ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Unicode Version ###
စင်ကာပူဘဏ်နှစ်ခု ဖြစ်သည့် OCBC နှင့် UOB ဘဏ် မြန်မာရုံးခွဲများက ရွှေတောင်ကုမ္ပဏီကို အစိမ်းရောင်ချေးငွေဒေါ်လာ ၄၄ သန်းပေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
ထိုချေးငွေသည် ၂၀၁၇ တွင် ဖွင့်လှစ်သည့် Junction City ဈေးဝယ်စင်တာကို သဘာဝပတ်ဝန်းကျင် လိုက်လျောညီတွေဖြစ်စေသော အစိမ်းရောင်ကဏ္ဍ၌ အဆင့်မြှင့်တင်ရန်ဖြစ်ကြောင်း The Business Times သတင်းဌာနတွင် ဖော်ပြ သည်။
ဒီချေးငွေပမာဏအနက် ဒေါ်လာသန်း(၃၀)ခန့်ကို OCBC ကချေမည်ဖြစ်ပြီး၊ ကျန်ပမာဏကို UOB က ချေးငွေပေးမည်ဖြစ်သည်ဟု OCBC နှင့် ရွှေတောင်ကုမ္ပဏီတို့၏ ပူးတွဲထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ထိုဈေးဝယ်စင်တာကို သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုဖြစ်စေရန် အချက်များ ထည့်သွင်းရန်ဖြစ်သည်ဟုဆိုသည်။ ယင်းတို့အနက် လျှပ်စစ်သုံးစွဲမှုလျော့နည်းရန်၊ မှန်ပြတင်းပေါက်များ တပ်ဆင်ရန်နှင့် ခေါင်မိုးတွင် နေရောင်ခြည်သုံးဆိုလာ ပန်နယ်များတပ်ဆင်ရန်ဖြစ်သည် ဟု ဆိုသည်။
ထိုသို့ လုပ်ဆောင်ခြင်းအတွက် စွမ်းအင်သုံးစွဲမှုကို ၁၅ ရာ ခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချရန် စီစဉ်ထားသည်ဟုဆို သည်။ Junction City သည်လည်း ကိုယ်ပိုင်ရေဆိုးသန့်စင်မှုစနစ်ရှိ သည်။
Junction City သည် စင်ကာပူအဆောက်အအုံနှင့် ဆောက်လုပ်ရေးအာဏာပိုင်အဖွဲ့၏ The Green Mark လက်မှတ်ရရှိပြီးနောက် အဆိုပါဘဏ် နှစ်ခုက ချေးငွေထုတ်ပေးခြင်းဖြစ်သည်။ OCBC ဘဏ်နှင့် UOB ဘဏ်နှစ်ခုစလုံး စင်ကာပူအခြေ စိုက်ဘဏ်များဖြစ်သည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
စင္ကာပူဘဏ္ႏွစ္ခုက Junction City ကို အဆင့္ျမႇင့္တင္ရန္ ေ႐ႊေတာင္ကုမၸဏီကို ေခ်းေငြ ေဒၚလာ ၄၄ သန္းေပး
စင္ကာပူဘဏ္ႏွစ္ခု ျဖစ္သည့္ OCBC ႏွင့္ UOB ဘဏ္ ျမန္မာ႐ုံးခြဲမ်ားက ေ႐ႊေတာင္ကုမၸဏီကို အစိမ္းေရာင္ေခ်းေငြေဒၚလာ ၄၄ သန္းေပးခဲ့ေၾကာင္း သတင္းထုတ္ျပန္သည္။
ထိုေခ်းေငြသည္ ၂၀၁၇ တြင္ ဖြင့္လွစ္သည့္ Junction City ေစ်းဝယ္စင္တာကို သဘာဝပတ္ဝန္းက်င္ လိုက္ေလ်ာညီေတြျဖစ္ေစေသာ အစိမ္းေရာင္က႑၌ အဆင့္ျမႇင့္တင္ရန္ျဖစ္ေၾကာင္း The Business Times သတင္းဌာနတြင္ ေဖာ္ျပ သည္။
ဒီေခ်းေငြပမာဏအနက္ ေဒၚလာသန္း(၃၀)ခန႔္ကို OCBC ကေခ်မည္ျဖစ္ၿပီး၊ က်န္ပမာဏကို UOB က ေခ်းေငြေပးမည္ျဖစ္သည္ဟု OCBC ႏွင့္ ေ႐ႊေတာင္ကုမၸဏီတို႔၏ ပူးတြဲထုတ္ျပန္ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။
ထိုေစ်းဝယ္စင္တာကို သဘာဝပတ္ဝန္းက်င္ႏွင့္ လိုက္ေလ်ာညီေထြမႈျဖစ္ေစရန္ အခ်က္မ်ား ထည့္သြင္းရန္ျဖစ္သည္ဟုဆိုသည္။ ယင္းတို႔အနက္ လွ်ပ္စစ္သုံးစြဲမႈေလ်ာ့နည္းရန္၊ မွန္ျပတင္းေပါက္မ်ား တပ္ဆင္ရန္ႏွင့္ ေခါင္မိုးတြင္ ေနေရာင္ျခည္သုံးဆိုလာ ပန္နယ္မ်ားတပ္ဆင္ရန္ျဖစ္သည္ ဟု ဆိုသည္။
ထိုသို႔ လုပ္ေဆာင္ျခင္းအတြက္ စြမ္းအင္သုံးစြဲမႈကို ၁၅ ရာ ခိုင္ႏႈန္းမွ ၂၀ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ရန္ စီစဥ္ထားသည္ဟုဆို သည္။ Junction City သည္လည္း ကိုယ္ပိုင္ေရဆိုးသန႔္စင္္မႈစနစ္ရွိ သည္။
Junction City သည္ စင္ကာပူအေဆာက္အအုံႏွင့္ ေဆာက္လုပ္ေရးအာဏာပိုင္အဖြဲ႕၏ The Green Mark လက္မွတ္ရရွိၿပီးေနာက္ အဆိုပါဘဏ္ ႏွစ္ခုက ေခ်းေငြထုတ္ေပးျခင္းျဖစ္သည္။ OCBC ဘဏ္ႏွင့္ UOB ဘဏ္ႏွစ္ခုစလုံး စင္ကာပူအေျခ စိုက္ဘဏ္မ်ားျဖစ္သည္။
စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com