ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Unicode Version ###
ဗြိတိန်ကုမ္ပဏီ Aberdeen Standard Investments (ASI) သည် စင်္ကာပူ တရုတ်တန်းရှိ ဈေးဆိုင်ခန်း ၆ ခုကို စင်္ကာပူဒေါ်လာ ၅၄ သန်း ဖြင့် ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ရောင်းချသူမှာ ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Phoenix Property Investors မှ ဖြစ်ပြီး Peck Seah လမ်း၊ အမှတ် ၄၈ မှ ၅၆ အကြား ကပ်လျက်တည်ရှိသော ဈေးဆိုင်ခန်း ၆ ခုကို စင်္ကာပူဒေါ်လာ ၅၄ သန်း (ကန်ဒေါ်လာ ၃၉ သန်း) ဖင့် ရောင်းချလိုက်ခြင်းဖြစ်သည်။
Aberdeen သည် ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု မတည်ငွေဖြစ်သော ပေါင် သန်း ၅၀၀ (ကန်ဒေါ်လာ ၆၄၇ သန်း) ထဲမှ ယခုဝယ်ယူမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဒေသတွင်းတွင် အခြေခံအဆောက်အအုံများ ချဲ့ထွင်ဖွံ့ဖြိုးလာသည့်အလျောက် ဒေသတွင်းနှင့် ပြည်ပမှ အချက်အခြာမြို့ကြီးများသို့ ရွှေ့ပြောင်းနေထိုင်လာမှုများကြောင့် လာမည့် ဆယ်စုနှစ်အတွင်း အာရှ-ပစိဖိတ်ဒေသရှိမြို့ကြီးများသည် ဖွံ့ဖြိုးတိုးတက်မှု အလွန် အားကောင်းလိမ့်မည်ဟု ယုံကြည်ကြောင်း Aberdeen မှ အာရှ-ပစိဖိတ်ဒေသ အိမ်ခြံမြေဆိုင်ရာအဖွဲ့ မန်နေဂျာတစ်ဦးဖြစ်သူ တက်ဒ် ရွိုင်းက ပြောကြားသည်။
Phoenix သည် အဆိုပါ ဈေးဆိုင်များကို ဂျပန်သင်္ဘောကုမ္ပဏီ K-Line ထံမှ ၂၀၁၄ နှစ်ကုန်ပိုင်းတွင် စင်္ကာပူဒေါ်လာ ၄၂ ဒသမ ၈ သန်းခန့်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ယခုအရောင်းအဝယ်တွင် ၂၀ ရာခိုင်နှုန်းကျော် မြတ်စွန်းခဲ့သည်။
Phoenix သည် စင်္ကာပူ၏ စီးပွားရေးအချက်အခြာဒေသတွင် တည်ရှိသော တန်ဂျောင် ပဂါးဘူတာရုံနှင့် မျက်နှာချင်းဆိုင်ရှိ နှစ်ထပ် အဆောက်အအုံများကိုလည်း ရောင်းချနေသည်။
Phoenix သည် အဆိုပါ အဆောက်အအုံများ၏ မျက်နှာစာများကို ၂၀၁၅ ခုနှစ်အတွင်း စင်္ကာပူဒေါ်လာ ၂ သန်းသုံးစွဲကာ မွမ်းမံမှုများပြုလုပ်ခြင်း၊ လေအေးပေးစက်အသစ်များ တပ်ဆင်ခြင်းနှင့် အတွင်းပိုင်းမွမ်းမံမှုများ ပြုလုပ်ခြင်း အစရှိသည်တို့ ပြုလုပ်ပြီးနောက် ပြန်လည်ရောင်းထုတ်ခဲ့ခြင်း ဖြစ်သည်။
ယခုအရောင်းအဝယ်ပြုလုပ်ခဲ့သည့် ဈေးဆိုင်များ၏ စုစုပေါင်း ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၁၉၉၃၈ (၂၁၄၆၁၁ စတုရန်းပေ) အကျယ်အဝန်းအရ Aberdeen သည် ၁ စတုရန်းပေလျှင် စင်္ကာပူဒေါ်လာ ၂၇၀၈ ပေးခဲ့ရခြင်းလည်း ဖြစ်သည်။
ယခုအရောင်းအဝယ်တွင် Colliers နှင့် JLL တို့က ရောင်းချသူဘက်မှ ကိုယ်စားပြုခြင်းဖြစ်ပြီး ပြီးခဲ့သောနှစ်အတွင်းက စတင်အရောင်းဈေးကွက်တင်ပေးခဲ့ခြင်းဖြစ်ကာ ထိုစဉ်ကခေါ်ဈေးမှာ စင်္ကာပူဒေါ်လာ ၅၇ ဒသမ ၈၂ သန်း ဖြစ်သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
ၿဗိတိန္ကုမၸဏီက စကၤာပူ တ႐ုတ္တန္းရွိ ေဈးဆိုင္ခန္း ၆ ခုကို စကၤာပူေဒၚလာ ၅၄ သန္းျဖင့္ ဝယ္ယူ
ၿဗိတိန္ကုမၸဏီ Aberdeen Standard Investments (ASI) သည္ စကၤာပူ တ႐ုတ္တန္းရွိ ေဈးဆိုင္ခန္း ၆ ခုကို စကၤာပူေဒၚလာ ၅၄ သန္း ျဖင့္ ဝယ္ယူလိုက္ေၾကာင္း ရွန္ဟိုင္းအေျခစိုက္ အိမ္ၿခံေျမသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။
ေရာင္းခ်သူမွာ ေဟာင္ေကာင္အေျခစိုက္ အိမ္ၿခံေျမ ရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီ Phoenix Property Investors မွ ျဖစ္ၿပီး Peck Seah လမ္း၊ အမွတ္ ၄၈ မွ ၅၆ အၾကား ကပ္လ်က္တည္ရွိေသာ ေဈးဆိုင္ခန္း ၆ ခုကို စကၤာပူေဒၚလာ ၅၄ သန္း (ကန္ေဒၚလာ ၃၉ သန္း) ဖင့္ ေရာင္းခ်လိုက္ျခင္းျဖစ္သည္။
Aberdeen သည္ ၎တို႔၏ ကမာၻလုံးဆိုင္ရာ အိမ္ၿခံေျမရင္းႏွီးျမႇဳပ္ႏွံမႈ မတည္ေငြျဖစ္ေသာ ေပါင္ သန္း ၅၀၀ (ကန္ေဒၚလာ ၆၄၇ သန္း) ထဲမွ ယခုဝယ္ယူမႈကို ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။
ေဒသတြင္းတြင္ အေျခခံအေဆာက္အအုံမ်ား ခ်ဲ႕ထြင္ဖြံ႕ၿဖိဳးလာသည့္အေလ်ာက္ ေဒသတြင္းႏွင့္ ျပည္ပမွ အခ်က္အျခာၿမိဳ႕ႀကီးမ်ားသို႔ ေ႐ႊ႕ေျပာင္းေနထိုင္လာမႈမ်ားေၾကာင့္ လာမည့္ ဆယ္စုႏွစ္အတြင္း အာရွ-ပစိဖိတ္ေဒသရွိၿမိဳ႕ႀကီးမ်ားသည္ ဖြံ႕ၿဖိဳးတိုးတက္မႈ အလြန္ အားေကာင္းလိမ့္မည္ဟု ယုံၾကည္ေၾကာင္း Aberdeen မွ အာရွ-ပစိဖိတ္ေဒသ အိမ္ၿခံေျမဆိုင္ရာအဖြဲ႕ မန္ေနဂ်ာတစ္ဦးျဖစ္သူ တက္ဒ္ ႐ြိဳင္းက ေျပာၾကားသည္။
Phoenix သည္ အဆိုပါ ေဈးဆိုင္မ်ားကို ဂ်ပန္သေဘၤာကုမၸဏီ K-Line ထံမွ ၂၀၁၄ ႏွစ္ကုန္ပိုင္းတြင္ စကၤာပူေဒၚလာ ၄၂ ဒသမ ၈ သန္းခန႔္ျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ရာ ယခုအေရာင္းအဝယ္တြင္ ၂၀ ရာခိုင္ႏႈန္းေက်ာ္ ျမတ္စြန္းခဲ့သည္။
Phoenix သည္ စကၤာပူ၏ စီးပြားေရးအခ်က္အျခာေဒသတြင္ တည္ရွိေသာ တန္ေဂ်ာင္ ပဂါးဘူတာ႐ုံႏွင့္ မ်က္ႏွာခ်င္းဆိုင္ရွိ ႏွစ္ထပ္ အေဆာက္အအုံမ်ားကိုလည္း ေရာင္းခ်ေနသည္။
Phoenix သည္ အဆိုပါ အေဆာက္အအုံမ်ား၏ မ်က္ႏွာစာမ်ားကို ၂၀၁၅ ခုႏွစ္အတြင္း စကၤာပူေဒၚလာ ၂ သန္းသုံးစြဲကာ မြမ္းမံမႈမ်ားျပဳလုပ္ျခင္း၊ ေလေအးေပးစက္အသစ္မ်ား တပ္ဆင္ျခင္းႏွင့္ အတြင္းပိုင္းမြမ္းမံမႈမ်ား ျပဳလုပ္ျခင္း အစရွိသည္တို႔ ျပဳလုပ္ၿပီးေနာက္ ျပန္လည္ေရာင္းထုတ္ခဲ့ျခင္း ျဖစ္သည္။
ယခုအေရာင္းအဝယ္ျပဳလုပ္ခဲ့သည့္ ေဈးဆိုင္မ်ား၏ စုစုေပါင္း ၾကမ္းခင္းဧရိယာ စတုရန္းမီတာ ၁၉၉၃၈ (၂၁၄၆၁၁ စတုရန္းေပ) အက်ယ္အဝန္းအရ Aberdeen သည္ ၁ စတုရန္းေပလွ်င္ စကၤာပူေဒၚလာ ၂၇၀၈ ေပးခဲ့ရျခင္းလည္း ျဖစ္သည္။
ယခုအေရာင္းအဝယ္တြင္ Colliers ႏွင့္ JLL တို႔က ေရာင္းခ်သူဘက္မွ ကိုယ္စားျပဳျခင္းျဖစ္ၿပီး ၿပီးခဲ့ေသာႏွစ္အတြင္းက စတင္အေရာင္းေဈးကြက္တင္ေပးခဲ့ျခင္းျဖစ္ကာ ထိုစဥ္ကေခၚေဈးမွာ စကၤာပူေဒၚလာ ၅၇ ဒသမ ၈၂ သန္း ျဖစ္သည္။ ဝယ္လက္ဘက္မွ ကိုယ္စားျပဳသည္မွာ စကၤာပူ အိမ္ၿခံေျမအက်ိဳးေဆာင္ Sakal Real Estate Partners ျဖစ္သည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com