ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
### Unicode Version ###
နိုင်ငံတော်မှဝန်ထမ်း လုပ်သက် (၂၅) နှစ်ပြည့်ပြီး ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်လက်မှတ်ရသူများဖြစ်သည့် ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံဝန်ထမ်းများအတွက် အခွန်ကင်းလွတ်ခွင့်နှင့် တင်သွင်းနိုင်မည့် မော်တော်ယာဉ်တင်သွင်းခွင့်များ (Car Permit) လုပ်ဆောင်နိုင်ရန်အတွက် နေပြည်တော်စည်ပင်ဘဏ်လီမိတက်မှ အသိပေးထားသည်။
နေပြည်တော်စည်ပင်ဘဏ်လီမိတက်မှ Financial Assistance အနေဖြင့်လိုအပ်သော ငွေရေးကြေးရေးကဏ္ဍတွင် ကူညီဆောင်ရွက်နိုင်ရေးအတွက် မော်တော်ယာဉ်များဝယ်ယူရာတွင် ဘဏ်နှင့်ချိတ်ဆက်ထားသော Car Show Room များတွင် အရစ်ကျစနစ်ဖြင့် (Hire Purchase System) ဖြင့် ဆောင်ရွက်နိုင်ပါကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။
အဆိုပါ Car Show Room များမှာ-
(၁) Myanmar Theingi Service Co.,Ltd အမှတ်(S-၁၆၅)၊ ဧရာဝတီလမ်း၊ သပြေကုန်းရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။ဆက်သွယ်ရန်ဖုန်း-၀၉-၄၅၀၉၃၅၅၅၀၊ ၀၉-၇၈၁၂၁၁၉၅၆။
(၂) Shin Thant Thitsar (NPW) C0.,Ltd အမှတ်(၉၈၈)၊ ရာဇဌာနီလမ်း၊ အောင်သာယာရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်။ဆက်သွယ်ရန် ဖုန်း-၀၉-၂၅၀၀၀၄၉၅၉၊ ၀၉-၂၅၀၉၁၈၀၇၁။
(၃) Farmer Auto Trading Co.,Ltd အမှတ်(၂၂၀/က)၊ အခန်း(၃/ဒီ)၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ မာန်အောင်ရပ်ကွက်၊တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ဆက်သွယ်ရန်ဖုန်း-၀၉-၄၅၂၀၅၀၂၆၂၊ ၀၉-၅၆၀၁၃၆၄။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com