ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
တိုင္းအစိုးရစီမံခန႔္ခြဲခြင့္ရွိေသာ ေျမကြက္ ၁၉ ကြက္ကို က်ပ္ ဘီလီယံ ၂၀ေက်ာ္ျဖင့္ေရာင္းခ်မည္ဟု ရန္ကုန္တိုင္းအစိုးရအဖြဲ႕၊ေျမစီမံခန႔္ခြဲမူေကာ္မတီက ထုတ္ျပန္လိုက္သည္။
တိုင္းေဒသႀကီးအတြင္းရွိ ေျမမ်ားကို စီးပြားေရး/ စက္မႈလုပ္ငန္း လုပ္ကိုင္ရန္ ႏွင့္ လူေနထိုင္ရန္ ေျမအသုံးျပဳခြင့္အားသတ္မွတ္စည္ပင္စရိတ္ ေပးသြင္း၍ ဝယ္ယူႏိုင္ေၾကာင္း ေၾကာ္ျငာၿပီးေနာက္ အစိုးရကယခုဝယ္ယူခြင့္ရွိသူမ်ားကို ထုတ္ျပန္လိုက္ျခင္းျဖစ္သည္။
ေျမကြက္ ၁၉ ကြက္အတြက္ ဝယ္ယူခြင့္ရွိသူမ်ားႏွင့္ေဈးႏႈန္းမ်ားကို တိုင္းအစိုးရက ထုတ္ျပန္လိုက္ျခင္းျဖစ္သည္။ ဒဂုံၿမိဳ႕သစ္ဆိပ္ကမ္းၿမိဳ႕နယ္ရွိ ေျမ ၆ ဧက ေက်ာ္ရွိသည့္ ေျမကြက္သည့္ က်ပ္သိန္း ၂၁၀၀၀ ျဖင့္ ေဈးအျမင့္ဆုံးေျမကြက္အျဖစ္ပါဝင္သည္။ ဒဂုံေတာင္ၿမိဳ႕နယ္တြင္ ၂ ဧက အကြက္သည္ က်ပ္သိန္း ၁၀၀၀ ျဖင့္အနည္းဆုံးျဖစ္သည္။
ထိုသို႔ဝယ္ယူခြင့္ရရန္ ေလွ်ာက္လႊာေပါင္း ၁၂၀၀၀ေက်ာ္ကို စိစစ္ခဲ့ၿပီး အဆိုပါ ၁၉ ဦးကို ေ႐ႊးခ်ယ္ျခင္းျဖစ္သည္ဟုဆိုသည္။ ေျမကြက္ဝယ္ယူခြင့္ရသူမ်ားသည္ ဇန္နဝါရီ ၁၇ ရက္မွ စတင္ၿပီး ၂ လအတြင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီသို႔ ေငြသြင္း၍ ဝယ္ယူႏိုင္သည္ဟုဆိုသည္။
ရန္ကုန္တိုင္းအစိုးရအဖြဲ႕သည္ ၄င္းတို႔ စီမံခန္႔ခြဲမႈေအာက္မွာရွိသည့္ ေျမကြက္ေပါင္း ၅၃ဝ ေက်ာ္ကို ေရာင္းခ်ရန္ ၂၀၁၉ ႏိုဝင္ဘာလ ၇ ရက္တြင္ ေလွ်ာက္လႊာမ်ားေရာင္းခ်ခဲ့သည္။
စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
တိုင်းအစိုးရစီမံခန့်ခွဲခွင့်ရှိသော မြေကွက် ၁၉ ကွက်ကို ကျပ် ဘီလီယံ ၂၀ကျော်ဖြင့်ရောင်းချမည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့၊မြေစီမံခန့်ခွဲမူကော်မတီက ထုတ်ပြန်လိုက်သည်။
တိုင်းဒေသကြီးအတွင်းရှိ မြေများကို စီးပွားရေး/ စက်မှုလုပ်ငန်း လုပ်ကိုင်ရန် နှင့် လူနေထိုင်ရန် မြေအသုံးပြုခွင့်အားသတ်မှတ်စည်ပင်စရိတ် ပေးသွင်း၍ ဝယ်ယူနိုင်ကြောင်း ကြော်ငြာပြီးနောက် အစိုးရက ယခုဝယ်ယူခွင့်ရှိသူများကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
မြေကွက် ၁၉ ကွက်အတွက် ဝယ်ယူခွင့်ရှိသူများနှင့်ဈေးနှုန်းများကို တိုင်းအစိုးရက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ မြေ ၆ ဧက ကျော်ရှိသည့် မြေကွက်သည့် ကျပ်သိန်း ၂၁၀၀၀ ဖြင့် ဈေးအမြင့်ဆုံးမြေကွက်အဖြစ်ပါဝင်သည်။ ဒဂုံတောင်မြို့နယ်တွင် ၂ ဧက အကွက်သည် ကျပ်သိန်း ၁၀၀၀ ဖြင့်အနည်းဆုံးဖြစ်သည်။
ထိုသို့ဝယ်ယူခွင့်ရရန် လျှောက်လွှာပေါင်း ၁၂၀၀၀ကျော်ကို စိစစ်ခဲ့ပြီး အဆိုပါ ၁၉ ဦးကို ရွှေးချယ်ခြင်းဖြစ်သည်ဟုဆိုသည်။ မြေကွက်ဝယ်ယူခွင့်ရသူများသည် ဇန်နဝါရီ ၁၇ ရက်မှ စတင်ပြီး ၂ လအတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ ငွေသွင်း၍ ဝယ်ယူနိုင်သည်ဟုဆိုသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့သည် ၎င်းတို့ စီမံခန့်ခွဲမှုအောက်မှာရှိသည့် မြေကွက်ပေါင်း ၅၃ဝ ကျော်ကို ရောင်းချရန် ၂၀၁၉ နိုဝင်ဘာလ ၇ ရက်တွင် လျှောက်လွှာများရောင်းချခဲ့သည်။
စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com