ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
မိုးပ်ံလမ္းစီမံကိန္းကုိ ၂၀၂၀ ဇူလိုင္လကုန္တြင္ စတင္တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရး၀န္ႀကီးဌာန မွသိရသည္။
“ စတင္တာကိုေတာ့ ဇူလိုင္လကုန္မွစလုပ္သြားမယ္။ လမ္းစီမံကိန္းမွာပါ၀င္တဲ့ လမ္းမႀကီးေတြကုိ မူလလမ္းအက်ယ္အတိုင္း တိုးခ်ဲ့မယ္။ အဲ့ဒီမွာလိုအပ္မဲ့လမ္းအက်ယ္ရေအာင္အဖီတခ်ိဳ႕ဖ်က္တာမ်ိဳးေတြ၊ ေရ၊ မီး ပုိက္လိုင္းေတြျပန္ေရြ့တာမ်ိဳးလုပ္သြားမယ္။စေဆာက္တာကုိေတာ့ေဒါပံုတံတားနားက စတင္သြားမယ္”ဟု ေဆာက္လုပ္ေရး၀န္ႀကီးဌာန၊ တံတားဦးစီးဌာန ဒုတိယညြန္ၾကားေရးမွဳး ဦးၾကည္ေဇာ္ျမင့္ကေျပာသည္။
အဆိုပါမိုးပ်ံတံတားစီမံကိန္းကုိ လက္ရွိတြင္ ေဆာက္လုပ္မည့္လုပ္ငန္း ၁၀ ခုေရြးခ်ယ္ထားျပီးလာမည့္ မတ္လတြင္စီမံကိန္းရင္းနွီးျမွဳပ္နွံမွဳအဆိုျပဳလႊာတင္ျပရမည္ျဖစ္ျပီး ဧျပီလတြင္ေဆာက္လုပ္ခြင့္ရရွိသည့္ ကုမၸဏီကုိ ထုတ္ျပန္၍ ဇူလိုင္လကုန္တြင္ စတင္ေဆာက္လုပ္ခြင့္ျပဳသြားမည္ျဖစ္သည္။
လုပ္ငန္းစတင္မွဳအေနျဖင့္ မိုးပ်ံလမ္းစီမံကိန္းတြင္ ပါ၀င္သည့္လမ္းမမ်ားကုိ သတ္မွတ္မူလအက်ယ္အတိုင္း ရရွိေစရန္ လမ္းခ်ဲ႕ျခင္းလုပ္ငန္း၊ ေရမီးပုိက္လိုင္းမ်ားေျပာင္းေရြ့ျခင္းလုပ္ငန္းမ်ားကုိေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ယင္း၀န္ႀကီးဌာနမွ သိရသည္။
အဆိုပါစီမံကိန္းကုိ ေဒါပံုတံတားမွစတင္၍အထက္ပုဇြန္ေတာင္လမ္း သု၀ဏၰအားကစား၀င္း၊ ေ၀ဇႏၱာလမ္း၊ သုဓမၼာလမ္း၊ ေအာင္မဂၤလာအေ၀းေျပး၊ ခေရပင္လမ္းခြဲမွ ေအာက္မဂၤလာဒံုလမ္းအတိုင္း ၄၇ ဒသမ ၅ ကီလိုမီတာတည္ေဆာက္သြားမည္ျဖစ္ျပီး ၄၂ လခန္႕ၾကာျမင့္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါလမ္းတည္ေဆာက္ေရးအတြက္ စီမံကိန္းပါ၀င္သည့္ လမ္းမမ်ားေပၚတြင္ လမ္းအက်ယ္ ၁၅ ေပခန္႔အသံုးျပဳသြားမည္ျဖစ္ျပီး အလယ္တိုင္မ်ားကုိ ၁၀ ေက်ာ္တြင္ တည္ေဆာက္သြားမည္၍ ေလးလမ္းသြားတည္ ေဆာက္သြားမည္ျဖစ္သည္။
စီမံကိန္းနွင္ပတ္သတ္၍ မလြတ္ကင္းသည့္ေနရာမ်ားနွင့္ ျခံ၀န္းမ်ားကုိ၀န္ႀကီးဌာနဘက္မွ ညွိနွိဳင္းမွဳမ်ားျပဳလုပ္ သြားမည္ျဖစ္ျပီးအတက္နိုင္ဆံုးထိခိုက္ဆံုးရွံဳးမႈအနည္းဆံုးျဖစ္ေပၚေစရန္တည္ေဆာက္သြားမည္ဟု သိရသည္။
ယင္းစီမံကိန္းအေသးစိတ္အခ်က္အလက္မ်ားနွင့္ပတ္သတ္ျပီးလႊတ္ေတာ္ကုိယ္စားလွယ္မ်ားကို အေသးစိတ္ရွင္းလင္းမွဳမ်ား ယခုလ ၁၈ ရက္ေန႕က ေဆာင္ရြက္ခဲ့ျပီး ေဆာက္လုပ္ေရး၀န္ႀကီးဌာနဘက္မွ ၂၀၂၀ ဇူလိုင္လကုန္တြင္တည္ေဆာက္မည္ဟု အတည္ျပဳထုတ္ျပန္ခဲ့ေၾကာင္း ေဆာက္လုပ္ေရး၀န္ႀကီးဌာနမွ သိရသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
မိုးပျံလမ်းစီမံကိန်းကို ၂၀၂၀ ဇူလိုင်လကုန်တွင် စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မှသိရသည်။
“ စတင်တာကိုတော့ ဇူလိုင်လကုန်မှစလုပ်သွားမယ်။ လမ်းစီမံကိန်းမှာပါဝင်တဲ့ လမ်းမကြီးတွေကို မူလလမ်းအကျယ်အတိုင်း တိုးချဲ့မယ်။ အဲ့ဒီမှာလိုအပ်မဲ့ လမ်းအကျယ်ရအောင်အဖီတချို့ဖျက်တာမျိုးတွေ၊ ရေ၊ မီး ပိုက်လိုင်းတွေပြန်ရွေ့တာမျိုးလုပ်သွားမယ်။စဆောက်တာကိုတော့ ဒေါပုံတံတားနားက စတင်သွားမယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန ဒုတိယညွန်ကြားရေးမှုး ဦးကြည်ဇော်မြင့်ကပြောသည်။
အဆိုပါမိုးပျံတံတားစီမံကိန်းကို လက်ရှိတွင် ဆောက်လုပ်မည့်လုပ်ငန်း ၁၀ ခုရွေးချယ်ထားပြီးလာမည့် မတ်လတွင်စီမံကိန်းရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာတင်ပြရမည်ဖြစ်ပြီး ဧပြီလတွင်ဆောက်လုပ်ခွင့်ရရှိသည့် ကုမ္ပဏီကို ထုတ်ပြန်၍ ဇူလိုင်လကုန်တွင် စတင်ဆောက်လုပ်ခွင့်ပြုသွားမည်ဖြစ်သည်။
လုပ်ငန်းစတင်မှုအနေဖြင့် မိုးပျံလမ်းစီမံကိန်းတွင် ပါဝင်သည့် လမ်းမများကို သတ်မှတ်မူလအကျယ်အတိုင်း ရရှိစေရန် လမ်းချဲ့ခြင်းလုပ်ငန်း၊ ရေမီးပိုက်လိုင်းများပြောင်းရွေ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနမှ သိရသည်။
အဆိုပါစီမံကိန်းကို ဒေါပုံတံတားမှစတင်၍အထက်ပုဇွန်တောင်လမ်း သုဝဏ္ဏအားကစားဝင်း၊ ဝေဇန္တာလမ်း၊ သုဓမ္မာလမ်း၊ အောင်မင်္ဂလာအဝေးပြေး၊ ခရေပင်လမ်းခွဲမှ အောက်မင်္ဂလာဒုံလမ်းအတိုင်း ၄၇ ဒသမ ၅ ကီလိုမီတာ တည်ဆောက်သွားမည်ဖြစ်ပြီး ၄၂ လခန့်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းတည်ဆောက်ရေးအတွက် စီမံကိန်းပါဝင်သည့် လမ်းမများပေါ်တွင် လမ်းအကျယ် ၁၅ ပေခန့်အသုံးပြုသွားမည်ဖြစ်ပြီး အလယ်တိုင်များကို ၁၀ ကျော်တွင် တည်ဆောက်သွားမည်၍ လေးလမ်းသွားတည် ဆောက်သွားမည်ဖြစ်သည်။
စီမံကိန်းနှင်ပတ်သတ်၍ မလွတ်ကင်းသည့်နေရာများနှင့် ခြံဝန်းများကို ဝန်ကြီးဌာနဘက်မှ ညှိနှိုင်းမှုများပြုလုပ် သွားမည်ဖြစ်ပြီး အတက်နိုင်ဆုံးထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်ပေါ်စေရန် တည်ဆောက်သွားမည်ဟု သိရသည်။
ယင်းစီမံကိန်းအသေးစိတ်အချက်အလက်များနှင့်ပတ်သတ်ပြီး လွှတ်တော်ကိုယ်စားလှယ်များကို အသေးစိတ်ရှင်းလင်းမှုများ ယခုလ ၁၈ ရက်နေ့က ဆောင်ရွက်ခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနဘက်မှ ၂၀၂၀ ဇူလိုင်လကုန်တွင်တည်ဆောက်မည်ဟု အတည်ပြုထုတ်ပြန်ခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com