ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Unicode Version ###
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့်လူထုအခြေပြုဗဟိုဌာန ဗဟန်း(Community Centre BaHan) ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၈ ရက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်း၌ ကျင်းပခဲ့ကြောင်း ရန်ကုန်တိုင်း အစိုးရမှသိရသည်။
လူထုအခြေပြုဗဟိုဌာန ဗဟန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်မှ ငွေကျပ် ၄၈၄ ဒသမ ၁ သန်း အကုန်အကျခံကာ တည် ဆောက်ခဲ့ခြင်း ဖြစ်ပြီး၊မြေညီထပ်တွင်ကလေးများအတွက် ခေတ်မီကစားကွင်း၊ ကလေးစာဖတ်ခန်း၊လူငယ်၊လူကြီးများ ကျန်းမာရေးအ တွက် အသုံးပြုရန် စက်ကိရိယာများ၊ပထမထပ်တွင် ဗဟုသုတရဖွယ် ပြတိုက်ငယ်နှင့်အစည်းအဝေးခန်းမ၊ပင်မစာကြည့်တိုက်၊ ဒုတိယ ထပ်တွင် လက်ပ် တော့ကွန်ပျူတာ ၂၅ စုံ ရှိသည့် သင်တန်းခန်းမနှင့် ဆွေးနွေးပွဲများ၊ အခမ်းအနားများ၊ စကားဝိုင်းများကျင်းပနိုင်ရန် အတွက်ဘက်စုံသုံး ခန်းမကြီးတစ်ခန်း၊ အပေါ်ဆုံးထပ် ဘယ်၊ ညာတွင် စာပေစကားဝိုင်းများ ကျင်းပရန်၊လူထုအားကစားလှုပ်ရှားမှုများ လုပ်ဆောင်ရန် လသာ ဆောင်များပါဝင်ကြောင်း သိရသည်။
အဆိုပါ အဆောက်အအုံအား ပြန်ကြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှ ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရခိုင်တိုင်းရင်းသား လူမျိူးရေးရာ ဝန်ကြီးဦးဇော်အေးမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ ကြောင်းသိရသည်။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
လူထုအေျချပဳဗဟိုဌာန ဗဟန္းဖြင့္လွစ္
ျပန္ၾကားေရးဝန္ႀကီးဌာနႏွင့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕တို႔ ပူးေပါင္းေဆာင္ရြက္မႈျဖင့္လူထုအေျချပဳဗဟိုဌာန ဗဟန္း(Community Centre BaHan) ဖြင့္ပြဲအခမ္းအနားကို ေဖေဖာ္ဝါရီ ၈ ရက္က ရန္ကုန္ၿမိဳ႕၊ ဗဟန္းၿမိဳ႕နယ္၊ ေရႊဂုံတိုင္လမ္း၌ က်င္းပခဲ့ေၾကာင္း ရန္ကုန္တိုင္း အစိုးရမွသိရသည္။
လူထုအေျချပဳဗဟိုဌာန ဗဟန္းကို ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္အတြင္း နိုင္ငံေတာ္မွ ေငြက်ပ္ ၄၈၄ ဒသမ ၁ သန္း အကုန္အက်ခံကာ တည္ ေဆာက္ခဲ့ျခင္း ျဖစ္ၿပီး၊ေျမညီထပ္တြင္ကေလးမ်ားအတြက္ ေခတ္မီကစားကြင္း၊ ကေလးစာဖတ္ခန္း၊လူငယ္၊လူႀကီးမ်ား က်န္းမာေရးအ တြက္ အသုံးျပဳရန္ စက္ကိရိယာမ်ား၊ပထမထပ္တြင္ ဗဟုသုတရဖြယ္ ျပတိုက္ငယ္ႏွင့္အစည္းအေဝးခန္းမ၊ပင္မစာၾကည့္တိုက္၊ ဒုတိယထပ္တြင္ လက္ပ္ ေတာ့ကြန္ပ်ဴတာ ၂၅ စုံ ရွိသည့္ သင္တန္းခန္းမႏွင့္ ေဆြးေႏြးပြဲမ်ား၊ အခမ္းအနားမ်ား၊ စကားဝိုင္းမ်ားက်င္းပနိုင္ရန္ အတြက္ဘက္စုံသုံး ခန္းမႀကီးတစ္ခန္း၊ အေပၚဆုံးထပ္ ဘယ္၊ ညာတြင္ စာေပစကားဝိုင္းမ်ား က်င္းပရန္၊လူထုအားကစားလႈပ္ရွားမႈမ်ား လုပ္ေဆာင္ရန္ လသာ ေဆာင္မ်ားပါဝင္ေၾကာင္း သိရသည္။
အဆိုပါ အေဆာက္အအုံအား ျပန္ၾကားေရးဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေဖျမင့္၊ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း၊ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ဥကၠ႒ ဦးတင္ေမာင္ထြန္း၊ ျပန္ၾကားေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးေအာင္လွ ထြန္း၊ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ရခိုင္တိုင္းရင္းသား လူမ်ိဴးေရးရာ ဝန္ႀကီးဦးေဇာ္ေအးေမာင္တို႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးခဲ့ ေၾကာင္းသိရသည္။
ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com