ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Unicode Version ###
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများထပ်မံရောင်းချမည်ဖြစ်ကြောင်း ဖေဖေါ်ဝါရီ ၇ ရက်က အသိပေး ကြေညာချက်ကို ရန်ကုန်တိုင်းအစိုးရမှ ထုတ်ပြန်ထားသည်။
အဆိုပါရောင်းချမည့်မြေများမှာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက်သော်လည်းကောင်း၊ လူနေထိုင်ရန်အတွက်သော်လည်းကောင်း မြေအသုံးပြုခွင့်အား သတ်မှတ်စည်ပင်စရိတ်ပေးသွင်း၍ အသုံးပြုခွင့်ပြုမည်ဖြစ်ရာ စိတ်ပါဝင်စားသူ မည်သူမဆိုသတ်မှတ်ထားသည့် မြေအသုံးပြုခွင့် လျှောက်လွှာပုံစံအတိုင်း မိမိအစီအစဉ်ဖြင့် ကွန်ပျူတာရိုက်နှိပ်ပြုစုဖြည့်စွက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နီးစပ်ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီရုံး/ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးများတွင် ရုံးချိန်အတွင်း တင်သွင်းနိုင်ကြောင်း အသိပေးထားသည်။
ရန်ကုန်တိုင်းအစိုးရ ရောင်းချမည့်မြေကွက်များမှာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒလမြို့နယ် ၊ ရွှေပြည်သာမြို့နယ် ၊မြောက်ဥက္ကလာပမြို့နယ် ၊လှိုင်သာယာမြို့နယ် ၊ဆိတ်ကြီးခနောင်တိုမြို့နယ် ၊ကျောက်တန်းမြို့နယ် အတွင်းရှိ မြေကွက်များပါဝင်မည်ဖြစ်ပြီး မြေကွက်လျှောက်လွှာများကို( ၆-၃-၂၀၂၀ ) ရက် နောက်ဆုံးထားပြီး တင်ရမည်ဖြစ်ကြောင်း သိရသည်။
ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က စီမံခန႔္ခြဲပိုင္ခြင့္ရွိေသာ ေျမမ်ားထပ္မံေရာင္းခ်
ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က စီမံခန႔္ခြဲပိုင္ခြင့္ရွိေသာ ေျမမ်ားထပ္မံေရာင္းခ်မည္ျဖစ္ေၾကာင္း ေဖေဖၚဝါရီ ၇ ရက္က အသိေပး ေၾကညာခ်က္ကို ရန္ကုန္တိုင္းအစိုးရမွ ထုတ္ျပန္ထားသည္။
အဆိုပါေရာင္းခ်မည့္ေျမမ်ားမွာ စီးပြားေရးလုပ္ငန္းလုပ္ကိုင္ရန္အတြက္ေသာ္လည္းေကာင္း၊ လူေနထိုင္ရန္အတြက္ေသာ္လည္းေကာင္း ေျမအသုံးျပဳခြင့္အား သတ္မွတ္စည္ပင္စရိတ္ေပးသြင္း၍ အသုံးျပဳခြင့္ျပဳမည္ျဖစ္ရာ စိတ္ပါဝင္စားသူ မည္သူမဆိုသတ္မွတ္ထားသည့္ ေျမအသုံးျပဳခြင့္ ေလွ်ာက္လႊာပုံစံအတိုင္း မိမိအစီအစဥ္ျဖင့္ ကြန္ပ်ဴတာ႐ိုက္ႏွိပ္ျပဳစုျဖည့္စြက္၍ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ နီးစပ္ရာ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ႐ုံး/ ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕႐ုံးမ်ားတြင္ ႐ုံးခ်ိန္အတြင္း တင္သြင္းႏိုင္ေၾကာင္း အသိေပးထားသည္။
ရန္ကုန္တိုင္းအစိုးရ ေရာင္းခ်မည့္ေျမကြက္မ်ားမွာ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)၊ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)၊ ဒလၿမိဳ႕နယ္ ၊ ေ႐ႊျပည္သာၿမိဳ႕နယ္ ၊ေျမာက္ဥကၠလာပၿမိဳ႕နယ္ ၊လႈိင္သာယာၿမိဳ႕နယ္ ၊ဆိတ္ႀကီးခေနာင္တိုၿမိဳ႕နယ္ ၊ေက်ာက္တန္းၿမိဳ႕နယ္ အတြင္းရွိ ေျမကြက္မ်ားပါဝင္မည္ျဖစ္ၿပီး ေျမကြက္ေလွ်ာက္လႊာမ်ားကို( ၆-၃-၂၀၂၀ ) ရက္ ေနာက္ဆုံးထားၿပီး တင္ရမည္ျဖစ္ေၾကာင္း သိရသည္။
ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com