ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Unicode Version ###
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ အရှုံးပေါ်ခဲ့သည့် ဓါတ်မြေသြဇာစက်ရုံနှစ်ရုံသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကစ၍အမြတ်ပြန်လည်ရရှိပြီဟုလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောသည်။
ထိုစက်ရုံနှစ်ရုံမှာ အမှတ် ၄ ဓါတ်မြေသြဇာစက်ရုံ (မြောင်းတကာ)နှင့် အမှတ်၅ ဓါတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်)တို့ဖြစ်သည်။
ထိုစက်ရုံများအကြောင်းကို ဖေဖော်ဝါရီ ၁၀ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဒုဝန်ကြီးကပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုစက်ရုံတို့ကိုလွှတ်တော်က ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ဆိုင်းငံ့ထားခဲ့ပြီး သို့သော်ဝန်ကြီးဌာနကပြန်လည်ရှင်းလင်းတင်ပြမှုကြောင့် ပြန်လည်ခွင့်ပြုခဲ့သည်။
ထိုစက်ရုံနှစ်ခုသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ် ၂၀၁၈-၁၉မှ စတင်ပြီး ကျပ် ခြောက်ဘီလီယံခွဲ ကျော် အမြတ်ရခဲ့သည်ဟုဆိုသည်။
အမှတ် (၄) ဓာတ်မြေသြ ဇာစက်ရုံ (မြောင်းတကာ) သည် ၂၀၁၅ - ၁၆ ဘဏ္ဍာရေးနှစ် တွင် ကျပ် ၁၈ ဘီလီ ယံကျော်၊ ၂၀၁၆ - ၁၇ တွင် ကျပ် ၁၂ ဘီလီယံအရှုံးပေါ်ခဲ့သည်။
အမှတ် (၅) ဓာတ်မြေသြဇာ စက်ရုံ (ကန်ကြီးထောင့်)သည် ၂၀၁၅ - ၁၆ နှင့် ၂၀၁၆ - ၁၇ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၃ ဘီလီယံကျော် အရှုံးပေါ်ခဲ့သည်။
ထိုစက်ရုံနှစ်ရုံလည်ပတ်နိုင်ရန် တရုတ်နိုင်ငံမှ ယွမ်သန်း ငါးရာနှင့် ကန်ဒေါ်လာ ၃၇ သန်းကျော် ချေးယူခဲ့သည်။
လက်ရှိတွင် ယွမ် သန်း ၅၀နှင့် ဒေါ်လာ ၁၀ သန်းသာကျန်တော့ကြောင်း ဒုဝန်ကြီးကပြောသည်။
ယွမ်သန်း ၅၀ ကို ယခုနှစ်အတွင်း နှင့် ဒေါ်လာ၁၀ သန်းကို ၃ နှစ်အတွင်း အကျေဆပ်သွားမည်ဟုဝန်ကြီးကဆိုသည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
အရႈံးေပၚခဲ့သည့္ စက္႐ုံႏွစ္ခု အျမတ္ျပန္ရၿပီဟုဒုဝန္ႀကီးဆို
လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနေအာက္ရွိ အရႈံးေပၚခဲ့သည့္ ဓါတ္ေျမၾသဇာစက္႐ုံႏွစ္႐ုံသည္ ၿပီးခဲ့သည့္ ဘ႑ာႏွစ္ကစ၍အျမတ္ျပန္လည္ရရွိၿပီဟုလွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာထြန္းႏိုင္က ေျပာသည္။
ထိုစက္႐ုံႏွစ္႐ုံမွာ အမွတ္ ၄ ဓါတ္ေျမၾသဇာစက္႐ုံ (ေျမာင္းတကာ)ႏွင့္ အမွတ္၅ ဓါတ္ေျမၾသဇာစက္႐ုံ (ကန္ႀကီးေထာင့္)တို႔ျဖစ္သည္။
ထိုစက္႐ုံမ်ားအေၾကာင္းကို ေဖေဖာ္ဝါရီ ၁၀ ရက္ကျပဳလုပ္သည့္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးတြင္ ဒုဝန္ႀကီးကေျပာၾကားခဲ့ျခင္းျဖစ္သည္။
ထိုစက္႐ုံတို႔ကိုလႊတ္ေတာ္က ၂၀၁၇ - ၂၀၁၈ ဘ႑ာေရးႏွစ္အတြင္း ဆိုင္းငံ့ထားခဲ့ၿပီး သို႔ေသာ္ဝန္ႀကီးဌာနကျပန္လည္ရွင္းလင္းတင္ျပမႈေၾကာင့္ ျပန္လည္ခြင့္ျပဳခဲ့သည္။
ထိုစက္႐ုံႏွစ္ခုသည္ ၿပီးခဲ့သည့္ ဘ႑ာႏွစ္ ၂၀၁၈-၁၉မွ စတင္ၿပီး က်ပ္ ေျခာက္ဘီလီယံခြဲ ေက်ာ္ အျမတ္ရခဲ့သည္ဟုဆိုသည္။
အမွတ္ (၄) ဓာတ္ေျမၾသ ဇာစက္႐ုံ (ေျမာင္းတကာ) သည္ ၂၀၁၅ - ၁၆ ဘ႑ာေရးႏွစ္ တြင္ က်ပ္ ၁၈ ဘီလီယံေက်ာ္၊ ၂၀၁၆ - ၁၇ တြင္ က်ပ္ ၁၂ ဘီလီယံအရႈံးေပၚခဲ့သည္။
အမွတ္ (၅) ဓာတ္ေျမၾသဇာ စက္႐ုံ (ကန္ႀကီးေထာင့္)သည္ ၂၀၁၅ - ၁၆ ႏွင့္ ၂၀၁၆ - ၁၇ ဘ႑ာေရးႏွစ္တြင္ က်ပ္ ၁၃ ဘီလီယံေက်ာ္ အရႈံးေပၚခဲ့သည္။
ထိုစက္႐ုံႏွစ္႐ုံလည္ပတ္ႏိုင္ရန္ တ႐ုတ္ႏိုင္ငံမွ ယြမ္သန္း ငါးရာႏွင့္ ကန္ေဒၚလာ ၃၇ သန္းေက်ာ္ ေခ်းယူခဲ့သည္။
လက္ရွိတြင္ ယြမ္ သန္း ၅၀ႏွင့္ ေဒၚလာ ၁၀ သန္းသာက်န္ေတာ့ေၾကာင္း ဒုဝန္ႀကီးကေျပာသည္။
ယြမ္သန္း ၅၀ ကို ယခုႏွစ္အတြင္း ႏွင့္ ေဒၚလာ၁၀ သန္းကို ၃ ႏွစ္အတြင္း အေက်ဆပ္သြားမည္ဟုဝန္ႀကီးကဆိုသည္။
စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com