ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
### Unicode Version ###
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းစက်မှုဇုန် အကောင်အထည်ဖော်ဆောင်ရန် တင်ဒါလျှောက်ထားသည့်ကုမ္ပဏီရှိကြောင်း သိရသည်။
အဆိုပါကုမ္ပဏီမှာ တရုတ်အစိုးရနှင့် သဘောတူညီမှုရရှိထားသည့် ဖွံ့ဖြိုးမြန်မာစွမ်းအား ရင်းနှီးမြှုပ်နှံမှုနှင့် တိုးတက်ရေး ကုမ္ပဏီလီမိတက်ဖြစ်ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရထံ လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပုဏ္ဏကျွန်းစက်မှုဇုန်ကို အကောင်အထည်ဖော်ခွင့်ရပါက အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံကျော် စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ဒါလျှောက်ထားသည့် ကုမ္ပဏီအနေဖြင့် စက်မှုဇုန်အကောင်အထည်ဖော်ရာတွင် အထည်ချုပ်စက်ရုံများ၊ရေထွက်ပစ္စည်းစက်ရုံများနှင့် အခြားစက်ရုံများ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com