ဆင္ဝင္မ်က္ႏွာၾကက္မ်ားကို အျပာေရာင္သုတ္ရသည့္ ဆန္းၾကယ္ေသာအေၾကာင္းရင္း

ဆင္ဝင္မ်က္ႏွာၾကက္မ်ားကို အျပာေရာင္သုတ္ရသည့္ ဆန္းၾကယ္ေသာအေၾကာင္းရင္း - Property News in Myanmar from iMyanmarHouse.com
21 Jan 2020 12:37 pm တွင် တင်ခဲ့သည်
2234 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အေမရိကန္ျပည္ေထာင္စု၊ ေတာင္ကယ္ရိုလိုင္းနားျပည္နယ္တြင္ Lowcountry အမည္တြင္ေသာ ေဒသကေလးတစ္ခုရွိသည္။

အဆိုပါေဒသသည္ တခ်ိန္က လူမည္းကၽြန္မ်ားျဖင့္ စပါးႏွင့္ မဲနယ္စိုက္ခင္းမ်ား စိုက္ပ်ဳိးခဲ့ရာေဒသအျဖစ္ နာမည္ေက်ာ္ျပီး ယေန႔တြင္ ကမၻာလွည့္ခရီးသည္မ်ား ေလ့လာလည္ပတ္ရာေနရာတစ္ခု ျဖစ္ေနသည္။

ထိုေဒသတခြင္တြင္ ဆင္ဝင္ မ်က္ႏွာၾကက္မ်ားကို အျပာေရာင္သာ ေဆးသုတ္ေလ့ရွိၾကျပီး ေဂ်ာ္ဂ်ီယာေျမာက္ပိုင္းမွသည္ ေတာင္ကယ္ရိုလိုင္းနားမွ ခ်ာလက္စ္တန္အထိ ေတြ႔ရသည္။

ထိုသို႔ အျပာေရာင္ေဆးသုတ္ရျခင္း၏ အေၾကာင္းရင္းမွာ ေဒသတြင္း ရိုးရာဓေလ့ယံုၾကည္မႈတစ္ရပ္အရျဖစ္ျပီး မေကာင္းဆိုးဝါးမ်ားကို မဝင္ေရာက္ႏိုင္ေစရန္ႏွင့္ ႏွိမ္နင္းႏိုင္ရန္ ရည္ရြယ္သည္ဟု ဆိုသည္။

၁၈ ရာစုအတြင္း ဗဟိုႏွင့္ အေနာက္ အာဖရိကမွ ေခၚေဆာင္လာေသာ လူမည္းကၽြန္မ်ားမွ ဆင္းသက္လာသူမ်ားသည္ Lowcountry ဒသ၏ စိုက္ခင္းမ်ားတြင္ အလုပ္လုပ္ခဲ့ၾကရသည္။

အဆိုပါ လူမည္းတို႔က ဂါထာမႏၱာန္မ်ား ရြတ္ျခင္း၊ မေကာင္းဆိုးဝါးႏွင္ျခင္း အစရွိေသာ ၎တို႔၏ဓေလ့ထံုးစံမ်ားကို အေမရိကသို႔ ေရာက္ေသာအခါတြင္လည္း ဆက္လက္က်င့္သံုးေနထုိင္ခဲ့ၾကသည္။

ေတာင္ကယ္ရိုလိုင္းနားေဒသအေျချပဳ လူမည္းတို႔၏ ရိုးရာယံုၾကည္ခ်က္အရ ဟိန္႔ႏွင့္ ဘူးဟက္ဆိုေသာ တေစၦမ်ဳိးမ်ားသည္ ေန႔အခါတြင္ အျခားသာမာန္လူမ်ားအတုိင္း ေနထိုင္ေလ့ရွိျပီး ညအခါတြင္ အေရခြံလဲေလ့ရွိသည္ဟု ဆိုသည္။

အဆိုပါ ဟိန္႔ တေစၦမ်ားကို ကာကြယ္ရန္ နည္းလမ္းအမ်ားအျပားရွိျပီး ဖန္ပုလင္းထဲတြင္ ထည့္ထားႏိုင္သည့္ နည္းလမ္းပင္ရိွသည္ဟု ဆိုသည္။

ဆင္ဝင္မ်က္ႏွာၾကက္မ်ားကို အျပာေရာင္ေဆးသုတ္ထားျခင္းအားျဖင့္လည္း ဟိန္႔တေစၦမ်ားကို လွည့္စားႏိုင္သည္။

တေစၦတို႔သည္ အျပာေရာင္ကို ေတြ႔ျမင္ေသာအခါ ေရျပင္ဟု မွတ္ထင္ၾကျပီး ဝင္ေရာက္မရေသာ၊ ျဖတ္ေက်ာ္မရေသာေနရာဟု ထင္ျမင္သြားျခင္း (သို႔မဟုတ္) မိုးေကာင္းကင္တစ္ခုဟု ယူဆသြားျခင္းမ်ား ျဖစ္ေစရာ တေစၦတို႔၏ ရန္မွ ကင္းေဝးေစသည္ဟု ယံုၾကည္ၾကသည္။

၁၉ ရာစုအတြင္း ဆင္ဝင္မ်က္ႏွာၾကက္မ်ားကို အျပာေရာင္ေဆးသုတ္သည့္ဓေလ့ က်ယ္ျပန္႔လာရာ ေနာက္ပိုင္းတြင္ လူမည္းကၽြန္တို႔၏ ေနအိမ္မ်ားသာမကဘဲ စိုက္ခင္းရွင္မ်ား ၊ Lowcountry ေဒသတခြင္ရွိ အျခားေသာ လူျဖဴတို႔၏ေနအိမ္မ်ားတြင္လည္း အျပာေရာင္ ေဆးသုတ္လာၾကသည္။

ေတာင္ကယ္ရိုလိုင္းနားျပည္နယ္၊ ဘိုးေဖာ့ထ္တြင္ အဆိုပါေဆးေရာင္သုတ္လိမ္းထားသည့္ ေနအိမ္မ်ား မ်ားစြာေတြ႔ရႏိုင္သည္။

ယင္းေဒသသည္ အေမရိကန္ျပည္တြင္းစစ္မတိုင္မီ စစ္ၾကိဳေခတ္က တည္ရွိခဲ့ေသာ စံအိမ္မ်ား မ်ားစြာက်န္ရွိေနေသးသည့္ ေဒသအနည္းငယ္အနက္ တစ္ခုအပါအဝင္လည္း ျဖစ္သည္။

ပံုတြင္ေဖာ္ျပထားသည္မွာ Lowcountry မွ ကေရဗင္လမ္း၊ အမွတ္ ၄၁၁ ရွိ အေဆာက္အအံုျဖစ္ျပီး တေစၦႏွင္သည့္ အျပာေရာင္ ေဆးသုတ္ထားသည္ကို ေတြ႔ရမည္ ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

### Unicode Version ###

အမေရိကန်ပြည်ထောင်စု၊ တောင်ကယ်ရိုလိုင်းနားပြည်နယ်တွင် Lowcountry အမည်တွင်သော ဒေသကလေးတစ်ခုရှိသည်။

အဆိုပါဒေသသည် တချိန်က လူမည်းကျွန်များဖြင့် စပါးနှင့် မဲနယ်စိုက်ခင်းများ စိုက်ပျိုးခဲ့ရာဒေသအဖြစ် နာမည်ကျော်ပြီး ယနေ့တွင် ကမ္ဘာလှည့်ခရီးသည်များ လေ့လာလည်ပတ်ရာနေရာတစ်ခု ဖြစ်နေသည်။

ထိုဒေသတခွင်တွင် ဆင်ဝင် မျက်နှာကြက်များကို အပြာရောင်သာ ဆေးသုတ်လေ့ရှိကြပြီး ဂျော်ဂျီယာမြောက်ပိုင်းမှသည် တောင်ကယ်ရိုလိုင်းနားမှ ချာလက်စ်တန်အထိ တွေ့ရသည်။

ထိုသို့ အပြာရောင်ဆေးသုတ်ရခြင်း၏ အကြောင်းရင်းမှာ ဒေသတွင်း ရိုးရာဓလေ့ယုံကြည်မှုတစ်ရပ်အရဖြစ်ပြီး မကောင်းဆိုးဝါးများကို မဝင်ရောက်နိုင်စေရန်နှင့် နှိမ်နင်းနိုင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

၁၈ ရာစုအတွင်း ဗဟိုနှင့် အနောက် အာဖရိကမှ ခေါ်ဆောင်လာသော လူမည်းကျွန်များမှ ဆင်းသက်လာသူများသည် Lowcountry ဒသ၏ စိုက်ခင်းများတွင် အလုပ်လုပ်ခဲ့ကြရသည်။

အဆိုပါ လူမည်းတို့က ဂါထာမန္တာန်များ ရွတ်ခြင်း၊ မကောင်းဆိုးဝါးနှင်ခြင်း အစရှိသော ၎င်းတို့၏ဓလေ့ထုံးစံများကို အမေရိကသို့ ရောက်သောအခါတွင်လည်း ဆက်လက်ကျင့်သုံးနေထိုင်ခဲ့ကြသည်။

တောင်ကယ်ရိုလိုင်းနားဒေသအခြေပြု လူမည်းတို့၏ ရိုးရာယုံကြည်ချက်အရ ဟိန့်နှင့် ဘူးဟက်ဆိုသော တစ္ဆေမျိုးများသည် နေ့အခါတွင် အခြားသာမာန်လူများအတိုင်း နေထိုင်လေ့ရှိပြီး ညအခါတွင် အရေခွံလဲလေ့ရှိသည်ဟု ဆိုသည်။ အဆိုပါ ဟိန့် တစ္ဆေများကို ကာကွယ်ရန် နည်းလမ်းအများအပြားရှိပြီး ဖန်ပုလင်းထဲတွင် ထည့်ထားနိုင်သည့် နည်းလမ်းပင်ရှိသည်ဟု ဆိုသည်။

ဆင်ဝင်မျက်နှာကြက်များကို အပြာရောင်ဆေးသုတ်ထားခြင်းအားဖြင့်လည်း ဟိန့်တစ္ဆေများကို လှည့်စားနိုင်သည်။

တစ္ဆေတို့သည် အပြာရောင်ကို တွေ့မြင်သောအခါ ရေပြင်ဟု မှတ်ထင်ကြပြီး ဝင်ရောက်မရသော၊ ဖြတ်ကျော်မရသောနေရာဟု ထင်မြင်သွားခြင်း (သို့မဟုတ်) မိုးကောင်းကင်တစ်ခုဟု ယူဆသွားခြင်းများ ဖြစ်စေရာ တစ္ဆေတို့၏ ရန်မှ ကင်းဝေးစေသည်ဟု ယုံကြည်ကြသည်။ ၁၉ ရာစုအတွင်း ဆင်ဝင်မျက်နှာကြက်များကို အပြာရောင်ဆေးသုတ်သည့်ဓလေ့ ကျယ်ပြန့်လာရာ နောက်ပိုင်းတွင် လူမည်းကျွန်တို့၏ နေအိမ်များသာမကဘဲ စိုက်ခင်းရှင်များ ၊ Lowcountry ဒေသတခွင်ရှိ အခြားသော လူဖြူတို့၏နေအိမ်များတွင်လည်း အပြာရောင် ဆေးသုတ်လာကြသည်။

တောင်ကယ်ရိုလိုင်းနားပြည်နယ်၊ ဘိုးဖော့ထ်တွင် အဆိုပါဆေးရောင်သုတ်လိမ်းထားသည့် နေအိမ်များ များစွာတွေ့ရနိုင်သည်။

ယင်းဒေသသည် အမေရိကန်ပြည်တွင်းစစ်မတိုင်မီ စစ်ကြိုခေတ်က တည်ရှိခဲ့သော စံအိမ်များ များစွာကျန်ရှိနေသေးသည့် ဒေသအနည်းငယ်အနက် တစ်ခုအပါအဝင်လည်း ဖြစ်သည်။

ပုံတွင်ဖော်ပြထားသည်မှာ Lowcountry မှ ကရေဗင်လမ်း၊ အမှတ် ၄၁၁ ရှိ အဆောက်အအုံဖြစ်ပြီး တစ္ဆေနှင်သည့် အပြာရောင် ဆေးသုတ်ထားသည်ကို တွေ့ရမည် ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service