ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
### Unicode Version ###
Redevelopment plan အရ ဆောင်ရွက်နေသော ပြည်တော်သစ်ပြည်သူ့အငှားအိမ်ရာ ပြန်လည်တည်ဆောက်ရေးသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ် ၊ဆက်သွယ်ရေးနှင့် လမ်းပန်းဝန်ကြီး ဒေါ်နီလာကျော်မှ ဇန်နဝါရီလ ၁၄ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှသိရသည်။
တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ မြိုပြနှင့်အိမ်ရာမှ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးမြင့်နိုင်နှင့် MKT ဆောက်လုပ်ရေးမှ ဦးမျိုး မြင့်တို့က အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးမှသတ်မှတ်ထားသည့်ကာလအတိုင်းပြီးစီးရေး လမ်းညွှန်မှာကြားပြီး ရေ မီးဆိုင်ရာလိုအပ်ချက်များကို ပေါင်းစပ်ညှိုနှိုင်းပေးခဲ့ကြောင်း၊တည်ဆောက်ရေးလုပ်ငန်းသို့ မြို့ပြအိမ်ရာ ရန်ကုန်တိုင်းညွှန်ကြားရေးမှုး ဦးယုခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများတက်ရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အိမ်ရာသည် ၁၉၅၅ ခုနှစ်က ဆောက်လုပ်ခဲ့ပြီး ပျက်စီးယိုယွင်းမှုများကြောင့် အသစ်ပြန်လည်ဆောက်လုပ်ခြင်းဖြစ်ရာ ပြီးစီးပါက မူလ အိမ်ငှားနေထိုင်သူများကို တစ်ခန်းအကျယ် (၆၅၀) စတုရန်းပေမှစပြီး မူလအခန်းအကျယ်အလိုက်ပြန်လည် ချထားပေးသွားမည် ဖြစ်ပါသည်။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com