ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
ကိုရီးယားနိုင္ငံမွ ေခ်းေငြ ျဖင့္ ဝယ္ယူထားေသာရထားတြဲမ်ားမွ အထက္တန္းေလအိတ္ ရထားတြဲ (၁၀)တြဲ ဒုတိယအႀကိမ္ သီလဝါဆိပ္ကမ္းသို႔ ဇန္နဝါရီ ၁၈ ရက္က ေရာက္ရွိေၾကာင္းသိရသည္။
ရထားတြဲ ၁၀ တြဲႏွင့္ အတူအရန္ပစၥည္းမ်ားပါဝင္လာၿပီး သီလဝါဆိပ္ကမ္းရွိ သေဘၤာမွ ခ်ယူကာ လူစီးတြဲႏွင့္ ကုန္တြဲစက္႐ုံ (ျမစ္ငယ္) သို႔ ပို႔ေဆာင္မည္ ျဖစ္ေၾကာင္း သိရသည္။
ပထမအႀကိမ္ ေရာက္ရွိခဲ့သည့္ တြဲမ်ားအား မႏၲေလး- ျမစ္ႀကီးနားရထားလမ္းပိုင္းတြင္ ေျပးဆြဲသြားမည္ျဖစ္ၿပီးလာမည့္မတ္လဆန္းတြင္ စတင္ရန္စီစဥ္ထားေၾကာင္းသိရသည္။
ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနလက္ေအာက္ရွိ ျမန္မာ့မီးရထားလုပ္ငန္းသည္ ကိုရီးယားနိုင္ငံ EXIM Bank ၏ EDCF ေခ်း ေငြ အေမရိကန္ေဒၚလာ ၄၅ သန္းျဖင့္ လူစီးရထားတြဲသစ္ ၁၀၀ အား ဝယ္ယူသြားရန္ စီစဥ္ထားျခင္းျဖစ္ၿပီး ကိုရီးယား Dawonsys ကုမၸဏီႏွင့္ ကန္ထရိုက္စာခ်ဳပ္အား ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာ ၅ ရက္က လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ကိုရီးယားနိုင်ငံမှ ချေးငွေ ဖြင့် ဝယ်ယူထားသောရထားတွဲများမှ အထက်တန်းလေအိတ် ရထားတွဲ (၁၀)တွဲ ဒုတိယအကြိမ် သီလဝါဆိပ်ကမ်းသို့ ဇန်နဝါရီ ၁၈ ရက်က ရောက်ရှိကြောင်းသိရသည်။
ရထားတွဲ ၁၀ တွဲနှင့် အတူအရန်ပစ္စည်းများပါဝင်လာပြီး သီလဝါဆိပ်ကမ်းရှိ သင်္ဘောမှ ချယူကာ လူစီးတွဲနှင့် ကုန်တွဲစက်ရုံ (မြစ်ငယ်) သို့ ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။
ပထမအကြိမ် ရောက်ရှိခဲ့သည့် တွဲများအား မန္တလေး- မြစ်ကြီးနားရထားလမ်းပိုင်းတွင် ပြေးဆွဲသွားမည်ဖြစ်ပြီးလာမည့်မတ်လဆန်းတွင် စတင်ရန်စီစဉ်ထားကြောင်းသိရသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့မီးရထားလုပ်ငန်းသည် ကိုရီးယားနိုင်ငံ EXIM Bank ၏ EDCF ချေး ငွေ အမေရိကန်ဒေါ်လာ ၄၅ သန်းဖြင့် လူစီးရထားတွဲသစ် ၁၀၀ အား ဝယ်ယူသွားရန် စီစဉ်ထားခြင်းဖြစ်ပြီး ကိုရီးယား Dawonsys ကုမ္ပဏီနှင့် ကန်ထရိုက်စာချုပ်အား ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၅ ရက်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com