ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Unicode Version ###
ထားဝယ်အထူးစီးပွားရေးဇုန်သို့ Japanese Chamber of Commerce Bangkok မှ ဦးဆောင်ပြီး JBIC of Thailand, JICA နှင့် ထိုင်းနိုင်ငံအခြေစိုက် ဂျပန်ကုမ္ပဏီ (၉) ခုမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် လေ့လာသူ (၁၈) ဦးသည် ထားဝယ်အထူးစီးပွားရေးဇုန်သို့ ယခုလ ၆ ရက်က မြန်မာ-ထိုင်းနယ်စပ် ထီးခီးကားလမ်းမှ တဆင့် လာရောက်ခဲ့ကြပြီး ၇ ရက်နေ့က ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာမြင့်ဆန်းမှ အဆိုပါ ဧည့်သည်တော်များအား ကြိုဆိုတွေ့ဆုံခဲ့ပြီး ထားဝယ်အထူးစီးပွားရေးဇုန်ဖြစ်ပေါ်တိုးတက်မှုနှင့် အလားအလာများအား လာရောက် ရင်းနှီးမြုှုပ်နှံနိုင်ရေးရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
တွေ့ဆုံမှုတွင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များနှင့် ကနဦးစီမံကိန်းလုပ်ငန်း ရင်းနှီး တည်ဆောက်သူအဖြစ် လုပ်ကိုင်ဆောင်ရွက်မည့် MIE/ITD ကုမ္ပဏီမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်မှ သိရသည်။
မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ထားဝယ္အထူးစီးပြားေရးဇုန္သို႔ Japanese Chamber of Commerce Bangkok မွ ဦးေဆာင္ၿပီး JBIC of Thailand, JICA ႏွင့္ ထိုင္းနိုင္ငံအေျခစိုက္ ဂ်ပန္ကုမၸဏီ (၉) ခုမွ စီးပြားေရးလုပ္ငန္းရွင္မ်ား လာေရာက္ေလ့လာ
ထားဝယ္အထူးစီးပြားေရးဇုန္သို႔ Japanese Chamber of Commerce Bangkok မွ ဦးေဆာင္ၿပီး JBIC of Thailand, JICA ႏွင့္ ထိုင္းနိုင္ငံအေျခစိုက္ ဂ်ပန္ကုမၸဏီ (၉) ခုမွ စီးပြားေရးလုပ္ငန္းရွင္မ်ား ပါဝင္သည့္ ေလ့လာသူ (၁၈) ဦးသည္ ထားဝယ္အထူးစီးပြားေရးဇုန္သို႔ ယခုလ ၆ ရက္က ျမန္မာ-ထိုင္းနယ္စပ္ ထီးခီးကားလမ္းမွ တဆင့္ လာေရာက္ခဲ့ၾကၿပီး ၇ ရက္ေန႔က ထားဝယ္အထူးစီးပြားေရးဇုန္အတြင္း လွည့္လည္ ၾကည့္ရႈေလ့လာခဲ့ေၾကာင္း သိရသည္။
ထားဝယ္အထူးစီးပြားေရးဇုန္ စီမံခန႔္ခြဲမႈေကာ္မတီ ဒုတိယဥကၠ႒ (၂) ေဒါက္တာျမင့္ဆန္းမွ အဆိုပါ ဧည့္သည္ေတာ္မ်ားအား ႀကိဳဆိုေတြ႔ဆုံခဲ့ၿပီး ထားဝယ္အထူးစီးပြားေရးဇုန္ျဖစ္ေပၚတိုးတက္မႈႏွင့္ အလားအလာမ်ားအား လာေရာက္ ရင္းႏွီးျမဳႇုပ္ႏွံနိုင္ေရးရွင္းလင္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ေတြ႔ဆုံမႈတြင္ ထားဝယ္အထူးစီးပြားေရးဇုန္စီမံခန႔္ခြဲမႈေကာ္မတီ အဖြဲ႕ဝင္မ်ားႏွင့္ ကနဦးစီမံကိန္းလုပ္ငန္း ရင္းႏွီး တည္ေဆာက္သူအျဖစ္ လုပ္ကိုင္ေဆာင္ရြက္မည့္ MIE/ITD ကုမၸဏီမွ တာဝန္ရွိသူမ်ားတက္ေရာက္ခဲ့ၾကေၾကာင္း ထားဝယ္အထူးစီးပြားေရးဇုန္မွ သိရသည္။
မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com