ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
Skywalk ေစ်း မီးေလာင္မႈကို အင္ဂ်င္နီယာအဖြဲ႕ေပါင္းစုံပါသည့္ အေဆာက္အအုံ ထိခိုက္ပ်က္စီးမႈႏွင့္ ခိုင္ခန္႔မႈစစ္ေဆးေရးအဖြဲ႕၏ ပဏာမတင္ျပခ်က္အရ အားနည္းသြားသည့္ ေနရာအခ်ိဳ႕ကိုသာ အႀကီးစားျပင္ဆင္မည္ျဖစ္ေၾကာင္းမႏၱေလးၿမိဳ့ေတာ္ဝန္ ဦးရဲလြင္၏ ေဖ့စ္ဘြတ္မွသိရသည္။
Skywalk အေဆာက္အအုံက ႀကံ့ခိုင္မႈေကာင္းသည့္အတြက္ အေဆာက္အအုံတစ္ခုလုံးကိုၿဖိဳခ်ဖို႔မလိုေၾကာင္း၊ အႀကီးစားျပင္ဆင္မႈေလာက္ႏွင့္ခိုင္ခန္႔မႈျပန္လည္ရရွိမွာျဖစ္ေၾကာင္း ၿမိဳ့ေတာ္ဝန္ကဆိုထားသည္။
လက္ရွိတြင္ လၽွပ္စစ္ႀကိဳးမ်ားကို ေရေျခာက္သည္အထိအခ်ိန္ပိုင္းတစ္ခုေစာင့္ရမွာျဖစ္ေၾကာင္း၊ ယာယီလၽွပ္စစ္ႀကိဳးမ်ားသြယ္တန္းမႈၿပီးစီးလွ်င္ အခ်ိန္တိုအတြင္း ျပန္လည္ဖြင့္နိုင္မည္ဟုသိရသည္။
ေရစိုပစၥည္းမ်ား သယ္ယူျခင္း၊ပစၥည္းမ်ားေပ်ာက္ရွမႈမရွိေစေရး ၊ေလၽွာက္လမ္းေပၚက်ဴးထားသည့္ ပစၥည္းမ်ားႏွင့္တန္းမ်ားကို ဖယ္ရွားႏိုင္ရန္ ေဆာင္ရြက္ေနေၾကာင္း၊ၾကမ္းျပင္သန္႔ရွင္းေရးႏွင့္အလင္းေရာင္အတြက္ ယာယီလၽွပ္စစ္မီးမ်ားရရွိေအာင္ ေဆာင္ရြက္ေနေၾကာင္းသိရသည္။
မီးေလာင္ပ်က္စီးမႈကို အႀကီးစားျပင္ဆင္မႈလုပ္ေဆာင္ရာတြင္ ေယဘူယ် ခန္႔မွန္းခ်က္အရ ၃ လခန္႔ ၾကာျမင့္မည္ဟုသိရသည္။
ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
Skywalk ဈေး မီးလောင်မှုကို အင်ဂျင်နီယာအဖွဲ့ပေါင်းစုံပါသည့် အဆောက်အအုံ ထိခိုက်ပျက်စီးမှုနှင့် ခိုင်ခန့်မှုစစ်ဆေးရေးအဖွဲ့၏ ပဏာမတင်ပြချက်အရ အားနည်းသွားသည့် နေရာအချို့ကိုသာ အကြီးစားပြင်ဆင်မည်ဖြစ်ကြောင်းမန္တလေးမြို့တော်ဝန် ဦးရဲလွင်၏ ဖေ့စ်ဘွတ်မှသိရသည်။
Skywalk အဆောက်အအုံက ကြံ့ခိုင်မှုကောင်းသည့်အတွက် အဆောက်အအုံတစ်ခုလုံးကိုဖြိုချဖို့မလိုကြောင်း၊ အကြီးစားပြင်ဆင်မှု လောက်နှင့်ခိုင်ခန့်မှုပြန်လည်ရရှိမှာဖြစ်ကြောင်း မြို့တော်ဝန်ကဆိုထားသည်။
လက်ရှိတွင် လျှပ်စစ်ကြိုးများကို ရေခြောက်သည်အထိ အချိန်ပိုင်းတစ်ခုစောင့်ရမှာဖြစ်ကြောင်း၊ ယာယီလျှပ်စစ်ကြိုးများသွယ်တန်းမှုပြီးစီးလျှင် အချိန်တိုအတွင်း ပြန်လည်ဖွင့်နိုင်မည်ဟုသိရသည်။
ရေစိုပစ္စည်းများ သယ်ယူခြင်း၊ပစ္စည်းများပျောက်ရှမှုမရှိစေရေး ၊လျှောက်လမ်းပေါ်ကျူးထားသည့် ပစ္စည်းများနှင့်တန်းများကို ဖယ်ရှားနိုင်ရန် ဆောင်ရွက်နေကြောင်း၊ကြမ်းပြင်သန့်ရှင်းရေးနှင့်အလင်းရောင်အတွက် ယာယီလျှပ်စစ်မီးများရရှိအောင် ဆောင်ရွက်နေကြောင်းသိရသည်။
မီးလောင်ပျက်စီးမှုကို အကြီးစားပြင်ဆင်မှုလုပ်ဆောင်ရာတွင် ယေဘူယျ ခန့်မှန်းချက်အရ ၃ လခန့် ကြာမြင့်မည်ဟုသိရသည်။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com