ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
သတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီသည့္ နိုင္ငံ့ဝန္ထမ္း(အၿငိမ္းစား)မ်ားကို အငွားအိမ္ရာတြင္ ေနရာခ်ထားေပးမည္ျဖစ္ေၾကာင္း ဇန္နဝါရီ ၁၈ ရက္က ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွသိရသည္။
ေနျပည္ေတာ္ေကာင္စီနယ္ေၿမ ၊ ဒကၡိဏသီရိၿမိဳ႕နယ္ ၊ ၿမိဳ႕ပတ္လမ္းႏွင့္ ရတနာမဥၨဴလမ္း အၾကားရွိ ေျမဧရိယာ(၃၂)ဧကေပၚတြင္ (၂၀၁၈-၂၀၁၉)ဘ႑ာေရးႏွစ္ ျပည္ေထာင္စုေငြလုံးေငြရင္း ခြင့္ျပဳရန္ပုံေငြျဖင့္ (၁၂)ခန္းတြဲ (၅)ထပ္ အေဆာက္အဦ(၅)လုံး အခန္းေပါင္း(၃၀၀) တည္ေဆာက္ၿပီးစီးသြားၿပီျဖစ္ေၾကာင္း သိရသည္။
အဆိုပါအိမ္ရာမ်ားတြင္ အငွားခ်ထားေပးႏိုင္ေရးအတြက္ သတ္မွတ္ခ်က္မ်ားကို ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။ အၿငိမ္းစားယူၿပီးသည့္ အမႈထမ္းဝန္ထမ္းမ်ားအနက္ အဆိုပါသတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီသူမ်ားကို အငွားခ်ထားေပးေရး ေဆာင္ရြက္ သြားမည္ ျဖစ္ေၾကာင္းထုတ္ျပန္ထားသည္။
အၿငိမ္းစား အငွားအိမ္ရာaလၽွာက္ထားလိုသူမ်ားသည္ ေလၽွာက္လႊာပုံစံတြင္ ျဖည့္စြက္၍ သက္ဆိုင္ရာဝန္ႀကီးဌာနမွတဆင့္ အျမဲတမ္း အတြင္းဝန္လက္မွတ္ေရးထိုးၿပီး အခန္းေနရာခ်ထားေရးေကာ္မတီ ၊ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ့ၿဖိဳးေရးဦးစီးဌာန ၊ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ၊ ႐ုံးအမွတ္(၄၀) ၊ ေနျပည္ေတာ္သို႔ (၃၁-၁-၂၀၂၀)ရက္ေန႔ ေနာက္ဆုံးထားၿပီး ေပးပို႔ရမည္ ျဖစ္ေၾကာင္းသိရသည္။
ေပးပို႔လာသည့္ အမည္စာရင္းမ်ားကို နိုင္ငံ့ဝန္ထမ္း အငွားအိမ္ရာတည္ေဆာက္ေရးေကာ္မတီထံ တင္ျပအတည္ျပဳခ်က္ရယူၿပီး ေနထိုင္ ခြင့္ရရွိသူမ်ားစာရင္းကို အေၾကာင္းျပန္ၾကားမည္ျဖစ္ေၾကာင္း သိရသည္။
မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များကို အငှားအိမ်ရာတွင် နေရာချထားပေးမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာနမှသိရသည်။
နေပြည်တော်ကောင်စီနယ်မြေ ၊ ဒက္ခိဏသီရိမြို့နယ် ၊ မြို့ပတ်လမ်းနှင့် ရတနာမဉ္ဇူလမ်း အကြားရှိ မြေဧရိယာ(၃၂)ဧကပေါ်တွင် (၂၀၁၈-၂၀၁၉)ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် (၁၂)ခန်းတွဲ (၅)ထပ် အဆောက်အဦ(၅)လုံး အခန်းပေါင်း(၃၀၀) တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါအိမ်ရာများတွင် အငှားချထားပေးနိုင်ရေးအတွက် သတ်မှတ်ချက်များကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ အငြိမ်းစားယူပြီးသည့် အမှုထမ်းဝန်ထမ်းများအနက် အဆိုပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများကို အငှားချထားပေးရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်းထုတ်ပြန်ထားသည်။
အငြိမ်းစား အငှားအိမ်ရာaလျှာက်ထားလိုသူများသည် လျှောက်လွှာပုံစံတွင် ဖြည့်စွက်၍ သက်ဆိုင်ရာဝန်ကြီးဌာနမှတဆင့် အမြဲတမ်း အတွင်းဝန်လက်မှတ်ရေးထိုးပြီး အခန်းနေရာချထားရေးကော်မတီ ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ရုံးအမှတ်(၄၀) ၊ နေပြည်တော်သို့ (၃၁-၁-၂၀၂၀)ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ရမည် ဖြစ်ကြောင်းသိရသည်။
ပေးပို့လာသည့် အမည်စာရင်းများကို နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတည်ဆောက်ရေးကော်မတီထံ တင်ပြအတည်ပြုချက်ရယူပြီး နေထိုင် ခွင့်ရရှိသူများစာရင်းကို အကြောင်းပြန်ကြားမည်ဖြစ်ကြောင်း သိရသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com