ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
### Unicode Version ###
စက်မှုဥယျာဉ်စီမံကိန်းများ၌လိုအပ်သော စာချုပ်စာတမ်းများချုပ်ဆိုနိုင်ရေးဆွေးနွေးခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရမှသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းနှင့် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးတို့်သည် ဇန်နဝါရီ ၂၈ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာ၌ လှည်းကူးမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့တွင် အကောင်အထည်ဖော်မည့် စက်မှုဥယျာဉ်စီမံကိန်းများ၌ လိုအပ်သော စာချုပ်စာတမ်းများချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com