ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
စင်ကာပူ Sembcorp က လှည်းကူးတွင် ဒေါ်လာ သန်း ၂၃၀ တန် စက်မူဥယျဉ်မြို့တော် တည်ဆောက်ရန် ရင်းနှီးမြှပ်နှံမှုကော်မရှင်ထံခွင့်ပြုချက်လာရောက်တင်ပြထားကြောင်း ရင်းနှီးမြှပ်နှံမှုကော်မရှင်၊ အတွင်းရေးမှူး ဦးသန့်စင်လွင်ကပြောသည်
အဆိုပါစင်ကာပူကုမ္ပဏီသည် မြေဧက ၁၅၀၀တွင် တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၀ မတ်လတွင် စီမံကိန်းစတင်မည်ဟု ကုမ္ပဏီဘက်ကကြေငြာထားသည်။
### Unicode Version ###
စင်ကာပူ Sembcorpက လှည်းကူးတွင် ဒေါ်လာ သန်း ၂၃၀ တန် စက်မူဥယျဉ်မြို့တော် တည်ဆောက်ရန် ရင်းနှီးမြှပ်နှံမူကော်မရှင်ထံခွင့်ပြုချက်လာရောက်တင်ပြထားကြောင်း ရင်းနှီးမြှပ်နှံမှုကော်မရှင်၊ အတွင်းရေးမှူး ဦးသန့်စင်လွင်ကပြောသည်
အဆိုပါစင်ကာပူကုမ္ပဏီသည် မြေဧက ၁၅၀၀တွင် တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၀ မတ်လတွင် စီမံကိန်းစတင်မည့်ဟု ကုမ္ပဏီဘက်ကကြေငြာထားသည်။
ထိုလုပ်ငန်းသည် လုပ်ငန်းလာရောက်တင်ပြသည့် အဆင့်သာဖြစ်ပြီး ကော်မရှင်က ခွင့်ပြုခြင်းရှိမရှိကို မဆုံးရသေးကြောင်းကော်မရှင်ကဆိုသည်။
ထိုစီမံကိန်းအတွက် စင်ကာပူကုမ္ပဏီက ရှယ်ယာ ၆၇ ရာခိုင်နှုန်း၊ စီတီးမတ်ဟိုးဒင်းက ရှယ်ယာ ၁၈ ရာခိုင်နှုန်းနှင့် MAPCOက ရှယ်ယာ ၁၅ ရာခိုင်နှုန်းတို့ ပိုင်ဆိုင်မည်ဖြစ်သည်။
ထိုစက်မူဥယျာဉ်သည် အစားအသောက်ကို ကဏ္ဍကို အခြေခံသည် စက်မူဇုန်ဖြစ်ပြီး ကုမ္ပဏီများကြား သဘောတူညီမှုကို ၂၀၁၉ ဇူလှိုင်လတွင် လက်မှတ်ရေးထိုးခဲ့သည်။
Sembcorpသည် စင်ကာပူနိုင်ငံတွင် ၁၉၈၈တွင် စတင်တည်ထောင်ခဲ့ပြီး စွမ်းအင်နှင့် စက်မူလုပ်ငန်းများ ဆောင်ရွက်နေသည့် စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီတစ်ခုဖြစ်သည်။
လက်ရှိတွင် မြန်မာနိုငငံ၊ မြင်းခြံတွင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားစက်ရုံလည်ပတ်လုပ်ကိုင်နေသည်။ ထိုကုမ္ပဏီသည် စင်ကာပူ၊ ဗြိတိန်၊ အာရှနှင့် အရှေ့အလယ်ပိုင်းတို့တွင်လုပ်ငန်းများဆောင်ရွက်နေသည်။
စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com