ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ဇန္နဝါရီ ၂၁ ရက္က ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ စီမံမႈျဖင့္ ရန္ကုန္-ကိုကိုးကၽြန္း ေရေၾကာင္းခရီးစဥ္စတင္ျခင္းအခမ္းအနားကို ျမန္မာ့ၾကယ္ငါးပြင့္လုပ္ငန္း၊ သာေကတဆိပ္ခံတံတားတြင္ျပဳလုပ္ရာ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း တက္ေရာက္ခဲ့ေၾကာင္းရန္ကုန္တိုင္းအစိုးရမွ သိရသည္။
ဝန္ႀကီးခ်ဳပ္၏ အဖြင့္အမွာစကားတြင္ ကိုကိုးကၽြန္းဟာ ျမန္မာနိုင္ငံရဲ့ အေရးႀကီးတဲ့ လုံျခဳံေရးဧရိယာတစ္ခုပဲ ျဖစ္ေၾကာင္း၊ယင္းဧရိယာကို အေပ်ာ္ခရီးသြားလာမႈမ်ိဳးကို ခြင့္ျပဳဦးမွာမဟုတ္ေၾကာင္း၊ ေဒသခံျပည္သူမ်ား၏ လူမႈဘဝ ဖြံ့ၿဖိဳးတိုးတက္ေရးႏွင့္ ေဒသဖြံ့ၿဖိဳးေရးကို ေရွးရႈ ေျပးဆြဲေပးတာျဖစ္၍ ရႈံးႏိုင္ေၾကာင္းေျပာထားသည္။
ခရီးစဥ္တစ္ေခါက္ကို အသြား(၂)ရက္၊အျပန္(၂) ရက္ႏွင့္ကၽြန္းတြင္ (၂) ရက္ေနရမည္ျဖစ္၍ (၆)ရက္ခရီးစဥ္အတြက္ သိန္း(၂၀၀) ကုန္က်မည္ျဖစ္ေၾကာင္း၊ထိုကုန္က်စရိတ္ကို ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရးအာဏာပိုင္အဖြဲ၏ ရန္ပုံေငြမွ က်ခံသုံးစြဲေပးမွာ ျဖစ္ေၾကာင္း၊ အက်ိဳးအျမတ္တစ္ခုထဲကို ေရွးရႈၿပီး သုံးစြဲျခင္းမဟုတ္ေၾကာင္း၊ေဒသခံျပည္သူမ်ား၏ ဘဝႏွင့္ဌာနဆိုင္ရာအသီးသီးတြင္ တာဝန္ယူေနသည့္ ဝန္ထမ္းမ်ားကိုအေကာင္းဆုံး စီမံေဆာင္ရြက္ေပးနိုင္ဖို႔ ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ကေျပာၾကားသည္။
ဖြင့္ပြဲအခမ္းအနားသို႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း၊ လၽွပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရး ဝန္ႀကီး ေဒၚနီလာေက်ာ္၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ေဒၚမိုးမိုးစုၾကည္၊ တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ အတြင္းေရးမႉး ဦးမ်ိဳးေအာင္ေဌး၊ YRTA မွ တာဝန္ရွိသူမ်ားတက္ေရာက္ခဲ့ၾကေၾကာင္းသိရသည္။
ရန္ကုန္-ကိုကိုးကၽြန္း ေရေၾကာင္း ပထမခရီးစဥ္အျဖစ္ သဟာပတိေရယာဥ္ျဖင့္ ေျပးဆြဲကာ ခရီးသည္ ၃၈ ဦးႏွင့္ ကုန္တန္ခ်ိန္ ၂၈၀ ေက်ာ္ ပါသြားေၾကာင္းသိရသည္။
ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ဇန်နဝါရီ ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံမှုဖြင့် ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်းခရီးစဉ်စတင်ခြင်းအခမ်းအနားကို မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်း၊ သာကေတဆိပ်ခံတံတားတွင်ပြုလုပ်ရာ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့ကြောင်းရန်ကုန်တိုင်းအစိုးရမှ သိရသည်။
ဝန်ကြီးချုပ်၏ အဖွင့်အမှာစကားတွင် ကိုကိုးကျွန်းဟာ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ လုံခြုံရေးဧရိယာတစ်ခုပဲ ဖြစ်ကြောင်း၊ယင်းဧရိယာကို အပျော်ခရီးသွားလာမှုမျိုးကို ခွင့်ပြုဦးမှာမဟုတ်ကြောင်း၊ ဒေသခံပြည်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးကို ရှေးရှု ပြေးဆွဲပေးတာဖြစ်၍ ရှုံးနိုင်ကြောင်းပြောထားသည်။
ခရီးစဉ်တစ်ခေါက်ကို အသွား(၂)ရက်၊အပြန်(၂) ရက်နှင့်ကျွန်းတွင် (၂) ရက်နေရမည်ဖြစ်၍ (၆)ရက်ခရီးစဉ်အတွက် သိန်း(၂၀၀) ကုန်ကျမည်ဖြစ်ကြောင်း၊ထိုကုန်ကျစရိတ်ကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ၏ ရန်ပုံငွေမှ ကျခံသုံးစွဲပေးမှာ ဖြစ်ကြောင်း၊ အကျိုးအမြတ်တစ်ခုထဲကို ရှေးရှုပြီး သုံးစွဲခြင်းမဟုတ်ကြောင်း၊ဒေသခံပြည်သူများ၏ ဘဝနှင့်ဌာနဆိုင်ရာအသီးသီးတွင် တာဝန်ယူနေသည့် ဝန်ထမ်းများကိုအကောင်းဆုံး စီမံဆောင်ရွက်ပေးနိုင်ဖို့ ဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးမျိုးအောင်ဌေး၊ YRTA မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။
ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်း ပထမခရီးစဉ်အဖြစ် သဟာပတိရေယာဉ်ဖြင့် ပြေးဆွဲကာ ခရီးသည် ၃၈ ဦးနှင့် ကုန်တန်ချိန် ၂၈၀ ကျော် ပါသွားကြောင်းသိရသည်။
ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com