ေဟာလိဝုဒ္၏ ဂႏၳဝင္ၾကယ္ပြင့္ ဂၽြန္ထရာဗိုလ္တာႏွင့္ ဇနီးျဖစ္သူ ကယ္လီပရက္စ္တန္တို႔ ေလာ့စ္အိန္ဂ်လိတြင္ ႏွစ္ေပါင္း ၂၀ ေက်ာ္ ပိုင္ဆိုင္ခဲ့ၾကသည့္ ေနအိမ္ကိုကန္ေဒၚလာ ၁၈ သန္းျဖင့္ ေရာင္းခ်လုိက္ျပီ

ေဟာလိဝုဒ္၏ ဂႏၳဝင္ၾကယ္ပြင့္ ဂၽြန္ထရာဗိုလ္တာႏွင့္ ဇနီးျဖစ္သူ ကယ္လီပရက္စ္တန္တို႔ ေလာ့စ္အိန္ဂ်လိတြင္ ႏွစ္ေပါင္း ၂၀ ေက်ာ္ ပိုင္ဆိုင္ခဲ့ၾကသည့္ ေနအိမ္ကိုကန္ေဒၚလာ ၁၈ သန္းျဖင့္ ေရာင္းခ်လုိက္ျပီ - Property News in Myanmar from iMyanmarHouse.com
22 Jan 2020 11:18 am တွင် တင်ခဲ့သည်
774 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ေဟာလိဝုဒ္၏ ဂႏၳဝင္ၾကယ္ပြင့္ ဂၽြန္ထရာဗိုလ္တာႏွင့္ ဇနီးျဖစ္သူဖကယ္လီ ပရက္စ္တန္တို႔သည္ အေမရိကန္ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်လိျမိဳ႕တြင္ ႏွစ္ေပါင္း ၂၀ ေက်ာ္ ပိုင္ဆိုင္ခဲ့ၾကသည့္ ေနအိမ္ကို ကန္ေဒၚလာ ၁၈ သန္းျဖင့္ ေရာင္းခ်လုိက္ျပီျဖစ္ေၾကာင္း နယူးေယာက္အေျခစိုက္ အိမ္ျခံေျမသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

ေလာ့စ္အိန္ဂ်လိျမိဳ႕၏ အထင္ကရေနရာျဖစ္ေသာ ဘရန္႔ဝုဒ္အရပ္တြင္ တည္ရွိျပီး စပိန္ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ စံအိမ္ကို ဇန္နဝါရီ ၆ ရက္တြင္ ပိုင္ရွင္ေျပာင္းလဲခဲ့ၾကျပီး ေစ်းကြက္ျပင္ပအေရာင္းအဝယ္တစ္ခုျဖစ္ခဲ့ဟန္ ရသည္။ ဝယ္ယူသြားသူမွာ လူ႔စြမ္းအားအရင္းအျမစ္ လုပ္ငန္းလုပ္ေဆာင္သူ စေကာ့ထ္ စကူးတာ ဘရြန္းျဖစ္သည္။

ဘရြန္းသည္ ယခုေနအိမ္ႏွင့္ ကပ္လ်က္တြင္တည္ရွိေသာ စတုရန္းေပ ၁၁၁၀၀ က်ယ္ဝန္းသည့္ ေနအိမ္ကိုလည္း ပိုင္ဆိုင္ထားေၾကာင္း PropertyShark ၏ မွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

ယခုအေရာင္းအဝယ္တြင္ မည္သည့္အိမ္ျခံေျမကုမၸဏီမ်ားျဖင့္ ေဆာင္ရြက္ခဲ့သည္ကိုမူ မသိရေခ်။၁၉၄၉ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျပီး စံအိမ္တည္ရွိရာ ျခံဝန္းသည္ အဆိုပါေဒသတြင္ ပံုမွန္ထက္ ပိုမိုက်ယ္ဝန္းသည့္ ျခံဝန္းတစ္ခုျဖစ္ကာ ၂ ဧကေက်ာ္ က်ယ္ဝန္းေၾကာင္း ယခင္က ေစ်းကြက္တင္ခဲ့ဖူးသည့္ မွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

ထုတ္တန္းေဖာ္ မ်က္ႏွာၾကက္မ်ား၊ အုတ္ၾကြပ္ခင္း ၾကမ္းျပင္မ်ား၊ ျပည္ပမွ မွာယူတင္သြင္းေသာ ေက်ာက္တံုးမီးလင္းဖိုေနရာမ်ားႏွင့္ ရုပ္ရွင္ခန္းတစ္ခုတို႔ ပါဝင္ေၾကာင္း ယခင္ေစ်းကြက္တင္ခဲ့သည့္ ေလာ့စ္အိန္ဂ်လိတုိင္းမ္၏ မွတ္တမ္းတြင္ ေဖာ္ျပသည္။

ေကာင္းကင္ဓာတ္ပံုမ်ားအရ ေကြ႔ပတ္လာေသာ ယာဥ္ေမာင္းလမ္းသည္ ကားကြင္းတစ္ခုသို႔ ဦးတည္ထားျပီး စိမ္းလန္းစိုေျပေသာ ျမက္ခင္းမ်ား၊ တင္းနစ္ကြင္းတစ္ခုႏွင့္ ေရကူးကန္တစ္ခုတိုိ႔ ပါဝင္ေၾကာင္း ျပသေနသည္။

ဂၽြန္ထရာဗိုလ္တာတို႔ ဇနီးေမာင္ႏွံသည္ အဆိုပါစံအိမ္ကို ၁၉၉၇ ခုႏွစ္တြင္ ကန္ေဒၚလာ ၃ ဒသမ ၅ သန္းျဖင့္ ဝယ္ယူပိုင္ဆိုင္ခဲ့ၾကျခင္း ျဖစ္သည္။

အသက္ ၆၅ ႏွစ္ရွိျပီျဖစ္ေသာ ဂၽြန္ထရာဗိုလ္တာသည္ “Saturday Night Fever” ႏွင့္ “Grease” ဇာတ္ကားမ်ားျဖင့္ နာမည္ေက်ာ္ခဲ့ကာ အေမရိကန္အခေပး ရုပ္သံလိုင္းျဖစ္ေသာ FX မွ တင္ဆင္ျပသေနသည့္ “The People v. O. J. Simpson: American Crime Story” တြင္လည္း ပါဝင္သရုပ္ေဆာင္ေနသည္။

ဝယ္ယူသြားသူ မစၥတာ ဘရြန္းမွာ အသက္ ၃၈ ႏွစ္သာရွိေသးျပီး ေတးဂီတနယ္တြင္လည္း ဝင္ေရာက္လုပ္ကိုင္မႈမ်ားရွိရာ သူ၏ ေဖာက္သည္မ်ားတြင္ ဂ်ပ္စတင္ဘီဘာ၊ ေအရီယာနာ ဂရန္ဒီႏွင့္ ကင္ေညးဝက္စ္တို႔လည္း ပါဝင္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

### Unicode Version ###

ဟောလိဝုဒ်၏ ဂန္ထဝင်ကြယ်ပွင့် ဂျွန်ထရာဗိုလ်တာနှင့် ဇနီးဖြစ်သူဖကယ်လီ ပရက်စ်တန်တို့သည် အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့တွင် နှစ်ပေါင်း ၂၀ ကျော် ပိုင်ဆိုင်ခဲ့ကြသည့် နေအိမ်ကို ကန်ဒေါ်လာ ၁၈ သန်းဖြင့် ရောင်းချလိုက်ပြီဖြစ်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

လော့စ်အိန်ဂျလိမြို့၏ အထင်ကရနေရာဖြစ်သော ဘရန့်ဝုဒ်အရပ်တွင် တည်ရှိပြီး စပိန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော စံအိမ်ကို ဇန်နဝါရီ ၆ ရက်တွင် ပိုင်ရှင်ပြောင်းလဲခဲ့ကြပြီး ဈေးကွက်ပြင်ပအရောင်းအဝယ်တစ်ခုဖြစ်ခဲ့ဟန် ရသည်။ ဝယ်ယူသွားသူမှာ လူ့စွမ်းအားအရင်းအမြစ် လုပ်ငန်းလုပ်ဆောင်သူ စကော့ထ် စကူးတာ ဘရွန်းဖြစ်သည်။

ဘရွန်းသည် ယခုနေအိမ်နှင့် ကပ်လျက်တွင်တည်ရှိသော စတုရန်းပေ ၁၁၁၀၀ ကျယ်ဝန်းသည့် နေအိမ်ကိုလည်း ပိုင်ဆိုင်ထားကြောင်း PropertyShark ၏ မှတ်တမ်းများတွင် ဖော်ပြသည်။

ယခုအရောင်းအဝယ်တွင် မည်သည့်အိမ်ခြံမြေကုမ္ပဏီများဖြင့် ဆောင်ရွက်ခဲ့သည်ကိုမူ မသိရချေ။၁၉၄၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး စံအိမ်တည်ရှိရာ ခြံဝန်းသည် အဆိုပါဒေသတွင် ပုံမှန်ထက် ပိုမိုကျယ်ဝန်းသည့် ခြံဝန်းတစ်ခုဖြစ်ကာ ၂ ဧကကျော် ကျယ်ဝန်းကြောင်း ယခင်က ဈေးကွက်တင်ခဲ့ဖူးသည့် မှတ်တမ်းများတွင် ဖော်ပြသည်။

ထုတ်တန်းဖော် မျက်နှာကြက်များ၊ အုတ်ကြွပ်ခင်း ကြမ်းပြင်များ၊ ပြည်ပမှ မှာယူတင်သွင်းသော ကျောက်တုံးမီးလင်းဖိုနေရာများနှင့် ရုပ်ရှင်ခန်းတစ်ခုတို့ ပါဝင်ကြောင်း ယခင်ဈေးကွက်တင်ခဲ့သည့် လော့စ်အိန်ဂျလိတိုင်းမ်၏ မှတ်တမ်းတွင် ဖော်ပြသည်။ ကောင်းကင်ဓာတ်ပုံများအရ ကွေ့ပတ်လာသော ယာဉ်မောင်းလမ်းသည် ကားကွင်းတစ်ခုသို့ ဦးတည်ထားပြီး စိမ်းလန်းစိုပြေသော မြက်ခင်းများ၊ တင်းနစ်ကွင်းတစ်ခုနှင့် ရေကူးကန်တစ်ခုတို့ ပါဝင်ကြောင်း ပြသနေသည်။

ဂျွန်ထရာဗိုလ်တာတို့ ဇနီးမောင်နှံသည် အဆိုပါစံအိမ်ကို ၁၉၉၇ ခုနှစ်တွင် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းဖြင့် ဝယ်ယူပိုင်ဆိုင်ခဲ့ကြခြင်း ဖြစ်သည်။

အသက် ၆၅ နှစ်ရှိပြီဖြစ်သော ဂျွန်ထရာဗိုလ်တာသည် “Saturday Night Fever” နှင့် “Grease” ဇာတ်ကားများဖြင့် နာမည်ကျော်ခဲ့ကာ အမေရိကန်အခပေး ရုပ်သံလိုင်းဖြစ်သော FX မှ တင်ဆင်ပြသနေသည့် “The People v. O. J. Simpson: American Crime Story” တွင်လည်း ပါဝင်သရုပ်ဆောင်နေသည်။

ဝယ်ယူသွားသူ မစ္စတာ ဘရွန်းမှာ အသက် ၃၈ နှစ်သာရှိသေးပြီး တေးဂီတနယ်တွင်လည်း ဝင်ရောက်လုပ်ကိုင်မှုများရှိရာ သူ၏ ဖောက်သည်များတွင် ဂျပ်စတင်ဘီဘာ၊ အေရီယာနာ ဂရန်ဒီနှင့် ကင်ညေးဝက်စ်တို့လည်း ပါဝင်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
The Crest

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service