ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Unicode Version ###
သန်လျင် - သီလဝါစက်မှုဇုန်လမ်း (၄)လမ်းသွား ကတ္တရာကွန်ကရစ်လမ်း မကြာမီဖွင့်လှစ်တော့မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။
JICA ODA Loan ဂျပန်ယန်း ၄၆၁၃ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော သန်လျင်တံတားမှစ၍ သီလဝါစက်မှုဇုန် အထိ (၄) လမ်းသွား ကတ္တရာကွန်ကရစ်လမ်းခင်းထားပြီး သန်လျင်တံတားအဆင်းမှ သီလဝါစက်မှုဇုန်အထိအရှည် ၈ ဒသမ ၇ ကီလိုမီ တာရှိပြီး လမ်းဘေးလူသွားလမ်း (၄) မီတာအကျယ်ကို ရေမြောင်း ၊ လျှပ်စစ်မီးကြိုးလိုင်းနှင့် ဆက်သွယ်ရေးလိုင်းများ ထည့်သွင်း၍ အဆင့်မြှင့်တင်တည်ဆောက်ထားခြင်းဖြစ် ကြောင်းသိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် စက်မှုဇုန်လမ်းအဆင့်မြှင့်တင်ခြင်းကို ဖေဖော်ဝါရီ ၈ ရက်က သွားရောက်စစ်ဆေးခဲ့ကာ စီမံကိန်း၏ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး စီမံကိန်းလုပ်ငန်းများ ပြီးစီးနေပြီဖြစ်၍ အချောသတ်လုပ်ငန်းများနှင့် လျှပ်စစ်သွယ်တန်းမှု လုပ်ငန်းများကိုအမြန်ပြီးစီးအောင် ဆောင်ရွက်သွားရန်မှာကြားကာ လမ်းဖွင့်ပွဲကျင်းပမည့်ရက်ကို ညှိနှိုင်းသတ်မှတ်ပေးခဲ့ပြီး မကြာမီဖွင့်လှစ်နိုင်ရန်စီစဉ်ထားကြောင်း သိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
သန္လ်င္ - သီလဝါစက္မႈဇုန္လမ္း (၄)လမ္းသြား ကတၱရာကြန္ကရစ္လမ္း မၾကာမီဖြင့္လွစ္ေတာ့မည္
သန္လ်င္ - သီလဝါစက္မႈဇုန္လမ္း (၄)လမ္းသြား ကတၱရာကြန္ကရစ္လမ္း မၾကာမီဖြင့္လွစ္ေတာ့မည္ ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ သိရသည္။
JICA ODA Loan ဂ်ပန္ယန္း ၄၆၁၃ သန္းျဖင့္ အေကာင္အထည္ေဖာ္ေဆာင္ရြက္ေနေသာ သန္လ်င္တံတားမွစ၍ သီလဝါစက္မႈဇုန္ အထိ (၄) လမ္းသြား ကတၱရာကြန္ကရစ္လမ္းခင္းထားၿပီး သန္လ်င္တံတားအဆင္းမွ သီလဝါစက္မႈဇုန္အထိအရွည္ ၈ ဒသမ ၇ ကီလိုမီတာရွိၿပီး လမ္းေဘးလူသြားလမ္း (၄) မီတာအက်ယ္ကို ေရေျမာင္း ၊ လၽွပ္စစ္မီးႀကိဳးလိုင္းႏွင့္ ဆက္သြယ္ေရးလိုင္းမ်ား ထည့္သြင္း၍ အဆင့္ျမႇင့္တင္တည္ေဆာက္ထားျခင္းျဖစ္ ေၾကာင္းသိရသည္။
ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာေက်ာ္လင္းသည္ စက္မႈဇုန္လမ္းအဆင့္ျမႇင့္တင္ျခင္းကို ေဖေဖာ္ဝါရီ ၈ ရက္က သြားေရာက္စစ္ေဆးခဲ့ကာ စီမံကိန္း၏ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံၿပီး စီမံကိန္းလုပ္ငန္းမ်ား ၿပီးစီးေနၿပီျဖစ္၍ အေခ်ာသတ္လုပ္ငန္းမ်ားႏွင့္ လၽွပ္စစ္သြယ္တန္းမႈ လုပ္ငန္းမ်ားကိုအျမန္ၿပီးစီးေအာင္ ေဆာင္ရြက္သြားရန္မွာၾကားကာ လမ္းဖြင့္ပြဲက်င္းပမည့္ရက္ကို ညႇိႏွိုင္းသတ္မွတ္ေပးခဲ့ၿပီး မၾကာမီဖြင့္လွစ္ႏိုင္ရန္စီစဥ္ထားေၾကာင္း သိရသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com