ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ဟားခါးမြို့ကွက်သစ်စီမံကိန်း မြေကွက်များကို အတန်းအစားသုံးမျိုးခွဲ၍ ရောင်းချပေးမည် ဖြစ်ကြောင်းသိရသည်။
မြေကွက်လျှောက်ထားသူ ၂၀၀၀ ဝန်းကျင်ခန့်ရှိရာ မြေ ၇၁၇ ကွက်ချထားပေးမှာဖြစ်ပြီး ၎င်းတို့အတွက် လမ်းတံတား၊ ရေမီးအစုံရရှိအောင်လုပ်ပေးဖို့ အစီအစဉ်ရှိကြောင်းသိရသည်။
### Unicode Version ###
ဟားခါးမြို့ကွက်သစ်စီမံကိန်း မြေကွက်များကို အတန်းအစားသုံးမျိုးခွဲ၍ ဖြင့်ရောင်းချပေးမည် ဖြစ်ကြောင်းသိရသည်။
အစိုးရသစ်လက်ထက် ဟားခါးမြို့သစ်စီမံကိန်းကို ဖော်ဆောင်ခဲ့ရာ မြေ ၃၇၂ ဧကတွင် အိမ်ရာမြေကွက်ပေါင်း ၇၁၇ ကွက်ကို ပြည်ထောင်စုအစိုးရထံမှ ခွင့်ပြုချက်ရရှိပါက ရောင်းချပေးမည်ဖြစ်ပြီး မြေကွက်ရောင်းချရာတွင် အတန်းအစားသုံးမျိုးခွဲ၍ ဖြင့်ရောင်းချပေးမည် ဖြစ်ကြောင်းသိရသည်။
ရောင်းချရာတွင် ပေ ၁၀ဝ ပတ်လည် ကျပ်သိန်း ၅၀၊ ပေ ၈၀ ပတ်လည် ကျပ် ၃၅ သိန်း၊ ပေ (၆၀×၈၀ ) ကို ကျပ် ၂၅ သိန်း၊ ပေ (၄၀×၆၀) ကို ကျပ် ၁၀ သိန်းဖြင့်လည်းကောင်းရောင်းချမည်ဖြစ်သည်။
အဆိုပါစီမံကိန်းကိုအကောင်အထည်ဖော်ရာတွင် မြေဧရိယာ ၆၇၆ ဧကဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်၌ မြေဧက ၃၇၂ ကွက်ကို မြေကွက်များရိုက်၍ ရောင်းချရန်စီစဉ်လျက်ရှိကြောင်း၊ ကျန်မြေကွက်များဖြစ်သော ၃၀၄ ဧကကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
မြေကွက်လျှောက်ထားသူ ၂၀၀၀ ဝန်းကျင်ခန့်ရှိရာ မြေ ၇၁၇ ကွက်ချထားပေးမှာဖြစ်ပြီး ၎င်းတို့အတွက် လမ်းတံတား၊ ရေမီးအစုံရရှိအောင်လုပ်ပေးဖု့ိ အစီအစဉ်ရှိကြောင်းသိရသည်။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com