ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Unicode Version ###
မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ (၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ဇန်နဝါရီ ၃၀ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အစည်းအဝေးတွင် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်ခုနှစ် (Model Year) သတ်မှတ်ချက်ကို ၂၀၁၉ ခုနှစ် အောက် တိုဘာ ၃၁ ရက်တွင် အမိန့်ကြော်ငြာ စာအမှတ် (၆၀/၂၀၁၉) ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ကုမ္ပဏီများ အရောင်းစင်တာ၊ အရောင်းပြ ခန်းဖွင့်လှစ် ဆောင်ရွက်ရာတွင် စနစ်တကျဖြစ်စေရေးအတွက် လုပ်ငန်း သုံးယာဉ်အရောင်းစင်တာ စည်းကမ်းချက်များကို အမိန့်ကြော် ငြာ စာအမှတ် (၂/၂၀၂၀)၊ (၃/၂၀၂၀)တို့ဖြင့် ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ မော်တော်ယာဉ်တင်သွင်းခြင်း နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများမှ တွေ့ကြုံရသည့် အခက်အခဲများကို ကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးရန် အဆိုပါ လုပ်ငန်းများကြီး ကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားရာ ကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများအား တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ေမာ္ေတာ္ယာဥ္တင္သြင္းျခင္းႏွင့္ သက္ဆိုင္ေသာ အစည္းအေဝးက်င္းပ
ေမာ္ေတာ္ယာဥ္တင္သြင္းျခင္းႏွင့္ သက္ဆိုင္ေသာ လုပ္ငန္းမ်ား ႀကီးၾကပ္ေရးေကာ္မတီ (၁/၂၀၂၀) ႀကိမ္ေျမာက္ အစည္းအေဝးကို ဇန္နဝါရီ ၃၀ ရက္က စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန အစည္းအေဝးခန္းမ၌ က်င္းပခဲ့ေၾကာင္းသိရသည္။
အစည္းအေဝးတြင္ ျပည္ပမွ ေမာ္ေတာ္ယာဥ္တင္သြင္းျခင္းတြင္ ထုတ္လုပ္ခုႏွစ္ (Model Year) သတ္မွတ္ခ်က္ကို ၂၀၁၉ ခုႏွစ္ ေအာက္ တိုဘာ ၃၁ ရက္တြင္ အမိန္႔ေၾကာ္ျငာ စာအမွတ္ (၆၀/၂၀၁၉) ျဖင့္ ထုတ္ျပန္ခဲ့ၿပီးျဖစ္ေၾကာင္း၊ ကုမၸဏီမ်ား အေရာင္းစင္တာ၊ အေရာင္းျပ ခန္းဖြင့္လွစ္ ေဆာင္ရြက္ရာတြင္ စနစ္တက်ျဖစ္ေစေရးအတြက္ လုပ္ငန္း သုံးယာဥ္အေရာင္းစင္တာ စည္းကမ္းခ်က္မ်ားကို အမိန္႔ေၾကာ္ ျငာ စာအမွတ္ (၂/၂၀၂၀)၊ (၃/၂၀၂၀)တို႔ျဖင့္ ထုတ္ျပန္ ေၾကညာခဲ့ၿပီးျဖစ္ေၾကာင္း၊ ေမာ္ေတာ္ယာဥ္တင္သြင္းျခင္း ႏွင့္ပတ္သက္၍ သက္ ဆိုင္ရာဌာနမ်ားမွ ေတြ႕ၾကဳံရသည့္ အခက္အခဲမ်ားကို ေကာ္မတီဝင္မ်ားက ဝိုင္းဝန္းေဆြးေႏြး အႀကံျပဳေပးရန္ အဆိုပါ လုပ္ငန္းမ်ားႀကီး ၾကပ္ေရးေကာ္မတီဥကၠ႒၊ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသန္းျမင့္က ေျပာၾကားရာ ေကာ္မတီ အဖြဲ႕ဝင္မ်ားက သက္ဆိုင္ရာလုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ ေတြ႕ၾကဳံရသည့္အခက္အခဲမ်ားအား တင္ျပေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com