ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
### Unicode Version ###
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Korea Land and Housing Corporation တို့အကြား ဒလမြို့သစ်ဖွံ့ ဖြိုးတိုးတက်ရေး နားလည်မှုစာချွန်လွှာအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ဒလမြို့ဧရိယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစည်းအဝေးကို ဇန်နဝါရီ ၂၁ ရက်က ရန်ကုန်မြို့ ၊ Lotte Hotel ၌ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရမှ သိရသည်။
အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုးရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး HE. Mr. Lee Sang-Hwaနှင့် Korea Land and Housing Corporation မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com