ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
### Unicode Version ###
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့မှ မြေငှားဂရန်လျှောက်ထားတင်ပြထားသော ပြည်သူများထံ နှစ် (၃၀) မြေငှားဂရန်များထုတ်ပေးကြောင်းနေပြည်တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။
မြို့မြေအဖြစ်သတ်မှတ်ထားသော မြို့နယ် (၈) မြို့နယ်မှ မြေငှားဂရန်လျှောက်ထားလာသောအမှုတွဲများကို နေပြည်တော်စည်ပင်သာယာရေးကော်မတီက စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
နေပြည်တော်စည်ပင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ကော်မတီက စိစစ်ခွင့်ပြုပြီးဖြစ်သော မြေငှားဂရန် အမှုတွဲ ၂၇ ခု အတွက် နှစ် (၃၀) မြေငှားဂရန်ထုတ်ပေးခြင်းကို ပျဉ်းမနားမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ရာ မြေငှားဂရန်လျှောက်ထားသူများကိုယ်တိုင်တက်ရောက်လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com