ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Unicode Version ###
BDS Smart City အိမ်ရာစီမံကိန်းအား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရွှေလီလမ်းနှင့် မြနန္ဒာလမ်းထောင့်ရှိ မြေဧရိယာ(၁၈၃)ဧက ခန့် တွင်ဖော်ဆောင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရမှသိရသည်။
အဆိုပါ အိမ်ရာစီမံကိန်းအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် BDS Smart City Co., Ltd တို့အကြား Concession Agreement လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက်က ဒဂုံမြို့နယ်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
BDS Smart City Project အား အပိုင်း(၁၂)ခုဖြင့် ခွဲခြားထားပြီး Affordable Housing, High End residential, Shop Lots, Shop House, School, Hospital, Community Centre များနှင့် Mix development project အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်းတည်ဆောက်မှု ကာလမှာ (၆) နှစ်မှ (၁၀)နှစ်အထိ ကြာမြင့်မှာဖြစ်ပြီး၊ စီမံကိန်းတစ်ခုလုံး၏ Gross Development Value (GDV) မှာ အမေရိကန်ဒေါ်လာ (၇၈၂.၇၂) သန်းဖြစ်ကြောင်းသိရသည်။
အဆိုပါ စီမံကိန်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွက် Affordable Housing ကို Net Floor Area (NFA) (၂၄၂,၇၉၉.၅၂) စတုရန်မီတာနှင့် ညီမျှသောအိမ်ခန်းယူနစ်ပေါင်း (၃,၈၄၈)ယူနစ်၊ ကာလတန်ဖိုး အမေရိကန်ဒေါ်လာ (၁၈၂) သန်းကျော်အား ဆောက်လုပ်ပေးသွားမှာ ဖြစ်ကြောင်း သိရသည်။
ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###