ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
### Unicode Version ###
မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖြစ်သည့် ကျပ်သိန်း ၇၀၀၀ နီးပါးတန်ဖိုးရှိ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းနှစ်ခုကို ၁/၂၀၂၀ အစည်းအဝေးဆုံးဖြတ်ချက်အရ အတည်ပြုခဲ့သည်။
ယင်းလုပ်ငန်းများမှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အနောက်ရပ်ကွက်၊ အောင်နန်းရိပ်သာ၊ ၃၄ လမ်းနှင့် ၃၅လမ်း၊ ၈၄ လမ်း၊ အမှတ် ၅၅၁ တွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု အဖြစ် ကျပ် ၅ ဒသမ ၃ ဘီလီယံကျော်ဖြင့် လက်ကီးအင်တာနေရှင်နယ်ကုမဏီလီမိတက်က ဆောက်လုပ်အကောင်ထည်ဖော်သွားမည်ဖြစ်သည်။
ထို့အပြင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး ၆၊ ကွင်းပြင် ၃၊ အကွက်အမှတ် ၁၅၅၊ ၂၂၄ က ၊ ဦးပိုင်အမှတ် ၈၆-က တွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအဖြစ် ကျပ် ၁ ဒသမ ၆ ဘီလီယံဖြင့် အောင်သိဒ္ဒိဝင်းကုမ္မဏီလီမိတက်က ဆောက်လုပ်အကောင်ထည်ဖော်သွားမည်ဖြစ်သည်။
အဆိုပါစီမံကိန်းများမှ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၈၀ ခန့်ရရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံသားနှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၈ ခုမှ စုစုပေါင်း ကျပ်ငွေ ၃၃ ဒသမ ၆ ဘီလီယံကျော် အတည်ပြုပေးခဲ့ကြောင်း ယင်းကော်မတီထံမှသိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com