ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
### Unicode Version ###
ဇန်နဝါရီ ၁၈ ရက်က ဂျပန်နိုင်ငံထုတ် Topcon အမှတ်တံဆိပ်အဆင့်မြင့်မြေတိုင်းပစ္စည်း နည်းပညာသစ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ Lotte Hotel ၌ ပြုလုပ်ခဲ့သည်။
Concordia Int Co.,Ltd မန်နေဂျာ ဦးစိုးဝင်းညွန့်က နိုင်ငံတကာတွင်လည်း အရည်အသွေးပြည့် Product တွေ သုံးစွဲနေပြီဖြစ်ကြောင်း၊ အိမ်များ၊အထပ်မြင့် အဆောက်အအုံများ ဆောက်မည်ဆိုလျှင် လက်ရှိနောက်ဆုံးပေါ် နည်းပညာသစ်နှင့် ထုတ်ထားသည့် Hight Quality ပစ္စည်းကိရိယာများနှင့် တိုင်းတာပြီး ဆောက်လုပ်လာကြကြောင်း၊ယခုထုတ်ကုန်များကို ဝယ်ယူသုံးစွဲခြင်းမပြုလိုပါက ငှားရမ်းပေးသည့် ဝန်ဆောင်မှုများရှိကြောင်း၊ အဆင့်မြှင့်ဆောင်ရွက်မှုလုပ်နေသည့် ရန်ကုန်–မန္တလေးရထားလမ်းတွင်လည်း ယခုထုတ်ကုန်ကို သုံးစွဲနေ ကြောင်း ပြောထားသည်။
ယင်းနောက် Topcon Unmanned Aerial Vehicle (UAV), Laser Scanning, Delta Monitoring Solutions နှင့် အခြားအဆင့်မြင့် တိုင်းတာ ပစ္စည်းများ စမ်းသပ်သရုပ်ပြမှုလုပ်ခဲ့သည်။
Topcon အမှတ်တံဆိပ် အဆင့်မြင့်မြေတိုင်းပစ္စည်း နည်းပညာသစ်မိတ်ဆက်ပွဲသို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးများ၊survey ပညာရှင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com