ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
ဇန်နဝါရီ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၀) ကို ရန်ကင်းမြို့နယ်၊ စိမ်းလဲ့ မေလမ်းသွယ်ရှိ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၊ အစိုးရအ ဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်ဌေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
အစည်းအဝေးတွင် ယင်းကော်မတီက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၈) ခုနှင့် မြန်မာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၂) ခုတို့ကို အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရမှသိရသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏မတည်ငွေရင်း ပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၃၉.၇၀၈ သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၏ မတည်ငွေရင်း ပမာဏစုစုပေါင်းမှာ ကျပ် ၄၂၇၀.၀၀ သန်းဖြစ်ကြောင်းသိရသည်။
### Unicode Version ###
ဇန်နဝါရီ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုုပ်နှံမှုကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၀) ကို ရန်ကင်းမြို့နယ်၊ စိမ်းလဲ့ မေလမ်းသွယ်ရှိ တိုင်းဒေသကြီး ရင်းနှီးမြှုုပ်နှံမှုကော်မတီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၊ အစိုးရအ ဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်ဌေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
အစည်းအဝေးတွင် ယင်းကော်မတီက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှုလုပ်ငန်း (၁၈) ခုနှင့် မြန်မာ နိုင်ငံသားရင်းနှီးမြှုုပ်နှံမှု လုပ်ငန်း (၂) ခုတို့ကို အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရမှသိရသည်။ နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှု လုပ်ငန်းများ၏မတည်ငွေရင်း ပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၃၉.၇၀၈ သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြုှုပ်နှံမှုလုပ်ငန်း၏ မတည်ငွေရင်း ပမာဏစုစုပေါင်းမှာ ကျပ် ၄၂၇၀.၀၀ သန်းဖြစ်ကြောင်းသိရသည်။
အဆိုပါရင်းနှီးမြှုပ်နှံမှုများမှ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း (၁၀,၆၀၃) ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com