ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
### Unicode Version ###
မန္တလေးမြို့ ၂၃ လမ်း ၈၀-၈၁ လမ်းကြားတွင် စတုတ္ထမြောက်အဆင့်မြင့် လမ်းဘေးသန့်စင်ခန်းကို ဖေဖော်ဝါရီလတွင်ဖွင့်လှစ်ရန်ရည်မှန်းထားကြောင်း မန္တလေးမြို့တော်ဝန်ဦးရဲလွင်၏ဖေ့စ်ဘွတ်မှသိရသည်။
ASEAN Public Toilet Standard ပြည့်မီအောင် ဆောင်ရွက်ထားကြောင်း၊မြို့လည်ခေါင်တွင် အရေးပေါ် ဖြစ်လာမည့် ပြည်တွင်းပြည်ပဧည့်သည်များနှင့် မြို့သစ်ဖက်ကလာရောက်သူများအတွက် အထူးသင့်လျော်မှာဖြစ်ကြောင်းသိရသည်။
မန္တလေးမြို့သူမြို့သားတို့၏ ထုံးစံအတိုင်း သန့်စင်ခန်းကို ဟိုတယ်လုပ်ငန်းရှင်များအသင်းက တည်ဆောက်လှူဒါန်းတာဖြစ်ကြောင်း မြို့တော်ဝန်က ညွှန်းဆိုထားသည်။
ကမ်းနားလမ်းရှိ သန့်စင်ခန်းတစ်ခုသာစည်ပင်ဘတ်ဂျက်နှင့် တည်ဆောက်ပေးကြောင်း၊ယခုနှစ်ဘတ်ဂျက်တွင်လည်း အဆင့်မြင့်သန့်စင်ခန်း ၅ ခုကို လူစည်ကားသည့် နေရာများတွင် တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com