ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Unicode Version ###
အမျိုးသားပို့ကုန်မဟာဗျူ ၂၀၂၀-၂၅ ကို အကောင်အထည်ဖော်သွားမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးအောင်ထူးကပြောပါတယ်။
ဒီမဟာဗျူဟာမှာ အဓိကဦးစီးပေးကဏ္ဍတွေအဖြစ် လယ်ယာထွက်ကုန်ပစ္စည်းအခြေခံ စားသောက်ကုန်ထုတ်လုပ်ခြင်း ကဏ္ဍ၊ အထည်အလိပ်နဲ့အဝတ်အထည်ကဏ္ဍ၊ စက်မှုနဲ့ လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍတွေပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနဲ့ စွန့်ဦးတီထွင်ကဏ္ဍဆောင်ရွက်ခြင်းတွေပါဝင်တယ်လို့ သိရပါတယ်။
ယခုအကောင်အထည်ဖော်မယ့် မဟာဗျူဟာကို အစိုးရဌာနဆိုင်ရာတွေနဲ့ ပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီလိုဆောင်ရွက်ခြင်းကြောင့်လည်း မြန်မာနိုင်ငံအတွက် တင်ပို့လုပ်ငန်းကိုအခြေပြုတဲ့ စီးပွားရေးဖွံ့ဖြိုးမှုဖြစ်ပေါ်လာစေဖို့ အခြေအနေတစ်ခု ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေကို ကမ္ဘာ့ဈေးကွက်မှာ အချိန်တိုတွင်းကောင်းမွန်စာယှဉ်ပြိုင်နိုင်ရေးအတွက်အားလုံးပါဝင်သဘောတူတဲ့ မျှော်မှန်းချက်တစ်ခုကို ချမှတ်ဖော်ဆောင်နိုင်စေမှာဖြစ်တယ်လို့ သိရပါတယ်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com ာ
### Zawgyi Version ###
ပို့ကုန်မဟာဗျူဟာ၂၀၂၀-၂၅ ခုနှစ်အတွင်း အကောင်အထည်ဖော်မည်