ကမၻာေက်ာ္ ရုပ္ရွင္သရုပ္ေဆာင္ ခ်ာလီရွင္း၏ ေလာ့စ္အိန္ဂ်လိစံအိမ္ ေခၚေစ်းမွ ေဒၚလာ ၃ သန္းေက်ာ္ ေစ်းေလွ်ာ့ေပးျပီးေနာက္ ဝယ္လက္ေပၚေပါက္

ကမၻာေက်ာ္ ရုပ္ရွင္သရုပ္ေဆာင္ ခ်ာလီရွင္း၏ ေလာ့စ္အိန္ဂ်လိစံအိမ္ ေခၚေစ်းမွ ေဒၚလာ ၃ သန္းေက်ာ္ ေစ်းေလွ်ာ့ေပးျပီးေနာက္ ဝယ္လက္ေပၚေပါက္ - Property News in Myanmar from iMyanmarHouse.com
14 Jan 2020 1:39 pm တွင် တင်ခဲ့သည်
897 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ကမၻာေက်ာ္ ရုပ္ရွင္သရုပ္ေဆာင္ ခ်ာလီရွင္း အေရာင္းေစ်းကြက္တင္ထားေသာ ေလာ့စ္အိန္ဂ်လိျမိဳ ႔ရွိ စံအိမ္သည္ ေခၚေစ်းမွ ကန္ေဒၚလာ ၃ ဒသမ ၄ သန္း ေစ်းေလွ်ာ့ေပးလိုက္ျပီးေနာက္ ဝယ္လက္ေပၚေပါက္သြားျပီျဖစ္ေၾကာင္း နယူးေယာက္အေျခစိုက္ အိမ္ျခံေျမသတင္း ဝက္ဘ္ဆုိက္တစ္ခုတြင္ ေဖာ္ျပသည္။

ခ်ာလီရွင္း၏ စံအိမ္သည္ ေျမထဲပင္လယ္ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားျခင္းျဖစ္ျပီး အေရာင္းအဝယ္ျဖစ္သြားသည့္ ေစ်းႏႈန္းမွာ ကန္ေဒၚလာ ၆ ဒသမ ၆ သန္း ျဖစ္သည္။

ေလာ့စ္အိန္ဂ်လိျမိဳ ႔၊ ဘီဗာလီေဟးလ္အရပ္တြင္ တည္ရွိေသာ အဆိုပါစံအိမ္ကို ခ်ာလီရွင္းက ယခင္ေစ်းေခၚခဲ့သည္မွာ ကန္ေဒၚလာ ၁၀ သန္းဝန္းက်င္ျဖစ္ရာ ယခုေစ်းႏႈန္းမွာ မူလေခၚေစ်းေအာက္ သံုးပံုတစ္ပံုခန္႔ နည္းပါးေနသည္။

TV ၏ သရုပ္ေဆာင္ေၾကးအျမင့္မားဆံုးမ်ားတြင္ တစ္ဦးျဖစ္ခဲ့သူ ခ်ာလီရွင္း၏ေနအိမ္သည္ စတုရန္းေပ ၉၀၀၀ အက်ယ္အဝန္းရွိျပီး ျခံေနာက္ဘက္ ေရကူးကန္၊ spa ၊ အိမ္တြင္းရုပ္ရွင္ရံုတစ္ခုႏွင့္ ဂိမ္းကစားခန္းတို႔ ပါဝင္ေၾကာင္း ေစ်းကြက္တင္ေပးသည့္ Keller Williams ကုမၸဏီမွ အက်ဳိးေဆာင္ မာ့ခ္ တီယိုရန္က ေျပာၾကားသည္။

စံအိမ္အတြင္း ထူးထူးျခားျခား ပါဝင္မႈမ်ားအနက္ ကိုယ္ပိုင္ဧည့္ခန္းႏွင့္ အရက္ဘားတို႔ ပါဝင္ေသာ master bedroom တစ္ခန္းလည္း အပါအဝင္ ျဖစ္သည္။

အေပၚထပ္ရွိ အားကစားေလ့က်င့္ေရးခန္းမမွာ အိပ္ခန္းတစ္ခန္းအျဖစ္လည္း အသံုးျပဳႏိုင္ျပီး စာအုပ္စင္တစ္ခုေနာက္တြင္ ေလလံုခန္း (humidor) တစ္ခုကို လွ်ိဳ ႔ဝွက္ထားရွိသည္။

ႏွစ္ထပ္အေဆာက္အအံုျဖစ္ျပီး ၁၉၉၂ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ကာ အိပ္ခန္း ၅ ခန္း ပါဝင္သည္။

ဂႏၳဝင္ႏွင့္ ေက်းလက္ဆန္ေသာ ဗိသုကာဟန္တို႔ ေပါင္းစပ္ထားျပီး ေက်ာက္တံုးမီးလင္းဖိုတစ္ခု၊ ထုတ္တန္းေဖာ္ မ်က္ႏွာၾကက္မ်ား၊ ျပင္သစ္မွန္တံခါးမ်ားပါဝင္ကာ အဆုိ္ပါတံခါးမွတဆင့္ လသာေဆာင္မ်ားႏွင့္ ပန္းဥယ်ာဥ္မ်ားသို႔ ေရာက္ရွိႏိုင္သည္။

မစၥတာ ခ်ာလီရွင္းသည္ အသက္ ၅၄ ႏွစ္ရွိျပီျဖစ္ျပီး ယခုစံအိမ္ကို ၂၀၀၆ ခုႏွစ္အတြင္း ကန္ေဒၚလာ ၇ ဒသမ ၂ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

### Unicode Version ###

ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင် ချာလီရှင်း အရောင်းဈေးကွက်တင်ထားသော လော့စ်အိန်ဂျလိမြို့ရှိ စံအိမ်သည် ခေါ်ဈေးမှ ကန်ဒေါ်လာ ၃ ဒသမ ၄ သန်း ဈေးလျှော့ပေးလိုက်ပြီးနောက် ဝယ်လက်ပေါ်ပေါက်သွားပြီဖြစ်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ချာလီရှင်း၏ စံအိမ်သည် မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး အရောင်းအဝယ်ဖြစ်သွားသည့် ဈေးနှုန်းမှာ ကန်ဒေါ်လာ ၆ ဒသမ ၆ သန်း ဖြစ်သည်။

လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်တွင် တည်ရှိသော အဆိုပါစံအိမ်ကို ချာလီရှင်းက ယခင်ဈေးခေါ်ခဲ့သည်မှာ ကန်ဒေါ်လာ ၁၀ သန်းဝန်းကျင်ဖြစ်ရာ ယခုဈေးနှုန်းမှာ မူလခေါ်ဈေးအောက် သုံးပုံတစ်ပုံခန့် နည်းပါးနေသည်။

TV ၏ သရုပ်ဆောင်ကြေးအမြင့်မားဆုံးများတွင် တစ်ဦးဖြစ်ခဲ့သူ ချာလီရှင်း၏နေအိမ်သည် စတုရန်းပေ ၉၀၀၀ အကျယ်အဝန်းရှိပြီး ခြံနောက်ဘက် ရေကူးကန်၊ spa ၊ အိမ်တွင်းရုပ်ရှင်ရုံတစ်ခုနှင့် ဂိမ်းကစားခန်းတို့ ပါဝင်ကြောင်း ဈေးကွက်တင်ပေးသည့် Keller Williams ကုမ္ပဏီမှ အကျိုးဆောင် မာ့ခ် တီယိုရန်က ပြောကြားသည်။

စံအိမ်အတွင်း ထူးထူးခြားခြား ပါဝင်မှုများအနက် ကိုယ်ပိုင်ဧည့်ခန်းနှင့် အရက်ဘားတို့ ပါဝင်သော master bedroom တစ်ခန်းလည်း အပါအဝင် ဖြစ်သည်။

အပေါ်ထပ်ရှိ အားကစားလေ့ကျင့်ရေးခန်းမမှာ အိပ်ခန်းတစ်ခန်းအဖြစ်လည်း အသုံးပြုနိုင်ပြီး စာအုပ်စင်တစ်ခုနောက်တွင် လေလုံခန်း (humidor) တစ်ခုကို လျှို့ဝှက်ထားရှိသည်။

နှစ်ထပ်အဆောက်အအုံဖြစ်ပြီး ၁၉၉၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ အိပ်ခန်း ၅ ခန်း ပါဝင်သည်။

ဂန္ထဝင်နှင့် ကျေးလက်ဆန်သော ဗိသုကာဟန်တို့ ပေါင်းစပ်ထားပြီး ကျောက်တုံးမီးလင်းဖိုတစ်ခု၊ ထုတ်တန်းဖော် မျက်နှာကြက်များ၊ ပြင်သစ်မှန်တံခါးများပါဝင်ကာ အဆိုပါတံခါးမှတဆင့် လသာဆောင်များနှင့် ပန်းဥယျာဉ်များသို့ ရောက်ရှိနိုင်သည်။

မစ္စတာ ချာလီရှင်းသည် အသက် ၅၄ နှစ်ရှိပြီဖြစ်ပြီး ယခုစံအိမ်ကို ၂၀၀၆ ခုနှစ်အတွင်း ကန်ဒေါ်လာ ၇ ဒသမ ၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service