ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
### Unicode Version ###
မန္တလေး-ပုဂံ ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှု လေ့လာရေးစစ်တမ်းကောက်ယူမှုများကို ၂၀၂၀ ခုနှစ်အတွင်း လုပ်ဆောင်သွားမည်ဟု မြန်မာ့မီးရထားမှသိရသည်။
" မန္တလေး- ပုဂံလမ်းက ရှိပြီးသားကို အဆင့်မြှင့်တင်ဖို့အတွက် ဖြစ်နိုင်စွမ်းရှိ မရှိ survey ကောက်မှာ အချက်အလက်စုဆောင်းပြီးတော့ စိစစ်မှာ။ဘယ်အပိုင်းကနေစလုပ်မယ်ဆိုတာကတော့ မပြောနိုင်သေးဘူး။ အခုကတော့ လက်မှတ်ထိုးပြီးတစ်နှစ်အတွင်း ဖြစ်တန်စွမ်းအစီရင်ခံစာ တင်နိုင်အောင် လုပ်သွားမယ်"ဟု မြန်မာ့မီးရထားမှအထွေထွေမန်နေဂျာဦးအောင်ဝင်းကပြောသည်။
အဆိုပါ မန္တလေး-ပုဂံ ရထားလမ်းစီမံကိန်းဖြစ်နိုင်ခြေလေ့လာမှုနားလည်မှုစာချွန်လွှာကို ဝန်ကြီးဌာနဘက်မှ ပြန်လည်လုပ်ဆောင်မှုများပြုလုပ်သွားမည်ဖြစ်သည်။
လက်ရှိတွင် မန္တလေး- ပုဂံရထားလမ်းကပိုင်းမှာ ပြေးဆွဲလျက်ရှိပြီး တရုတ်အစိုးရဘက်မှ ခရီးသွားလုပ်ငန်းများအတွက် အဆင့်မြင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်။
မြန်မာ-တရုတ် နှစ်နိုင်ငံအကြားနားလည်မှုစာချွန်လွှာ စာချုပ် ၃၃ ခုတွင် ရထားလမ်းပိုင်းနှင့်ပတ်သတ်၍ မူဆယ်-မန္တလေးရထားလမ်းပိုင်းနှင့် မန္တလေး-ပုဂံ ရထားလမ်းပိုင်းအဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ရန်ဖြစ်နိုင်ခြေ လေ့လာမှုအစီရင်ခံစာလွှဲပြောင်းခြင်း လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com