ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Unicode Version ###
ယခုလ ၈ ရက်မှစတင်ပြီး မြို့ပတ်ရထားပြေးဆွဲချိန်များပြောင်းလဲပြေးဆွဲမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၄ ရက်က ကျင်းပသည့် မီဒီယာတွေ့ဆုံပွဲကသိရသည်။
ပုရွက်ဆိပ်ကုန်း-ပုဇွန်တောင်အထိ ဘူတာခုနစ်ခုရှိပြီး စုစုပေါင်း ရှစ်မိုင်ခွဲရှိသည့် ရန်ကုန်မြို့ပတ်အရှေ့ခြမ်းရထားလမ်းအဆင့်မြှင်တင်မှုကို ဇူလိုင်လအတွင်းအပြီးလုပ်ဆောင်မည်ဖြစ်၍ ရထားပြေးဆွဲချိန်များကို ဖေဖော်ဝါရီလ ၈ ရက်တွင်စတင်ပြောင်းလဲပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
၈ ရက်နေ့တွင် ပြင်ဆင်ပြေးဆွဲမည့် ရထားအချိန်စာရင်းမှာ မြို့တစ်ပတ်လုံးပတ်နိုင်မည့် ရထားမှာလက်ယာရစ်လေးစီးနှင့်လက်ဝဲရစ် လေးစီး စုစုပေါင်း ရှစ်စီးသည် မြို့တစ်ပတ်ပတ်ပေးမှာဖြစ်ကြောင်း၊ ရုံးချိန်ရထားများကို နံနက်ပိုင်းအဝင် ၁၂ စင်း၊ ညနေပိုင်းအထွက် ၁၄ စင်း ပြေးဆွဲနိုင်ရန် စီစဉ်ထားကြောင်း၊ပြောင်းလဲပြေးဆွဲမည့် အချိန်စာရင်းများကိုလည်း သက်ဆိုင်ရာဘူတာများတွင် ဗီနိုင်းများကပ်ထားပြီး ရထားစီးခရီးသည်များကိုလည်း လက်ကမ်းစာစောင်များ ဝေငှပေးသွားမည်ဖြစ်ကြောင်းတွေ့ဆုံပွဲမှသိရသည်။
ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ယခုလ ၈ ရက္မွစတင္ၿပီး ၿမိဳ႕ပတ္ရထားေျပးဆြဲခ်ိန္မ်ားေျပာင္းလဲေျပးဆြဲမည္
ယခုလ ၈ ရက္မွစတင္ၿပီး ၿမိဳ႕ပတ္ရထားေျပးဆြဲခ်ိန္မ်ားေျပာင္းလဲေျပးဆြဲမည္ျဖစ္ေၾကာင္း ေဖေဖာ္ဝါရီလ ၄ ရက္က က်င္းပသည့္ မီဒီယာေတြ႕ဆုံပြဲကသိရသည္။
ပု႐ြက္ဆိပ္ကုန္း-ပုဇြန္ေတာင္အထိ ဘူတာခုနစ္ခုရွိၿပီး စုစုေပါင္း ရွစ္မိုင္ခြဲရွိသည့္ ရန္ကုန္ၿမိဳ႕ပတ္အေရွ႕ျခမ္းရထားလမ္းအဆင့္ျမႇင္တင္မႈကို ဇူလိုင္လအတြင္းအၿပီးလုပ္ေဆာင္မည္ျဖစ္၍ ရထားေျပးဆြဲခ်ိန္မ်ားကို ေဖေဖာ္ဝါရီလ ၈ ရက္တြင္စတင္ေျပာင္းလဲေျပးဆြဲမည္ျဖစ္ေၾကာင္း သိရသည္။
၈ ရက္ေန႔တြင္ ျပင္ဆင္ေျပးဆြဲမည့္ ရထားအခ်ိန္စာရင္းမွာ ၿမိဳ႕တစ္ပတ္လုံးပတ္ႏိုင္မည့္ ရထားမွာလက္ယာရစ္ေလးစီးႏွင့္လက္ဝဲရစ္ ေလးစီး စုစုေပါင္း ရွစ္စီးသည္ ၿမိဳ႕တစ္ပတ္ပတ္ေပးမွာျဖစ္ေၾကာင္း၊ ႐ုံးခ်ိန္ရထားမ်ားကို နံနက္ပိုင္းအဝင္ ၁၂ စင္း၊ ညေနပိုင္းအထြက္ ၁၄ စင္း ေျပးဆြဲႏိုင္ရန္ စီစဥ္ထားေၾကာင္း၊ေျပာင္းလဲေျပးဆြဲမည့္ အခ်ိန္စာရင္းမ်ားကိုလည္း သက္ဆိုင္ရာဘူတာမ်ားတြင္ ဗီႏိုင္းမ်ားကပ္ထားၿပီး ရထားစီးခရီးသည္မ်ားကိုလည္း လက္ကမ္းစာေစာင္မ်ား ေဝငွေပးသြားမည္ျဖစ္ေၾကာင္းေတြ႕ဆုံပြဲမွသိရသည္။
ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com