ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
### Unicode Version ###
ဇန်နဝါရီလ ၁၆ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများ စီမံခန့်ခွဲမှုကော်မတီမှတိုင်းဒေသကြီးအတွင်း ရှိ မြေများကို စီးပွားရေး/စက်မှုလုပ်ငန်း လုပ်ကိုင်ရန်အတွက်လည်းကောင်း၊ လူနေထိုင်ရန်အတွက်လည်းကောင်း၊ မြေအသုံးပြုခွင့်အား သတ်မှတ် စည်ပင်စရိတ် ပေးသွင်း၍ လျှောက်လွှာပုံစံများကို ဝယ်ယူနိုင်ရန်အတွက် သတင်းစာထဲတွင် ထည့်သွင်းကြော်ငြာပြီး ၇-၁၀-၂၀၁၉ ရက်နေ့မှ ၈-၁၁-၂၀၁၉ ရက်နေ့အထိ မြေအသုံးပြုခွင့်လျှောက်လွှာပုံစံ ပူးတွဲပါသိရှိလိုက်နာရမည့် စည်းကမ်းချက်များအား ရောင်း ချပေးခဲ့ပါသည်။
လျှောက်လွှာပြန်လည်တင်သွင်းသည့် စောင်ရေ (၁၂၁၇၅)ကို လျှောက်လွှာအင်္ဂါရပ် စည်းကမ်းချက် စုံ/မစုံ စိစစ်ဆောင်ရွက်ခဲ့ရာ တင်ဒါ အောင်စာရင်းမှာ ပူးတွဲဖော်ပြထားပြီး၊အဆိုပါဝယ်ယူခွင့်ရရှိသူများအနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ (၁၇-၁-၂၀၂၀) ရက်နေ့မှ စတင် ဆက်သွယ်ပြီး (၂) လအတွင်း ငွေပေးသွင်း ဝယ်ယူနိုင်ပါကြောင်း အသိပေးကြေညာချက်ထုတ်ပြန်ထားသည်။
ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com