ အကုန္အက်ခံကာတည္ေဆာက္ေနေၾကာင္း သိရသည္။
အဆိုပါပုသိမ္တံတားအမွတ္ (၂) ၏ အမ်ိဳးအစားမွာ သံမဏိသံေပါင္ခုံးတံတားျဖစ္ၿပီး တံတား၏ခံနိုင္ဝန္မွာ ယာဥ္တစ္စီးခ်င္း ၇၅ တန္ျဖစ္ကာ တံတားသစ္၏အရွည္မွာ စုစုေပါင္း ေပ ၂၃၈၀ ရွိေၾကာင္း၊ ယာဥ္သြားလမ္းအက်ယ္ ၂၈ ေပ ရွိၿပီး လူသြားလမ္းတစ္ဖက္လၽွင္ အက်ယ္ ငါးေပစီပါဝင္ကာ ေရလမ္းကင္းလြတ္ အက်ယ္ ၄၁၆ ေပႏွင့္ အျမင့္ ေပ ၆၀ ရွိေၾကာင္း သိရသည္။
ပုသိမ္ၿမိဳ႕၏ ဖြံ့ၿဖိဳး တိုးတက္မႈျမန္ဆန္လာသည္ႏွင့္အမၽွ ငဝန္ျမစ္၏အေနာက္ ဘက္အျခမ္းတြင္ ၿမိဳ႕ျပအိမ္ရာမ်ား တိုးခ်ဲ႕ရန္လိုအပ္လာ၍ လည္းေကာင္း၊ ေခ်ာင္းသာႏွင့္ ေငြေဆာင္ကမ္းေျခအပါအဝင္ ဧရာဝတီတိုင္းေဒသႀကီးႏွင့္ ရခိုင္ျပည္နယ္ရွိ ကမ္းေၿခပတ္လမ္းမ်ားကို ခ်ိတ္ဆက္သြားလာနိုင္ရန္ရည္ရြယ္၍ တံတားသစ္အား တည္ေဆာက္ရျခင္းျဖစ္ေၾကာင္းသိရသည္။
ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com