ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
ကမာၻ႔အိမ္ၿခံေျမအတိုင္ပင္ခံကုမၸဏီ Knight Frank ၏ ႏိုင္ငံတကာအဆင့္ျမင့္လူေနအိမ္ၫႊန္းကိန္းစာရင္းက အာရွပစိဖိတ္ေဒသသည္ ၿပီးခဲ့သည့္ဆယ္စုႏွစ္အတြင္း ဇိမ္ခံအိမ္ေဈးကြက္ဝယ္လိုအားတြင္ သိသာထင္ရွားေသာ ေခါင္းေဆာင္တစ္ဦးျဖစ္သည္ဟု ေဖာ္ျပခဲ့သည္။
ၿပီးခဲ့သည့္ဆယ္စုႏွစ္၏အစ ၂၀၁၀ ျပည့္ႏွစ္တြင္ ရွန္ဟိုင္းက ၅၂ ရာခိုင္ႏႈန္းျဖင့္ ထိပ္ဆုံးမွဦးေဆာင္ခဲ့ၿပီး ေပက်င္းက ၄၇ ရာခိုင္ႏႈန္းျဖင့္ ဒုတိယလိုက္ခဲ့ကာ ေဟာင္ေကာင္က ၄၀ ဒသမ ၅ ရာခိုင္ႏႈန္းျဖင့္ တတိယေနရာမွ ဦးေဆာင္ခဲ့သည္။
၂၀၁၁ ခုႏွစ္တြင္လည္း ရွန္ဟိုင္းက ပထမ၌ ဆက္လက္ရပ္တည္ခဲ့သည္။ သို႔ေသာ္လည္း ရာခိုင္ႏႈန္းတြင္ အမ်ားအျပားက်ဆင္းခဲ့ၿပီး ၂၁ ရာခိုင္ႏႈန္းျဖင့္ ရပ္တည္ခဲ့ျခင္းျဖစ္သည္။ မြမ္ဘိုင္းက ၂၀ ရာခိုင္ႏႈန္းႏွင့္ စကၤာပူက ၁၈ ရာခိုင္ႏႈန္းတို႔ျဖင့္ ဒုတိယ၊ တတိယတို႔တြင္ အသီးသီးရပ္တည္ခဲ့သည္။
၂၀၁၂ ခုႏွစ္တြင္မူ ထိပ္တန္းသုံးေနရာတြင္ အာရွၿမိဳ႕မ်ားအစား ႏိုင္႐ိုဘီ (၂၅ ရာခိုင္ႏႈန္း)၊ ကင္ညာကမ္း႐ိုးတန္း (၂၀ ရာခိုင္ႏႈန္း) ႏွင့္ မိုင္ယာမီ (၁၉ ဒသမ ၁ ရာခိုင္ႏႈန္း) တို႔က ေနရာယူခဲ့သည္။ ထိုႏွစ္က အိမ္ၿခံေျမရင္းႏွီးျမႇဳပ္ႏွံသူမ်ားက ယင္းၿမိဳ႕မ်ားအား အျခားႏိုင္ငံမ်ားႏွင့္ယွဥ္လွ်င္ ေဘးကင္းလုံၿခဳံေသာေနရာမ်ားအျဖစ္ ရႈျမင္ခဲ့ၾကသည္ဟု Knight Fank ၏ ဆန္းစစ္ေလ့လာသူမ်ားက ရွင္းျပခဲ့သည္။
၂၀၁၃ တြင္ေတာ့ အာရွပစိဖိတ္ေဒသက တစ္ေက်ာ့ျပန္လည္လႊမ္းမိုးခဲ့သည္။ ဂ်ကာတာက ၃၈ ဒသမ ၁ ရာခိုင္ႏႈန္းျဖင့္ ပထမ၊ ဘာလီႏွင့္ ဒူဘိုင္းတို႔က ၂၀ ရာခိုင္ႏႈန္းျဖင့္ ဒုတိယေနရာတြင္ ပူးတြဲေဖာ္ျပခံခဲ့ရသည္။
၂၀၁၄ ခုႏွစ္တြင္ ဂ်ကာတာက ၃၇ ဒသမ ၇ ရာခိုင္ႏႈန္းသို႔ ျမင့္တက္ၿပီး ပထမေနရာကို ဆက္လက္ထိန္းသိမ္းခဲ့ကာ ေအာကၠလန္က ၂၈ ဒသမ ၈ ရာခိုင္ႏႈန္းျဖင့္ ဒုတိယႏွင့္ ဘာလီက ၂၂ ရာခိုင္ႏႈန္းျဖင့္ တတိယေနရာတြင္ ေဖာ္ျပခံခဲ့ရသည္။
၂၀၁၅ ခုႏွစ္တြင္ နယူးေယာက္စီးတီးက ၁၈ ဒသမ ၈ ရခိုင္ႏႈန္းျဖင့္ ပထမ၊ အက္စ္ပန္က ၁၆ ရာခိုင္ႏႈန္းျဖင့္ ဒုတိယႏွင့္ အစၥတန္ဘူလ္ႏွင့္ ဘာလီတို႔က ၁၅ ရာခိုင္ႏႈန္းျဖင့္ တတိယတို႔၌ ရပ္တည္ခဲ့သည္။
၂၀၁၆ ခုႏွစ္တြင္ ဗန္ကူးဗားက ၂၄ ဒသမ ၅ ရာခိုင္ႏႈန္းျဖင့္ ပထမ၊ ဆစ္ဒနီက ၁၄ ဒသမ ၈ ရာခိုင္ႏႈန္းျဖင့္ ဒုတိယႏွင့္ ရွန္ဟိုင္းက ၁၄ ဒသမ ၁ ရာခိုင္ႏႈန္းျဖင့္ တတိယ ေဖာ္ျပခဲ့ခဲ့ရသည္။
၂၀၁၇ တြင္ ထိပ္တန္းသုံးေနရာစလုံးကို တ႐ုတ္က ျပန္လည္သိမ္းပိုက္ခဲ့သည္။ ရွန္ဟိုင္းက ၂၇ ဒသမ ၄ ရာခိုင္ႏႈန္း၊ ေပက်င္းက ၂၆ ဒသမ ၈ ရာခိုင္ႏႈန္းႏွင့္ ကြမ္က်ိဳးက ၂၆ ဒသမ ၆ ရာခိုင္ႏႈန္းတို႔ျဖင့္ သိမ္းပိုက္ခဲ့ၾကျခင္းျဖစ္သည္။
၂၀၁၈ တြင္လည္း ကြမ္က်ိဳးက ၂၇ ဒသမ ၄ ရာခိုင္ႏႈန္းျဖင့္ ပထမေနရာကို ရယူခဲ့ကာ ကိပ္ေတာင္းက ၁၉ ဒသမ ၉ ျဖင့္ ဒုတိယေနရာႏွင့္ အက္စ္ပန္ကလည္း ၁၉ ရာခိုင္ႏႈန္းျဖင့္ တတိယေနရာကို ျပန္လည္တက္လွမ္းလာခဲ့သည္။
၂၀၁၉ တြင္မူ မထင္မွတ္ထားသည့္ၿမိဳ႕ျဖစ္ေသာ မနီလာ ၁၁ ဒသမ ၁ ရာခိုင္ႏႈန္းျဖင့္ ထိပ္ဆုံးေနရာသို႔တိုးထြက္လာခဲ့သည္။ အီဒင္ဘာ့ဂ္က ၁၀ ဒသမ ၆ ရာခိုင္ႏႈန္းျဖင့္ ဒုတိယႏွင့္ ဘာလင္က ၁၀ ဒသမ ၅ ရာခိုင္ႏႈန္းျဖင့္ တတိယေနရာတို႔တြင္ ရပ္တည္ခဲ့ေၾကာင္း သိရသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
### Unicode Version ###
ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Knight Frank ၏ နိုင်ငံတကာအဆင့်မြင့်လူနေအိမ်ညွှန်းကိန်းစာရင်းက အာရှပစိဖိတ်ဒေသသည် ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း ဇိမ်ခံအိမ်ဈေးကွက်ဝယ်လိုအားတွင် သိသာထင်ရှားသော ခေါင်းဆောင်တစ်ဦးဖြစ်သည်ဟု ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်ဆယ်စုနှစ်၏အစ ၂၀၁၀ ပြည့်နှစ်တွင် ရှန်ဟိုင်းက ၅၂ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးမှဦးဆောင်ခဲ့ပြီး ပေကျင်းက ၄၇ ရာခိုင်နှုန်းဖြင့် ဒုတိယလိုက်ခဲ့ကာ ဟောင်ကောင်က ၄၀ ဒသမ ၅ ရာခိုင်နှုန်းဖြင့် တတိယနေရာမှ ဦးဆောင်ခဲ့သည်။
၂၀၁၁ ခုနှစ်တွင်လည်း ရှန်ဟိုင်းက ပထမ၌ ဆက်လက်ရပ်တည်ခဲ့သည်။ သို့သော်လည်း ရာခိုင်နှုန်းတွင် အများအပြားကျဆင်းခဲ့ပြီး ၂၁ ရာခိုင်နှုန်းဖြင့် ရပ်တည်ခဲ့ခြင်းဖြစ်သည်။ မွမ်ဘိုင်းက ၂၀ ရာခိုင်နှုန်းနှင့် စင်္ကာပူက ၁၈ ရာခိုင်နှုန်းတို့ဖြင့် ဒုတိယ၊ တတိယတို့တွင် အသီးသီးရပ်တည်ခဲ့သည်။
၂၀၁၂ ခုနှစ်တွင်မူ ထိပ်တန်းသုံးနေရာတွင် အာရှမြို့များအစား နိုင်ရိုဘီ (၂၅ ရာခိုင်နှုန်း)၊ ကင်ညာကမ်းရိုးတန်း (၂၀ ရာခိုင်နှုန်း) နှင့် မိုင်ယာမီ (၁၉ ဒသမ ၁ ရာခိုင်နှုန်း) တို့က နေရာယူခဲ့သည်။ ထိုနှစ်က အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများက ယင်းမြို့များအား အခြားနိုင်ငံများနှင့်ယှဉ်လျှင် ဘေးကင်းလုံခြုံသောနေရာများအဖြစ် ရှုမြင်ခဲ့ကြသည်ဟု Knight Fank ၏ ဆန်းစစ်လေ့လာသူများက ရှင်းပြခဲ့သည်။
၂၀၁၃ တွင်တော့ အာရှပစိဖိတ်ဒေသက တစ်ကျော့ပြန်လည်လွှမ်းမိုးခဲ့သည်။ ဂျကာတာက ၃၈ ဒသမ ၁ ရာခိုင်နှုန်းဖြင့် ပထမ၊ ဘာလီနှင့် ဒူဘိုင်းတို့က ၂၀ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ပူးတွဲဖော်ပြခံခဲ့ရသည်။
၂၀၁၄ ခုနှစ်တွင် ဂျကာတာက ၃၇ ဒသမ ၇ ရာခိုင်နှုန်းသို့ မြင့်တက်ပြီး ပထမနေရာကို ဆက်လက်ထိန်းသိမ်းခဲ့ကာ အောက္ကလန်က ၂၈ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ဒုတိယနှင့် ဘာလီက ၂၂ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင် ဖော်ပြခံခဲ့ရသည်။
၂၀၁၅ ခုနှစ်တွင် နယူးယောက်စီးတီးက ၁၈ ဒသမ ၈ ရခိုင်နှုန်းဖြင့် ပထမ၊ အက်စ်ပန်က ၁၆ ရာခိုင်နှုန်းဖြင့် ဒုတိယနှင့် အစ္စတန်ဘူလ်နှင့် ဘာလီတို့က ၁၅ ရာခိုင်နှုန်းဖြင့် တတိယတို့၌ ရပ်တည်ခဲ့သည်။
၂၀၁၆ ခုနှစ်တွင် ဗန်ကူးဗားက ၂၄ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ပထမ၊ ဆစ်ဒနီက ၁၄ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ဒုတိယနှင့် ရှန်ဟိုင်းက ၁၄ ဒသမ ၁ ရာခိုင်နှုန်းဖြင့် တတိယ ဖော်ပြခဲ့ခဲ့ရသည်။
၂၀၁၇ တွင် ထိပ်တန်းသုံးနေရာစလုံးကို တရုတ်က ပြန်လည်သိမ်းပိုက်ခဲ့သည်။ ရှန်ဟိုင်းက ၂၇ ဒသမ ၄ ရာခိုင်နှုန်း၊ ပေကျင်းက ၂၆ ဒသမ ၈ ရာခိုင်နှုန်းနှင့် ကွမ်ကျိုးက ၂၆ ဒသမ ၆ ရာခိုင်နှုန်းတို့ဖြင့် သိမ်းပိုက်ခဲ့ကြခြင်းဖြစ်သည်။
၂၀၁၈ တွင်လည်း ကွမ်ကျိုးက ၂၇ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ပထမနေရာကို ရယူခဲ့ကာ ကိပ်တောင်းက ၁၉ ဒသမ ၉ ဖြင့် ဒုတိယနေရာနှင့် အက်စ်ပန်ကလည်း ၁၉ ရာခိုင်နှုန်းဖြင့် တတိယနေရာကို ပြန်လည်တက်လှမ်းလာခဲ့သည်။
၂၀၁၉ တွင်မူ မထင်မှတ်ထားသည့်မြို့ဖြစ်သော မနီလာ ၁၁ ဒသမ ၁ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးနေရာသို့တိုးထွက်လာခဲ့သည်။ အီဒင်ဘာ့ဂ်က ၁၀ ဒသမ ၆ ရာခိုင်နှုန်းဖြင့် ဒုတိယနှင့် ဘာလင်က ၁၀ ဒသမ ၅ ရာခိုင်နှုန်းဖြင့် တတိယနေရာတို့တွင် ရပ်တည်ခဲ့ကြောင်း သိရသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com